Posts

မြန်မာယူနီကုဒ်စနစ်သို့ ပြောင်းလဲအသုံးပြုသူများအတွက် အလွန်အသုံးဝင်သော mmUniToolkit app

Image
မင်္ဂလာပါ။ ကျွန်တော်အခုတင်သွားပေးမှာက အက်ပ်လေးတစ်ခုအကြောင်းပါ။ အဲဒီအက်ပ်လေးရဲ့နာမည်ကတော့ mmUnicode Toolkit လို့ခေါ်ပါတယ်။ Developer ကတော့ ကိုထွန်းဝင်းလှိုင် ခေါ် ကိုခွန်ထက်နိုင် ( https://www.facebook.com/KHtetzNaing ) ။ သူရေးပေးထားတဲ့ ဒီ mmUnicode Toolkit လေးက ဘာတွေအသုံးဝင်သလဲ၊ ဘယ်လိုအသုံးပြုလို့ရသလဲဆိုတာကို ကျွန်တော်ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီအက်ပ်လေးက ဖုန်းထဲမှာ ဇော်ဂျီဖောင့်အသုံးပြုနေတဲ့သုံးစွဲသူတွေအနေနဲ့ ယူနီကုဒ်စနစ်သုံးမြန်မာစာကို ပြောင်းလဲအသုံးပြုတဲ့နေရာမှာ ပထမဆုံးကြုံရတတ်တဲ့ ဖုန်းထဲမှာ ဇော်ဂျီနဲ့ရေးမှတ်ထားတဲ့ ဖုန်းနံပါတ်အမည်တွေ၊ ဖုန်းရဲ့သိုလှောင်ခန်းထဲမှာ ဖိုင်တွဲနာမည်တွေကို ဇော်ဂျီနဲ့ပေးထားတာတွေ၊ သီချင်းနာမည်တွေကို ဇော်ဂျီနဲ့ရေးထားတာတွေ.. စတဲ့ ပြဿနာအခက်အခဲလေးတွေကို ယူနီကုဒ်စနစ်သုံးမြန်မာစာအဖြစ် ပြောင်းလဲပေးနိုင်တဲ့အက်ပ်လေးတစ်ခုပါ။ ဒီအက်ပ်လေးကို အသုံးပြုပြီးတော့ ဖုန်းထဲမှဘာရှိတဲ့ ဇော်ဂျီဖောင့်နဲ့နာမည်မှတ်ထားတဲ့ ရာချီနေတဲ့ဖုန်းနံပါတ်နာမည်တွေ၊ ရာချီနေတဲ့ သီချင်းနာမည်တွေကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ မြန်မာယူနီကုဒ်စာသားတွေအဖြစ် အချိန်ခဏလေးအတွင်းမှာ ပြောင်းလဲသိမ်းဆည်းပေး

MIUI ပေါ်တွင် Screen Time Feature (ဖုန်းအသုံးပြုမှုကြာချိန်ကို စောင့်ကြည့်ခြင်းလုပ်ဆောင်ချက်)အသစ်ကို မိတ်ဆက်ခြင်း

Image
စမတ်ဖုန်းတွေဟာ မိမိတို့ရဲ့ဘဝတွေကို နည်းလမ်းပေါင်းစုံနဲ့ အထောက်အကူဖြစ်‌နေစေတာကတော့အမှန်ပါပဲ။ ကောင်းကျိုးတွေလည်း ရှိနေတာဖြစ်ပေမယ့် စမတ်ဖုန်းတွေကြောင့်ပဲ ကျွန်တော်တို့ဘဝတွေထဲမှာ ဆိုးကျိုးတွေရှိလာတယ်ဆိုတာကိုလည်း သတိပြုမိလာ‌နေကြပါပြီ။ စမတ်ဖုန်းတွေအပေါ်မှာ စွဲလန်းမှုနဲ့ပက်သတ်ပြီးတော့လည်း အငြင်းပွားစရာတွေလည်း ရှိနေပြီပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း Android Pie (Android 9.0) ကစပြီး စမတ်ဖုန်းအသုံးပြုတဲ့အချိန်တွေကို မှတ်သားထားနိုင်ဖို့အတွက် Google က Digital Wellbeing ဆိုတဲ့လုပ်ဆောင်ချက်တစ်ခုကို မိတ်ဆက်ပေးခဲ့ပြီးတာကို သိကြမယ်ထင်ပါတယ်။ အဲဒီလုပ်ဆောင်ချက်လေးက အခြေခံအားဖြင့်တော့ စမတ်ဖုန်းအသုံးပြုတဲ့အချိန်ကို လျှော့ချချင်တဲ့သူတွေ၊ ကိုယ် တစ်ရက်ကို ဖုန်းနဲ့ပဲ ဘယ်လောက်တောင်အချိန်တွေကုန်ခဲ့မိသလဲဆိုတာကို စောင့်ကြည့်ချင်တဲ့သူတွေအတွက်တော့ တကယ့်ကိုအသုံးဝင်တဲ့ လုပ်ဆောင်ချက်လေးတစ်ခုပါ။ အခုအချိန်မှာတော့ MIUI 9.4.18 စမ်းသပ်ဗားရှင်းနဲ့အတူ Android Pie (Android 9.0) အသုံးပြုထားတဲ့ Xiaomi ဖုန်းတွေအတွက် Digital wellbeing နဲ့ သဘောတရားချင်းတူတဲ့လုပ်ဆောင်ချက်တစ်ခုကို အသစ်ထည့်ပေးလိုက်ပါတယ်။ အဲဒီလုပ်ဆောင်ချက်

MIUI 10 Public Global Beta ROM ထွက်ရှိမယ့်ခန့်မှန်းအချိန်စာရင်း ထွက်ရှိလာ

Image
MIUI 10 အပ်ဒိတ်ကို Mi Fan တွေအားလုံး စောင့်မျှော်နေကြတာကို သိပြီးသားပါ။ ကျွန်တော်တို့ဘက်ကလည်း MIUI 10 ကို  Public Beta ROM အနေနဲ့ ထွက်ပေးဖို့ရက်က နီးကပ်လာနေပြီဆိုတာကို ဝမ်းမြောက်ဝမ်းသာနဲ့ပဲ ပြောပါရစေ။ Mi Fan တော်တော်များများကလည်း သက်ဆိုင်ရာစက်တွေအတွက် ထွက်ရှိမယ့်ရက်အတိအကျကို မေးနေကြတာတွေ့ရပါတယ်။ ကျွန်တော်တို့ဘက်ကလည်း MIUI ကို Develop လုပ်နေတဲ့အဖွဲ့သားတွေနဲ့ ဆက်သွယ်‌ပြောဆိုပြီးတဲ့အခါမှာတော့ MIUI 10 အတွက် Public Beta ROM ထွက်ရှိနိုင်မယ့်ရက်ကို  အောက်မှာပြထားတဲ့အတိုင်း အကြမ်းဖျဉ်းပြောပြပေးနိုင်သွားပါတယ်။ ဒါပေမယ့် တစ်ခုသတိပြုရမှာက အဲ့ဒီရက်တွေဟာ အနီးစပ်ဆုံးခန့်မှန်းတွက်ချက်ထားခြင်းသာဖြစ်တယ်ဆိုတာကိုပါ။ နောက်ဆုံးအတည်ပြုမယ့်ရက်ကိုတော့ Develop လုပ်နေတဲ့အခြေအနေပေါ်မူတည်ပြီးတော့ ချိန်ညှိသွားရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း သိတာနဲ့ ချက်ချင်းအပ်ဒိတ်လုပ်ပြီး တင်သွားပေးမှာပဲဖြစ်ပ့တယ်။ MIUI 10 Global Public Beta ROM Supported Devices: (၁) ပထမအသုတ်မှာတော့ အောက်ပါစက်တွေ ပါဝင်မှာဖြစ်ပြီး ဇူလိုင်လအစောပိုင်း (ပထမအပတ်ထဲ) လောက်မှာ MIUI 10 Global Beta ROM အပ်ဒိတ်ကို ရရှိမှာဖြစ်ပါတယ်။ Mi 6, Mi MIX 2, Mi MIX

MIUI 10 Global Beta ROM ကို အသုံးပြုနိုင်မယ့်စက်များနှင့် ထွက်ရှိမည့်အချိန်စာရင်း

Image
အချိန်အတော်ကြာ စောင့်ခဲ့ရပြီးတဲ့နောက်မှာတော့ မကြာခင်မှာပဲ MIUI 10 ဟာ အသုံးပြုသူတွေလက်ထဲကို ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားနေပြီလား။ MIUI 10 ထွက်ရှိမယ့်ရက်စွဲနဲ့ ဘယ်စက်တွေမှာ အသုံးပြုလို့ရမယ်ဆိုတာကို သိချင်နေကြပြီလား။ MIUI 10 Global Beta ROM ကို စမ်းသပ်အသုံးပြုသူတွေဆီကို ဇွန်လလယ်ကစပြီး ဖြေးဖြေချင်းစီ ထုတ်ပေးသွားမှာဖြစ်ပြီး အသုံးပြုခွင့်ရမယ့် စက်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ Mi MIX 2, Mi 6, Mi 5s Plus, Mi 5s, Mi 5, Mi 4, Mi 3, Mi Note 2, Mi Max 2, Mi Max, Redmi Note 5 India, Redmi Note 5 Pro, Redmi Note 5A, Redmi Note 5A Prime, Redmi Note 4 MTK, Redmi Note 4X, Redmi Note 3 Qualcomm, Redmi 5, Redmi 5A, Redmi 4, Redmi 4A, Redmi 3S, Redmi Y2, Redmi Y1 Lite, Redmi Y1. အသုံးပြုလို့ရမယ့် Device စာရင်းနဲ့ ထွက်ရှိလာမယ့်ရက်စွဲက‌တော့ အနည်းငယ်အပြောင်းအလဲရှိနိုင်တဲ့အတွက်ကြောင့် အချိန်နဲ့တစ်ပြေးညီ ကျွန်တော်တို့ဘက်က Update လုပ်ပေးသွားပါ့မယ်။ မှတ်ချက် ၁။ ROM မတင်ခင်မှာ အရေးကြီးတဲ့ဒေတာတွေကို backup လုပ်ထားပါ။ ၂။ Global ROM စမ်းသပ်အသုံးပြုသူတွေ (Beta Team Members) နဲ့ Moderator တွေအနေန

MANIC KEYBOARD

Image
အခုတလော ယူနီကုဒ်အသုံးပြုသူတွေနဲ့ ဇော်ဂျီဖောင့်အသုံးပြုရာကနေ ယူနီကုဒ်စနစ်ကို ပြောင်းလဲအသုံးပြုကြတဲ့ သုံးစွဲသူတွေကြားမှာ ရေပန်းစားလာတာကတော့ Manic keyboard လို့ခေါ်တဲ့ စာရိုက်လက်ကွက်လေးတစ်ခုပဲ ဖြစ်ပါတယ်။ တီထွင်ဖန်တီးရေးသားထုတ်ဝေသူကတော့ ကိုလွင်မင်းခန့်ပါ။ ကီးဘုတ်ရေးသားဖို့အတွက် လိုအပ်တဲ့ကုဒ်တွေကိုတော့ အခမဲ့ရင်းမြစ်တစ်ခုဖြစ်တဲ့ AnySoft Keyboard ကနေ မှီငြမ်းထားပါတယ်လို့ ပြောပါတယ်။ Manic Keyboard ဟာ တကယ်တော့ သူသူကိုယ်ကိုယ်ကီးဘုတ်တွေလိုမျိုး စာရိုက်ကီးဘုတ်တစ်ခုပါပဲ။ ဒါပေမယ့် ပြည်တွင်း Developer တစ်ယောက်က ရေးသားတာဖြစ်တဲ့အတွက် ပြည်တွင်းကအသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေ၊ တုံ့ပြန်သံတွေကို နားထောင်ပြီး သုံးစွဲသူတွေရဲ့လိုအပ်ချက်နဲ့ အတတ်နိုင်ဆုံး ထပ်တူကျအောင် ဖန်တီးပေးထားတာဖြစ်လို့ စတင်ထုတ်ဝေတဲ့အချိန်ကစပြီး အချိန်တိုအတွင်းမှာ လူသိများလာတာပဲ ဖြစ်ပါတယ်။ နောက်ပြီ သူ့အရင်ထွက်ခဲ့ဖူးသမျှ ကီးဘုတ်တွေရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို နမူနာယူပြီး ရေးသားထားတာဖြစ်လို့ အကောင်းတွေချည်းစုနေတဲ့သဘောမျိုးလည်း ဖြစ်သွားပါတယ်။ ကဲ..... ကီးဘုတ်ကို အမွှန်းတင်နေတာလည်း တော်လောက်ပြီ။ အောက်မှာ သူ့ရဲ့အားသာချက်၊ အားနည်းချက်တွေကို တစ်ခ

မေလ ၃၁ ရက်နေ့မှာ နောက်ထပ် Mi Note စီးရီးတစ်မျိုးကို မိတ်ဆက်ဦးမှာလား

Image
အားလုံးသိထားကြတဲ့အတိုင်း မေလ ၃၁ ရက်နေ့မှာ ရှောင်မီကနေ Highend စမတ်ဖုန်းစီးရီးဖြစ်တဲ့ Mi Series ထဲက Mi 8 ကို စတင်မိတ်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲနီးလာတာနဲ့အမျှ တရုတ်နိုင်ငံထဲမှာလည်း ကောလဟာလတစ်ခု ထပ်ထွက်လာခဲ့ပါတယ်။ ဒီတစ်ခါထွက်လာတဲ့ ကောလဟာလကတော့  Mi Note Series နဲ့ပတ်သက်နေတာပဲ ဖြစ်ပါတယ်။ အောက်ကပုံထဲမှာ တွေ့ရတဲ့အတိုင်း ၃၁ ရက်နေ့မိတ်ဆက်ပွဲအတွက် ဖိတ်ကြားတဲ့ဖိတ်စာထဲက အချက်အလက်တွေဟာ တရုတ်နိုင်ငံရဲ့ နာမည်ကြီးလူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Weibo ထဲမှာ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ အဲဒီတော့ ပုံထဲကအချက်အလက်တွေအတိုင်းသာဆိုရင် နောက်ထပ်ထွက်ရှိလာမယ့် Mi Note Series ရဲ့ Specification တွေဟာ အကြမ်းဖျဉ်းအားဖြင့် အောက်ကအတိုင်းပဲ ဖြစ်လာပါလိမ့်မယ်။ မျက်နှာပြင်အကျယ်က ၅.၉၉ လက်မဖြစ်ပြီး Snapdragon 835 Processor ကို အသုံးပြုထားပါမယ်။ RAM အနေနဲ့ 6 GB ပါဝင်မှာဖြစ်ပြီး Internal Storage အနေနဲ့ 64GB ပါဝင်မှာဖြစ်ပါတယ်။ နောက်ဘက်ကင်မရာမှာတော့ 4-Axis OIS ပါဝင်တဲ့ Dual camera ကို အသုံးပြုထားပါမယ်။ လက်ရှိမှာတော့ ဒီလောက်ပဲ သိထားကြပါသေးတယ်။ ကဲ... အဲဒီတော့ နောက်ထပ်ထွက်လာမယ့် Mi Note series ဟာ Mi Note 4 ပဲဖြစ်မလား၊ တရုတ်နိုင်ငံမှ

Android OS ၏ Firefox browser တွင် MUA Web Unicode Converter Addon ထည့်သွင်းအသုံးပြုခြင်း

Image
မင်္ဂလာပါ ကျွန်တော် အခုပြောပြပေးမှာကတော့ Android OS ပေါ်မှာ Firefox browser သွင်းပြီး ဇော်ဂျီဖောင့်နဲ့ရေးသားထားတဲ့ အင်တာနက်စာမျက်နှာတွေကို မှန်ကန်တဲ့မြန်မာစာနဲ့ ဘယ်လိုဖတ်ရှုရမလဲဆိုတဲ့နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဖုန်းတွေမှာ နိုင်ငံတကာစံနှုန်းဖြစ်တဲ့ ယူနီကုဒ်စနစ်သုံး မြန်မာစာက ပါဝင်ပြီးသားဖြစ်ပေမယ့် ဆယ်စုနှစ်တစ်ခုကြာအောင် အရိုးစွဲနေပြီဖြစ်တဲ့ စံနှုန်းမမီတဲ့ဇော်ဂျီဖောင့်ကိုသာ လူအများစုက အသုံးပြုနေကြတာဖြစ်လို့ သတင်းဌာနတွေနဲ့ နည်းပညာဝက်ဘ်ဆိုက်တွေကလည်း သူတို့ရဲ့ အင်တာနက်စာမျက်နှာတွေမှာ ဇော်ဂျီဖောင့်ကိုသာ၊အသုံးပြုပြီး ရေးသားထားကြတာ များပါတယ်။ အဲဒါကြောင့်မို့လိုလည်း ဖေ့စ်ဘုတ်လိုလူမှုကွန်ယက်တွေမှာ သတင်းဌာနတွေကပေးထားတဲ့ လင့်ခ်တွေထဲဝင်ကြည့်လိုက်ရင် ဖုန်းထဲမှာပါဝင်ပြီးသား ယူနီကုဒ်စနစ်သုံးဖောင့်နဲ့တွေ့တော့ စာတွေက မမှန်ကြတော့တာပါ။ အဲဒီပြဿနာကို အလွယ်တကူ ဖြေရှင်းလို့လည်း ရနိုင်ပါတယ်။ အဲ့လိုဖြေရှင်းတဲ့နေရာမှာလည်း ဖုန်းမှာ Root access ရှိဖို့ မလိုသလို ထူးထူးခြားခြားလည်း လုပ်စရာမလိုပါဘူး။ လုပ်ရတာလည်း လွယ်ပါတယ်။ ပထမဆုံး Firefox browser ကို အောက်မှာပေးထားတဲ့ ပလေးစတိုးလင့်ခ်ကနေ ဒေါင်းလုဒ်ရယူပါ။ ht