မြန်မာနိုင်ငံနှင့် Cloud Storage
Cloud storage ဆိုတာတော့ ကိုယ့်ရဲ့ဖိုင်တွေ cloud ပေါ်မှာသိမ်းထားတာပဲဖြစ်ပါတယ်။ Cloud ဆိုတာ တင်စားခေါ်ဝေါ်တာဖြစ်ပြီး တကယ်တော့တစ်ခြား ကွန်ပြူတာမှာသိမ်းတာပါ။ သာမာန်ကွန်ပြူတာတော့မဟုတ်ပါဘူး။ server computer ဖြစ်ပြီး သာမာန်ထက် spec များစွာမြင့်ပါတယ် 24 နာရီဖွင့်ပြီး အင်တာနက်ချိတ်ဆက်ထားပါတယိ။ server computer တွေစုထားတဲ့နေရာကို data center လို့ခေါ်ပါတယ်။
Cloud Storage အကြောင်းကိုဆက်ရအောင်။ Cloud Storage အနေနဲ့ မြန်မာနိုင်ငံမှာ ခေတ်စားတာကတော့ dropbox, pcloud နဲ့ google drive ပဲဖြစ်ပါတယ်။ server ထဲမှာ cloud storage က storage နဲ့ bandwidth မြင့်မြင့်သုံးတာကြောင့် ပုံမှန်ထက် အကုန်အကျ များပါတယ်။ ဒါကြောင့် unlimited bandwidth, storage ဆိုတဲ့ shared hosting တွေမှာ cloud storage site လုပ်ခွင့်မပြုပါဘူး။
Cloud Storage ကိုဘယ်လိုသုံးမလဲ။ Cloud Storage တွေမှာ personal acc ကို data limit တစ်ခုနဲ့ ပေးပါတယ်။ personal acc ဆိုတဲ့အတိုင်း personal data တွေသိမ်းဖို့ပါ။ ဓာတ်ပုံတွေ၊ ဖိုင်တွေ၊ မျိုးစုံသိမ်းပါတယ်။ device ၁ ခုထက်ပိုသုံးတဲ့အခါ တစ်ခုနဲ့တစ်ခု file တွေကိုပြန်ပြန်ကူးနေစရာမလိုအောင်ပါ။ တစ်နည်းအားဖြင့် sync ဖြစ်တယ်လို့ခေါ်နိုင်ပါတယ်။ ဥပမာ ဓာတ်ပုံတစ်ပုံကို ဖုန်းနဲ့ရိုက်ပြီး ကွန်ပြူတာမှာ lightroom နဲ့ပြင်ချင်ရင် ပြန်ကူးနေစရာမလိုပါဘူး ကွန်ပြူတာဖွင့်လိုက်တာနဲ့ ဓာတ်ပုံကရောက်နေမှာပါ။ business acc ဆိုရင်တော့ပိုက်ဆံပေးရမှာဖြစ်ပြီး ကိုယ့်လုပ်ငန်းအတွင်း file တွေ share ဖို့သုံးကြပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ဈေးကြီးတော့ cloud storage သုံးတဲ့သူရှားပါတယ်။ cloud storage သုံးရင် ကုန်မဲ့ data က size * devices ပါ။ device ၃ ခုရှိရင် တစ်လုံးက upload လုပ်မှာဖြစ်ပြီး ကျန် ၂ လုံးက download လုပ်မှာဖြစ်ပါတယ်။. telenor က ကိုယ်ပိုင် cloud storage ဖြစ်တဲ့ capture ကို data free ပေးပေမဲ့ နောက်ပိုင်း မြန်မာတွေထုံးစံအတိုင်း abused လုပ်တာကြောင့်ကန့်သတ်လိုက်ရပါတယ် (Myanmar 1 - 0 Telenor)။
Cloud Storage ဟာ bandwidth သုံးစွဲမှုများတာကြောင့် ကို အလွဲသုံးစားလုပ်တာနဲ့ ပိတ်ပြစ်တာများပါတယ်။ dropbox မှာဆို download လုပ်တဲ့သူများတာနဲ့ 403 ဖြစ်သွားတယ်။ pCloud မှာတော့ download များလာရင် acc ရှိမှ ကိုယ့် cloud ထဲကူးထည့်ပြီး download ဆွဲလို့ရပါတယ်။ အခု growth hack လုပ်တဲ့ကာလကျော်သွားတော့ ပိုက်ဆံပေးမှ download လို့ရတာဖြစ်သွားပါတယ်။
cloud storage မှာ အနည်းဆုံး ကိုယ့် document လေးတွေသိမ်းပြီး sync ဖြစ်တဲ့အရသာခံစားကြည့်ပါ။ ဒါဆိုရင် cloud storage ရဲ့ အသုံးဝင်ပုံကိုသိပါလိမ့်မယ်။ cloud storage မှာ pirated video တွေ share ဖို့ porn တွေ share လို့ရပေမဲ့ အဲ့အတွက်လုပ်ထားတာမဟုတ်ပါဘူး။
Credit: Myat Min Soe (မြတ်မင်းစိုး)
Developer of MM Font Converter
Comments
Post a Comment