ဧပြီလ ၁၉ ရက်နေ့မှာ စတင်မိတ်ဆက်လိုက်တဲ့ Mi 6




၂၀၁၇ ဧပြီလ ၁၉ ရက်နေ့မှာ Xiaomi ဟာ Mi series ရဲ့ အသစ်ထွက်စမတ်ဖုန်းအဖြစ် Dual camera နဲ့ RAM 6 GB ပါဝင်တဲ့ Xiaomi Mi 6 စမတ်ဖုန်းကို မိတ်ဆက်ပြသလိုက်ပါပြီ။


Mi 6 စမတ်ဖုန်းကိုပဲ 3D Curved Glass Body နဲ့ Mi 6၊ Ceramic body နဲ့ Mi 6 ဆိုပြီး နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ 

ဖုန်းတွင်းအချက်အလက်တွေကတော့ အတူတူပါပဲ။

Mi 6 စမတ်ဖုန်းရဲ့အဓိကထူးခြားချက်များကတော့


-Snapdragon နောက်ဆုံးထွက် အဆင့်မြင့် Processor ဖြစ်တဲ့ 835 Processor ကိုအသုံးပြုထားခြင်း (လောလောဆယ်အထိတော့ Snapdragon 835 Processor ကိုသုံးထားတဲ့စမတ်ဖုန်းက အရေအတွက်အလွန်နည်းပါသေးတယ်။ LG G6 တောင်မှ Snapdragon 821 ပဲအသုံးပြုထားပါတယ်)


RAM 6GB ပါဝင်ခြင်း


ဖုန်းရဲ့အပေါ်ဘက်နဲ့ အောက်ဘက်ခြမ်းမှာ Stereo Speaker များထည့်သွင်းထားခြင်း


နားကြပ်ပေါက်မပါဝင်တော့ခြင်း ။ နားကြပ်ပေါက်မပါတော့ပေမယ့် နားကြပ်တပ်နားထောင်ချင်တယ်ဆိုရင် USB Type-C Port မှာတပ်ပြီးနားထောင်နိုင်ပါတယ်။


ဖုန်းရဲ့ရှေ့ဘက်ခြမ်းမှာ Home Button ပုံစံဖြင့် ဖန်သားပြင်အောက်မှာ Finger Print Sensor ကိုထည့်သွင်းထားခြင်း


Dual Camera ပါဝင်လာခြင်း ။ Mi 6 ရဲ့ Dual Camera စနစ်ဟာ iPhone 7 Plus ရဲ့ Dual Camera စနစ်နဲ့ဆင်တူပါတယ်။ 12 MP Camera ၂ လုံးတပ်ဆင်ထားပြီး Camera တစ်လုံးက Wide-Angle Lens ဖြစ်ကာ ကျန်တစ်လုံးကတော့ Telepho Lens ဖြစ်ပါတယ်။ ဒါပေမယ့် Screen ၅ လက်မအရွယ်ဖုန်းထဲမှာတော့ ဒီနည်းပညာစပါတာ Mi 6 စမတ်ဖုန်းပဲရှိပါသေးတယ်။ အောက်မှာ Mi 6 နဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကိုလည်းဖော်ပြပေးထားပါတယ်။ 


Mi 6 နဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံ


Mi 6 ရဲ့ကင်မရာဟာ Portrait Mode လည်းပါဝင်တာကြောင့် ရိုက်ချင်တဲ့အရာကို Focus ဖြတ်ပြီးနောက်ခံအဝါးနဲ့ပုံရိပ်တွေကိုလည်းရိုက်ကူးနိုင်ပါတယ်။


Zoom ဆွဲရာမှာလည်း ရုပ်ထွက်အရည်အသွေးကျဆင်းမသွားစေမယ့် 2x Optical Lossless Zoom နည်းပညာလည်းပါဝင်ပါတယ်။


ဓာတ်ပုံ ၊ ဗီဒီယိုရိုက်ကူးရာမှာ လက်မငြိမ်တာတွေ ၊ တုန်ခါမှုတွေကိုချိန်ညှိပေးပြီး ရုပ်ထွက်တည်ငြိမ်မှုရှိစေမယ့် 4 axis OIS နည်းပညာလည်းပါဝင်ပါတယ်။


-ထောင့်လေးထောင့်အနားသတ်များလုံးဝန်းသော Four-Sided 3D Curved Glass ဖြင့်ဖုံးအုပ်ထားခြင်း၊
ဘေးဘောင်ကိုယ်ထည်ကို Stainless Frame ဖြင့်ပြုလုပ်ထားခြင်း


ရေစိုခံနိုင်ခြင်း


-Mi 6 မှာ Wifi ကွန်ရက်လိုင်းဖမ်းအားကိုပိုကောင်းမွန်စေပြီး Wifi သုံးရတာလည်းပိုမြန်စေမယ့် 2x2 dual Wi-Fi လို့ခေါ်တဲ့ Wifi Technology အသစ်ပါဝင်ပါတယ်။



-Mi 6 ရဲ့ Screen Display ဟာ ညဘက်ဖုန်းသုံးတဲ့အခါ ဖုန်း Display အလင်းအရောင်တောက်ပမှုကြောင့် မျက်စိထိခိုက်မှုမဖြစ်စေရန် ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ ray တွေကိုလျှော့ချပေးနိုင်မှာဖြစ်ပြီး display ရဲ့ရုပ်ထွက်ဖော်ပြမှုအရောင်ကိုချိန်ညှိပေးနိုင်ပါတယ်။


Mi 6 မှာ Battery အနေနဲ့ 3350 mAh Battery ပါဝင်ပါတယ်။ Mi 6 နဲ့ Screen size တူပြိုင်ဘက်စမတ်ဖုန်းတွေထက်တော့ Mi 6 ကဘက်ထရီ ပမာဏပိုမိုကြီးမားတယ်လို့ဆိုရမှာပါ။


-Mi 6 မှာဘက်ထရီအားကိုပိုမိုအသုံးခံစေမယ့် MIUI Optimizations mode တွေလည်းပါဝင်တာကြောင့် ဒီ Mode တွေကိုအသုံးပြုပေးမယ်ဆိုရင် တစ်ရက်လောက်ကတော့အသာလေးအသုံးခံပါတယ်။


-စမတ်ဖုန်းတွေရဲ့လုပ်ဆောင်ချက် ၊ အမြန်နှုန်းတွေကိုတိုင်းတာပေးတဲ့ Antutu ရဲ့ရမှတ်အနေနဲ့ Mi 6 ဟာ 184,292 အထိအမြင့်ဆုံးရရှိထားပါတယ်။ Galaxy S8 ကတော့ ရမှတ် 164,095 ရရှိထားပါတယ်။


အရောင်အနေနဲ့ကတော့ အဖြူ ၊ အမည်း ၊ အပြာ ၊ ငွေရောင်စတဲ့အရောင် ၄ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ 
ဈေးနှုန်းအနေနဲ့ RAM 6GB, Internal Memory 64 GB version ကတော့ မြန်မာငွေ ၅ သိန်းဝန်းကျင်ကျသင့်မှာပါ။ RAM 6 GB , Internal Memory 128 GB version ကတော့ မြန်မာငွေ ၅ သိန်း ၈ သောင်းဝန်းကျင်ကျသင့်မှာပါ။ Ceramic Edition နဲ့ Mi 6 ကတော့ RAM 6 GB , Internal Memory 128 GB တစ်မျိုးတည်းနဲ့ပဲထုတ်လုပ်မှာဖြစ်ပြီး မြန်မာငွေ ၆ သိန်းဝန်းကျင်ခန့်ကျသင့်မှာဖြစ်ပါတယ်။

Credit: Thet Naing Soe (သက်နိုင်စိုး)

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)