Xiaomi ဖုန်းများတွင် Google apps များကို ထည့်သွင်းခြင်း


Xiaomi ကထုတ်တဲ့ဖုန်းတွေမှာ တင်ထားတဲ့ MIUI Version အပေါ်မှာ မူတည်ပြီး Google app တွေ တစ်ပါတည်းပါ၊ မပါဆိုတာ ရှိပါတယ်။ MIUI Rom ကို Global version တင်ထားရင် Google service တွေ တစ်ခါတည်း Built-in ပါလာတတ်ပေမယ့် China version တွေမှာတော့ Google service တွေ မပါဝင်ပါဘူး။ သုံးစွဲသူက ကိုယ်တိုင် ထည့်သွင်းပေးရပါတယ်။ ထည့်သွင်းဖို့က Root လည်းမလိုသလို ခက်လည်းမခက်ပါဘူး။

၁။ အောက်က ပေးထားတဲ့ Google Installer apk လေးကို ဒေါင်းလုဒ်ရယူပါ။

Google​ Installer အား ဒေါင်းလုဒ်ရယူရန်
👇👇👇👇👇

၂။ ပြီးရင် ဖုန်းထဲကို ထည့်သွင်းပါ။ သွင်းပြီးရင် ဖွင့်ပါ။ အင်တာနက်ပါ ဖွင့်ထားဖို့ လိုပါတယ်။

၃။ ပုံထဲကအတိုင်း အောက်ဆုံးနားလေးက တရုတ်စာနဲ့အပြာရောင်အဝိုင်းကြီးကို နှိပ်ပါ။ အခြေခံလိုအပ်တဲ့ Google app ခြောက်ခုကို ဒေါင်းလုဒ်ပြုလုပ်သွားပါလိမ့်မယ်။


၄။ တစ်ခုဒေါင်းလုဒ်လုပ်ပြီးတိုင်း မိမိဘာသာမိမိ တစ်ခါ Install လုပ်ရပါတယ်။ Install လုပ်ပြီးတိုင်း Open ကိုမနှိပ်ဘဲ Done ကိုပဲနှိပ်ပေးပါ။ ခြောက်ခုစလုံး ဒေါင်းလို့ သွင်းလို့မပြီးသေးဘဲ App ထဲကနေမထွက်ပါနဲ့။ MIUI ရဲ့ Background process kill လုပ်တဲ့ Process ကြောင့် app ပြန်ပြီး အစကပြန်သွင်းရတတ်လို့ပါ။ ခြောက်ခုစလုံးသွင်းပြီးမှ ထွက်ပါ။

၅။ ပြီးရင် Play store ကိုအရင်ဖွင့်ပါ။ Account Login ဝင်ဖို့ အတွက် Loading လုပ်နေပါလိမ့်မယ်။ ပထမဆုံးအကြိမ်က နည်းနည်းကြာတတ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ။ နည်းနည်းကြာရင် Account Login ဝင်ဖို့ပေါ်လာပါလိမ့်မယ်။ Login process ပြီးသွားရင် Play store နဲ့ Play services ကို Background ကနေ Auto Update လုပ်ပါလိမ့်မယ်။ Play store က စဖွင့်ဖွင့်ချင်းကပုံစံမဟုတ်ဘဲ အောက်ကအတိုင်း ပုံစံပြောင်းသွားရင် Google service တွေထည့်သွင်းတာ ပြီးပါပြီ။


အဆင်ပြေကြပါစေ။

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)