Xiaomi ရဲ့ MIUI Rom မှာ ဓာတ်ပုံတွေ ဗီဒီယိုတွေကို Hide လုပ်ခြင်း၊ ပြန်ဖေါ်ခြင်း



Xiaomi ဖုန်းတွေမှာသုံးတဲ့ User Interface (UI) က အန်းဒရွိုက်ကို ပြန်ပြီးပြုပြင်ဆန်းသစ်ထားတဲ့ MIUI (မီယူအိုင်လို့ အသံထွက်ပါတယ်) ပါ။ သူ့ရဲ့ပြုပြင်ဆန်းသစ်မှုတွေဟာ ဘယ်လောက်တောင် ကောင်းသလဲဆိုရင် Third party app တော်တော်များများကို ထပ်ပြီးထည့်သွင်းစရာ သိပ်မလိုတော့တဲ့အထိ ကောင်းမွန်ပါတယ်။ အဲ့လို Built-in ပါတဲ့ Feature လေးတွေထဲကမှ Gallery ထဲက ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို ဖျောက်ဖို့၊ ပြန်ဖေါ်ဖို့ လုပ်နည်းလေးကို ပြောပြပေးမှာပါ။ သိပြီးသားသူတွေလည်း ရှိပါလိမ့်မယ်။ သိပြီးသားဆိုရင် ကျော်သွားပေးပါ။

အရင်ဆုံး ဖုန်းရဲ့အင်တာနက်ကို ဖွင့်ထားပါ။ ပြီးတော့ Mi account ကနေ Gallery ကို Sync ဖွင့်ထားပေးပါ။

ပြီးရင် ဖုန်းရဲ့ Gallery ထဲဝင်ပြီး ကိုယ်ဖျောက်ချင်တဲ့ပုံဖြစ်ဖြစ်၊ ဗီဒီယိုဖြစ်ဖြစ် နည်းနည်းကြာကြာ နှိပ်ထားလိုက်ပါ။ ကျွန်တော်နမူနာတစ်ပုံကို လုပ်ပြထားပါတယ်။

ပြီးရင် အောက်နားလေးမှာ ပေါ်လာတဲ့ Menu ထဲကမှ Hide ဆိုတာလေးကို နှိပ်လိုက်ပါ။

အဲ့လိုနှိပ်လိုက်တာနဲ့ အရင်က ပုံတွေကို မဝှက်ခဲ့ဖူးဘူးဆိုရင် Hidden folder ထဲဝင်ဖို့ Security အနေနဲ့ Pattern lock တစ်ခု သတ်မှတ်ပေးရပါတယ်။ မိမိနှစ်သက်ရာ Pattern တစ်ခုကို နှစ်ကြိမ်ဆွဲလိုက်ပါ။ ပြီးရင်တော့ Confirm ကိုနှိပ်ပေးလိုက်ပါ။

စောစောကဖျောက်ချင်တဲ့ပုံလေးဟာ နဂိုနေရာကနေ ပျောက်သွားပြီး Hidden folder ထဲကို ရောက်သွားပါပြီ။

Hidden folder ကိုဘယ်လိုပြန်ကြည့်မလဲ
------------------------------------
စောစောက ဖျောက်လိုက်တဲ့ပုံဟာ Hidden folder ထဲရောက်သွားပါပြီ။ ကျွန်တော်တို့ဟာ သူများမမြင်စေချင်လို့ ဖျောက်ထားတာ ဖြစ်တဲ့အတွက် Hidden folder ဟာလည်း ဒီအတိုင်းပဲ Gallery ထဲမှာ ပေါ်မနေပါဘူး။ အဲ့တော့ Hidden folder ထဲကို ဘယ်လိုဝင်ကြည့်မလဲ။ လွယ်ပါတယ်။

အရင်ဆုံး Gallery ထဲမှာ အပေါ်ကနေ အောက်ကို နည်းနည်းလေးဖိပြီး ပွတ်ဆွဲလိုက်ပါ။

အဲ့မှာ Hidden folder ထဲဝင်မယ့် စောစောကသတ်မှတ်ပေးခဲ့တဲ့ Pattern ဆွဲပြီး Lock ဖြေပေးလိုက်ပါ။

ပြီးရင်တော့ Hidden folder ထဲကို ရောက်သွားပါပြီ။ ကိုယ်ဖျောက်ခဲ့တဲ့ပုံကို အဲ့အထဲမှာ တွေ့ရမှာပါ။

ဖျောက်ခဲ့တဲ့ပုံတွေကို ဘယ်လိုပြန်ဖော်မလဲ၊ Hidden folder ထဲနေ အပြင်ကို ဘယ်လိုပြန်ထုတ်မလဲ
-----------------------------------------------------------------------------------
အရင်ဆုံး စောစောကပြောခဲ့တဲ့အတိုင်း Hidden folder ထဲအရင်ဝင်ပါ။ ပြန်ဖော်ချင်တဲ့ပုံကို နည်းနည်းကြာကြာ နှိပ်ထားပေးပါ။

အောက်မှာပေါ်လာတဲ့ Menu ထဲကမှ Unhide ကိုနှိပ်ပါ။

ပြီးရင်တော့ ပြန်ဖော်ချင်တဲ့ပုံကို ဘယ်ထဲမှာ သိမ်းမလဲဆိုတာရွေးပေးပါ။ ကျွန်တော်ကတော့ နဂိုနေရာကိုပဲ ရွေးပေးလိုက်ပါတယ်။

ဖျောက်ခဲ့တဲ့ပုံလေးဟာ Hidden folder ထဲကနေပျောက်သွားပြီး သူ့နဂိုနေရာ၊ ကိုယ်ရွေးပေးတဲ့ဖိုဒါထဲကို ပြန်ရောက်သွားပါပြီ။


အားလုံးပဲ အဆင်ပြေပါစေ။

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)