Mi Series နဲ့ Redmi series မကွဲကြသူများအတွက်

(အနည်းဆုံးတော့ ကိုယ်စီးတဲ့မြင်း အထီးအမတော့ ကွဲပြားစွာ သိသင့်ပါတယ်။)

အခုဆိုရင် Xiaomi ရဲ့ Mi note 2 နဲ့ Mi mix ဟာ မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်ပါပြီ။ ဒီတော့ လက်ရှိ မှားယွင်းနေကြတဲ့ အခေါ်အဝေါ်လေးတွေကို ပြုပြင်သင့်တယ်လို့ ယူဆမိပါတယ်။ အကြောင်းကတော့ redmi note 2 နဲ့ mi note 2 အပြင် mi max နဲ့ mi mix ကို rom file တွေ။ firmware တွေတောင်းတဲ့အခါ ကွဲကွဲပြားပြား မသိရင် မှားပြီး တိုင်ပတ်တော့မှာပါ။ ဒီရှေ့မှာလည်း redmi note နဲ့ mi note အပြင် mi 3 နဲ့ redmi 3 မှာတင် သင်ခန်းစာ ရကြသူတွေလည်း ရှိခဲ့ကြလို့ပါ။ 
(မှားတော့ service သမားတွေ အလုပ်များရတာပေါ့)

ဒါပေမယ့် Xiaomi Company အနေနဲ့ ဒီလိုမှားယွင်းမယ့် အရေး ကြိုတင်သိလို့ သူရဲ့ ထုတ်ခဲ့သမျှသော Mi/redmi ဖုန်းတွေကို Code name တွေပေးထားပါတယ်။ Code name ရဲ့ သဘောကတော့ ဖုန်းတွေကို Firmware တင်တဲ့အခါမျိုးမှာ အမှားအယွင်းမရှိအောင် သီးသန့်နာမည်တစ်ခု ထား ထားပေးတဲ့ သဘောမျိုးပါ။

Mi/Redmi Series တွေပါ ကွဲကွဲပြားပြားသိရှိအောင် ခွဲရေးပေးထားပါတယ်။
***Setting > about phone > model number မှာ ကြည့်ရှု့နိုင်ပါတယ်။***
device name မှာ မိမိနှစ်သက်ရာ အမည် ပြောင်းလို့ရပါတယ်။

Mi Series Code names

1. aries - Mi 2
2. pisces - Mi 3 - TD
3. cancro - Mi 3 / Mi 4 - LTE/WCDMA
4. ferrari - Mi 4i
5. libra - Mi 4c
6. aqua - Mi 4s
7. gemini - Mi 5
8. virgo - Mi Note
9. leo - Mi Note Pro
10. scorpio - Mi Note 2
11. hydrogen - Mi MAX (32gb)
12. helium - Mi MAX Pro (64gb/128gb)
13. lithium - Mi MIX
14. capricorn - Mi 5s
15. natrium - Mi 5s Plus
16. meri - mi 5c (Surge S1)

Redmi Series Code names

1. HM2013023 - Redmi 1 - WCDMA
2. armani - Redmi 1S - WCDMA
3. HM2014811 - Redmi 2 - WCDMA    
4. HM2014813 - Redmi 2 - TD
5. ido - Redmi 3  
6. land - Redmi 3 S/X
7. omega - Redmi Pro   
8. lcsh92_wet_jb9 - Redmi Note 1 / 3G-MTK
9. gucci - Redmi Note 1S
10. dior - Redmi Note 1 / 4G
11. hermes - Redmi Note 2
12. hennessy - Redmi Note 3 (MTK)
13. kenzo - Redmi Note 3 (Qualcomm) / Redmi Note 3 Pro
14. kate - Redmi Note 3 pro (special edition)             
15. nikel - Redmi Note 4
16. mido - Redmi Note 4X
17. rolex - Redmi 4A
18. prada - Redmi 4
19. markw - Redmi 4 Pro (prime)
20. santoni - Redmi 4X

Mi Tablets Code names

Mocha - Mi Pad
Latte - Mi Pad 2

Mi series နဲ့ Redmi series မှားရင် ဘာဖြစ်နိုင်လဲ???

ပြဿနာကတော့ Redmi မှာရော Mi မှာရော Note ဆိုတဲ့ မော်ဒယ်တွေရှိနေကြတာပဲ...

ဒီပြဿနာကသေးသေးလေးတော့မဟုတ်ဘူး နောက်ဆိုပိုကြီးမှာဗျ...
အကိုပြောသလိုပဲ မသိကြတဲ့ user တွေရော၊ သိသိကြီးနှင့်အလွယ်ပြောကြတဲ့ user တွေရော၊ ဆိုင်တွေရောက၊ Mi နှင့် Redmi သေချာမကွဲပြားကြရင် ဖြစ်လာမယ့်ဆိုးကျိုးတွေကိုတော့ ခံစားရမှာကတော့ သူတို့ကိုယ်တိုင်ပဲဗျ...

ဘယ်လိုဆိုးကျိုးတွေလဲဆိုတာကတော့...

မော်ဒယ်အသစ်တွေက အမြဲထွက်နေမှာပဲလေ...ပြီးတော့ Xiaomi ဆိုတာကလည်း ပုံမှန် update ပေးနေတာမျိုးလေ... Mi နှင့် Redmi သေချာမမှန်ပဲ မှားပြီး update လုပ်မိတာမျိုးတွေဖြစ်လာနိုင်တယ်...အဲဒီလိုမှာရင်တော့ Soft-brick တွေဖြစ်နိုင်တယ်။ အလွယ်ပြောရင်တော့ logo မှာရပ်နေတယ်ပေါ့။ အဲဒီ့ကနေ EMMC chip ထိပြီး Imei ပျောက်သွားတာတွေလည်းဖြစ်နိုင်တယ်...အဆိုးဆုံးအခြေအနေမှာတော့ လုံးဝအသုံးပြု၍မရတော့လောက်သည့်အထိ ပျက်စီးနိုင်တယ်။

***အဲလိုတွေထိဖြစ်နိုင်တာကြောင့် ကျွန်တော်တို့က စေတနာနှင့် အမုန်းခံပြောပြောနေရတာပါ...ပြောပြရတဲ့နေရာမှာလည်း လက်ခံတဲ့သူတွေရှိသလို လက်မခံသူတွေလည်းရှိပါတယ်...လူအမျိုးမျိုး၊ စိတ်အထွေထွေပဲကိုး... တကယ်ဖြစ်လာရင်တော့ ခံရမှာသူတို့ကိုယ်တိုင်ပါပဲ။***

Credit :Livius Prince (MMF)

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2