Posts

Showing posts from July, 2019

မြန်မာယူနီကုဒ်စနစ်သို့ ပြောင်းလဲအသုံးပြုသူများအတွက် အလွန်အသုံးဝင်သော mmUniToolkit app

Image
မင်္ဂလာပါ။ ကျွန်တော်အခုတင်သွားပေးမှာက အက်ပ်လေးတစ်ခုအကြောင်းပါ။ အဲဒီအက်ပ်လေးရဲ့နာမည်ကတော့ mmUnicode Toolkit လို့ခေါ်ပါတယ်။ Developer ကတော့ ကိုထွန်းဝင်းလှိုင် ခေါ် ကိုခွန်ထက်နိုင် ( https://www.facebook.com/KHtetzNaing ) ။ သူရေးပေးထားတဲ့ ဒီ mmUnicode Toolkit လေးက ဘာတွေအသုံးဝင်သလဲ၊ ဘယ်လိုအသုံးပြုလို့ရသလဲဆိုတာကို ကျွန်တော်ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီအက်ပ်လေးက ဖုန်းထဲမှာ ဇော်ဂျီဖောင့်အသုံးပြုနေတဲ့သုံးစွဲသူတွေအနေနဲ့ ယူနီကုဒ်စနစ်သုံးမြန်မာစာကို ပြောင်းလဲအသုံးပြုတဲ့နေရာမှာ ပထမဆုံးကြုံရတတ်တဲ့ ဖုန်းထဲမှာ ဇော်ဂျီနဲ့ရေးမှတ်ထားတဲ့ ဖုန်းနံပါတ်အမည်တွေ၊ ဖုန်းရဲ့သိုလှောင်ခန်းထဲမှာ ဖိုင်တွဲနာမည်တွေကို ဇော်ဂျီနဲ့ပေးထားတာတွေ၊ သီချင်းနာမည်တွေကို ဇော်ဂျီနဲ့ရေးထားတာတွေ.. စတဲ့ ပြဿနာအခက်အခဲလေးတွေကို ယူနီကုဒ်စနစ်သုံးမြန်မာစာအဖြစ် ပြောင်းလဲပေးနိုင်တဲ့အက်ပ်လေးတစ်ခုပါ။ ဒီအက်ပ်လေးကို အသုံးပြုပြီးတော့ ဖုန်းထဲမှဘာရှိတဲ့ ဇော်ဂျီဖောင့်နဲ့နာမည်မှတ်ထားတဲ့ ရာချီနေတဲ့ဖုန်းနံပါတ်နာမည်တွေ၊ ရာချီနေတဲ့ သီချင်းနာမည်တွေကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ မြန်မာယူနီကုဒ်စာသားတွေအဖြစ် အချိန်ခဏလေးအတွင်းမှာ ပြောင်းလဲသိမ်းဆည်းပေး