Posts

Showing posts from February, 2018

Xiaomi Device နဲ့ MIUI Version များ အကြောင်း

Image
အဖွဲ့ထဲမှာ အစ်ကိုတစ်ယောက်မေးလာတဲ့ မေးခွန်းလေးတွေကို ကျွန်တော်သိသလောက်လေး ပြန်ဖြေဖြစ်တာကို ပို့စ်လေးတစ်ခုအနေနဲ့ သပ်သပ်တင်လိုက်တဲ့သဘောပါပဲ။ သိပြီးသားသူတွေလည်း ရှိမှာပါ။ မေးခွန်းတွေကိုတော့ သူပြောတဲ့အတိုင်း Edit နည်းနည်းလေးပဲလုပ်ပြီး ပြန်တင်လိုက်ပါတယ်။ မသိတာလေးတွေ မေးပါရစေ ခင်ဗျ။ ခု Samsung သုံးနေပါတယ်။ mi phone ပြောင်းသုံးရင် ‌ကောင်းမလားလို့... မသိတာတွေက အတော်များနေတော့... Xiaomi နဲ့ red mi က ဘာကွာသွားတာပါလဲ? Note နဲ့ ရိုးရိုးဖုန်းကရော ဘာတွေ ကွာသွားပါလဲ? China နဲ့  global phone တွေကရော ကွာခြားချက်ကလေးတွေ ပြောပြပေးကြပါ။ Warranty ပါတာနဲ့ မပါတာတွေ အကြောင်းအပြင် အခြားသိအပ်တာများ ရှင်းပြပေးစေချင်ပါတယ်။ ကျေးဇူးပါ။ နံပါတ် ၁ Xiaomi ဆိုတဲ့ကုမ္ပဏီကနေထုတ်တဲ့ ဖုန်းတွေကို Mi Series နဲ့ Redmi Series ဆိုပြီး နှစ်မျိုးထုတ်တယ်။ Mi series ထဲမှာ Mi 1/2/3/4/5/6, Mi Note 1/2/3, Mi Max 1/2, Mi Mix ဆိုပြီးရှိတယ်။ Redmi Series ထဲမှာ Redmi 1/2/3/4/5, Redmi Pro, Redmi Note 1/2/3/4/5 ဆိုပြီး ရှိတယ်။ ခုနောက်ပိုင်းမှာ ထပ်ပြီးထုတ်တာက Selfie အသားပေးဆိုပြီး Y series နဲ့ တစ်ခုတော့ ထွက်ထားတယ်။ အားလုံးနဲ့