Android OS ပေါ်တွင် အသုံးပြုနိုင်မည့် လူသိများသော မြန်မာယူနီကုဒ်ကီးဘုတ်များ
Myanmar Unicode Keyboard တွေကိုစုစည်းပေးထားပါတယ်။ ကြိုက်နှစ်သက်ရာ Keyboard ကိုရွေးချယ်၍ စမ်းသပ်အသုံးပြုနိုင်ပါပြီ။ Up To Date ဖြစ်စေရန် Google Play Store လင့်များနှင့်ချိတ်ဆက်ပေးထားပါတယ်။ TTKeyboard – Myanmar Keyboard https://play.google.com/store/apps/details?id=com.myopenware.ttkeyboard.latin iOS တွင် နာမည်ကြီးကီးဘုတ်တစ်ခုဖြစ်ပြီး ယခင်က iOS အတွက်သာ ထွက်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် Android အတွက်ပါ ထုတ်လုပ်ပေးခဲ့သည်။ မြန်မာစာသင်ပုန်းကြီးအတိုင်း စာရိုက်နိုင်ပြီး နှစ်ချက်နှိပ်စနစ် ပါဝင်သည့်အတွက် Shift key နှိပ်စရာမလိုဘဲ လျှင်မြန်စွာ ရေးသားနိုင်သည်။ ထို့အပြင် ဇော်ဂျီမှ မြန်မာယူနီကုဒ်စနစ်သို့ ကူးပြောင်းကာစလူများအတွက်လည်း ဇော်ဂျီစာရိုက်သည့်အတိုင်း ရေးသားနိုင်သည့် ယူနီကုဒ်လက်ကွက်ကိုပါ ထည့်ပေးထားသဖြင့် မြန်မာယူနီကုဒ်စတင်အသုံးပြုမည့်သူများအတွက် အသုံးဝင်သောကီးဘုတ်တစ်ခု ဖြစ်သည်။ M3 Keyboard https://my.pcloud.com/publink/show?code=XZ4vNi7ZxtotROC0RjRbcJRB0pGhyhfSxAz7 စာရိုက်နိုင်ရန် လက်ကွက်နှစ်မျိုး ထည့်ပေးထားသည်။ တစ်မျိုးမှာ မြန်မာသင်ပုန်းကြီးအတိုင်း စာရိုက်နိုင်သည့်