MIUI 9 ဟာ Split-screen feature ကို သယ်ဆောင်လာမယ့် နောက်ထပ်အဓိက Update ဖြစ်လာမလား




MIUI 9 ဟာ အခုလောလောဆယ် တည်ဆောက်ဆဲအဆင့်မှာပဲ ရှိနေပြီး ဒီနှစ်ထဲမှာပဲ ဒုတိယနှစ်ဝက်လောက်ထဲမှာ ထွက်လာနိုင်ခြေရှိပါတယ်။ MIUI အသုံးပြုသူတွေကလည်း နောက်ထပ် ကြီးမားတဲ့ပြောင်းလဲမှုတွေကို မျှော်လင့်နေကြပါတယ်။ MIUI ကနေ App developer တွေဆီကို ပို့ပေးတဲ့ အီးမေးလ်တစ်စောင်ဟာ သိပ်မကြာသေးတဲ့အချိန်က မတော်တဆ ပေါက်ကြားမှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအီးမေးလ်ထဲမှာတော့ နောက်ထွက်ရှိလာမယ့် MIUI 9 မှာ Split-screen Multitasking feature ပါဝင်လာတော့မယ်ဆိုတဲ့အကြောင်း ပါပါတယ်။ (မေးလ်ထဲမှာပါတဲ့ အကြောင်း အရာတွေကို Post အသစ်တစ်ခုအနေနဲ့ သပ်သပ်ရေးပေးပါ့မယ်။)

လောလောဆယ် ထွက်နေတဲ့ ကောလဟာလတွေအရတော့ Android 7.0 နဲ့အထက် စက်တွေမှာပဲ Split-screen feature ကို ထောက်ပံ့ပေးဦးမှာပါ။ Mi 6, Mi 5c, Mi MIX, Mi Note 2, Mi Pad 3, Redmi 4X, Redmi Note 4, Redmi Note 4X, Mi 4c, Mi 4s, Mi 5, Mi 5s Plus, Mi MAX တို့ဟာ အဲ့ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်မယ့် ပထမဆုံးအသုတ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် MIUI Developer တွေဟာ Android 6.0 နဲ့စက်တွေမှာပါ အသုံးပြုနိုင်အောင် ကြိုးစားနေကြတဲ့အတွက် နောက်ထပ်စက်တော်တော်များများလည်း အသုံးပြုနိုင်မယ့် အလားအလာရှိပါတယ်။

နည်းပညာမြင့်မားလာတာနဲ့အမျှ စမတ်ဖုန်းတွေရဲ့မျက်နှာပြင်ဟာလည်း တဖြည်းဖြည်း ကြီးမားလာပြီး CPU, GPU, RAM စတဲ့ Hardware တွေဟာလည်း ပိုပြီး စွမ်းဆောင်ရည်မြင့်လာပါတယ်။ Split-screen feature သုံးမယ်ဆိုရင် အသုံးပြုသူတွေဟာ သူတို့အနှစ်သက်ဆုံး‌ အက်ပ်နှစ်ခုကို တစ်ပြိုင်နက်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ဝက်ဘ်စာမျက်နှာတွေ ဖတ်ရှုနေရင် ဗီဒီယို ကြည့်နိုင်မယ်၊ မက်ဆေ့ခ်ျပို့နိုင် ဖတ်နိုင်မယ်၊ အီးမေးလ်တွေ စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။ မျက်နှာပြင်တစ်ခုတည်းမှာပဲ အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ခြင်းကြောင့် သင့်အလုပ်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ပြီးမြောက်စေနိုင်မှာ အသေအချာပါ။


MIUI ထုတ်လုပ်မှုတာဝန်ခံမန်နေဂျာကတော့ MIUI 9 ဟာ ပိုပြီးရိုးရှင်းတဲ့ ROM တစ်ခု ဖြစ်သွားလိမ့်မယ်လို့ ပြောထားပါတယ်။ ခုလက်ရှိ MIUI Rom မှာ ပါဝင်နေတဲ့ တစ်ချို့လုပ်ဆောင်ချက်နဲ့ အက်ပ်တွေကိုတော့ MIUI 9 မှာ ဖယ်ထုတ်ပစ်ဖို့ အစီအစဉ်ရှိပါတယ်။ မီယူအိုင်ရဲ့ စီအီးအိုလေကျွင်းကတော့  MIUI ဟာ ပိုကောင်းတဲ့ဘက်ထရီထိန်းချုပ်မှုနဲ့ ပိုပြီးချောမွေ့ပြေပြစ်တဲ့စွမ်းဆောင်ရည်ကို အကောင်းဆုံးရရှိနိုင်အောင် အဓိကရည်ရွယ်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ Screen recorder, Split-screen နဲ့ Picture-in-picture mode လုပ်ဆောင်ချက်တွေဟာ လက်ရှိမှာ သုံးစွဲသူတွေ အလိုချင်ဆုံးလုပ်ဆောင်ချက်တွေ ဖြစ်တာကြောင့် MIUI မှာ အသုံးပြုနိုင်အောင် MIUI Developer တွေဟာ ကြိုးစားနေကြပါတယ်။ တကယ်တော့ Screen Recorder လုပ်ဆောင်ချက်ကို MIUI 8 Developer rom တွေမှာ ထည့်သွင်းပေးထားပြီးသား ဖြစ်ပါတယ်။

Original Thread
👇👇👇👇👇

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2