Posts

Showing posts from March, 2018

How to flash (install) Custom Recovery on Redmi Note 4X SD (Code name = mido)

Image
Redmi Note 4X SD (mido) ကို Custom Recovery ထည့်သွင်းခြင်း ကျွန်တော် အခု Redmi Note 4X Snapdragon ( Code name = mido ) ကို Custom recovery ဘယ်လိုထည့်ရမလဲဆိုတာကို‌ ရေးသွားမှာဖြစ်ပါတယ်။ Custom recovery ဆိုတာ Official Mi Recovery ကနေ မစွမ်းဆောင်နိုင်တဲ့အလုပ်တွေကို လုပ်ပေးနိုင်တဲ့ အပြင်က Developer တွေ ဖန်တီးထားတဲ့ Recovery ပါ။ အသုံးများတာကတော့ TeamWin Recovery Project (TWRP) ပဲဖြစ်ပါတယ်။ အခြားသော ZCX Recovery, Redwolf Recovery လိုမျိုး Recovery တွေလည်း ရှိပေမယ့် အားလုံးဟာ TWRP ကို အခြေခံပြီး ရေးထားကြတာပဲ ဖြစ်ပါတယ်။ ကျွန်တော် အခု ဒီပို့စ်လေးမှာ ပြောပြပေးမှာကတော့ TWRP Recovery ကိုအခြေခံပြီး လုပ်ထားတဲ့ RedWolf Recovery ထည့်သွင်းပုံလေးကို ပြောပြပေးမှာပါ။ Custom Recovery ထည့်မယ်ဆိုတော့ ပထမဆုံးကတော့ Bootloader Unlock လုပ်ရပါမယ်။ နောက်ပြီး အာမခံပျက်ပါမယ်။ ဒါ့ကြောင့် Official 1 year warranty ဆိုတဲ့ ကဒ်ကြီးကိုမက်ပြီး အခြားသူတွေထက် ဒီမော်ဒယ်ကိုပဲ အခြားသူတွေထက် ဈေးကြီးကြီးပေးဝယ်ထားတဲ့သူတွေကတော့ အောက်မှာရေးထားတာတွေကို ဆက်မဖတ်ချင် မဖတ်ဘဲ နေလို့ရပါတယ်။ လိုအပ်တာတွေကတော့ ၁။ ဖုန်းဟာ B

Redmi Note 5 Pro သုံးသပ်ချက်

Image
အိန္ဒိယနိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်ကို တုန်လှုပ်စေခဲ့တဲ့ Redmi Note 5 ဟာဆိုရင် အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ဖေဖော်ဝါရီ ၁၄ ရက်နေ့က စတင်မိတ်ဆက်ပေးခဲ့ပြီပဲဖြစ်ပါတယ်။ 4GB/64GB အတွက်ဆို အိန္ဒိယ ၁၃၉၉၉ ရူပီး ကျသင့်မှာဖြစ်ပြီး 6GB/64GB အတွက်ဆိုရင်တော့ ၁၆၉၉၉ ရူပီးကျသင့်မှာဖြစ်တဲ့အတွက် အတော့်ကိုပဲ သက်သာတဲ့ဈေးနှုန်းလို့ ပြောလို့ရပါတယ်။ Redmi Note 5 Pro ကပေးတဲ့ Specification နဲ့ ဈေးမျိုးနဲ့ အိန္ဒိယဈေးကွက်ထဲမှာ ဘယ်စမတ်ဖုန်းမှ မရှိခဲ့ဖူးသေးပါဘူး။ ပထမဆုံးစတင်ရောင်းချပေးမယ့်ရက်က ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ဖြစ်ပေမယ့် မရောင်းချခင်မှာ သုံးသပ်ချက်ရေးနိုင်အောင် ဖုန်းကိုခေတ္တအသုံးပြုခွင့်ပေးခဲ့တဲ့ Mi Fan Club Mumbai ကိုလည်း ကျေးဇူးတင်ပါတယ်။ Specifications အပေါ်မှာပြထားတဲ့ Specification တွေကို ကြည့်ပြီးရင်တော့ အခြားအပိုင်းတွေကို ဆက်ကြည့်ကြရအောင်။ Benchmarks စမတ်ဖုန်းအသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်တာနဲ့ အများစုစိတ်ဝင်တစားနဲ့ စောင့်ကြည့်တတ်တဲ့အချက်တွေထဲက တစ်ခုကတော့ Antutu Benchmark (အကဲဖြတ်အမှတ်) ပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ ကျွန်တော်ဟာ အဲ့လိုအကဲဖြတ်အမှတ်တွေ‌ကို သိပ်ပြီးယုံစား