Posts

Showing posts from June, 2017

BootLoader Unlock လုပ်နည်း (For Redmi 3/Pro, Redmi Note 3/Pro, Mi5/Pro)

Image
၁။ http://en.miui.com/unlock / ကိုနှိပ်ပြီး Unlock page ထဲကိုဝင်ပါ။ Mi account ဝင်ပေးရမယ့်နေရာကို တွေ့ပါလိမ့်မယ်။ Mi account မဝင်ရသေးရင် Mi account ဝင်ပေးလိုက်ပါ။ (မှတ်ချက်။ ။ ဖြည့်ပေးမယ့် Mi account ဟာ မိမိလက်ရှိသုံးနေတဲ့ ဖုန်းနံပါတ်နဲ့ Bind ထားပြီးသားဖြစ်နေရပါမယ်။) ၂။ Unlock page ထဲရောက်ရင် Unlock Now ဆိုတဲ့ခလုတ်ကို တွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။ ၃။ နောက်စာမျက်နှာတစ်ခုမှာ အကွက်လေးတွေ တွေ့ရပါလိမ့်မယ်။ ပထမဆုံးအကွက်ထဲမှာ မိမိနာမည်ကို ဖြည့်ပေးပါ။ ပြီးရင် အောက်က China (+86) ဆိုတဲ့အကွက်ကိုနှိပ်လိုက်ပါ။  Myanmar (+95) ကိုရှာပြီး နှိပ်လိုက်ပါ။ သူ့အောက်ကအကွက်ထဲမှာ မိမိ Mi account နဲ့ Bind ထားတဲ့ ဖုန်းနံပါတ်ကို ရှေ့က 0 ဖြုတ်ပြီး ဖြည့်ပေးပါ (ဥပမာ - 09 123456789 => 9 123456789 )။ ပြီးရင် သူ့အောက်က အကွက်ကြီးထဲမှာ ဘာကြောင့် Unlock လုပ်ချင်ရသလဲဆိုတဲ့ အကြောင်းပြချက်ကို ရေးပေးပါ။ ရေးပြီးသွားရင် အောက်က I accept ဆိုတဲ့ စာတန်းရှေ့မှာ အမှန်ခြစ်ကလေး ပေးလိုက်ပါ။ ပြီးရင် Apply Now ကို နှိပ်ပါ။ ၄။ နောက်စာမျက်နှာတစ်ခုမှာ စောစောက ဖြည့်ခဲ့တဲ့ ဖုန်းနံပါတ်ဆီ Varification code ပို့ပေးမယ်၊ ဖြည့်

OPPO ဖုန်းများတွင် အသုံးပြုနိုင်သော မြန်မာယူနီကုဒ်ဖောင့်

Image
Oppo phone အခြားဘာသာစကား ထားရင်း ဇော်ဂျီအဓိကထားပါတယ် ဇော်ဂျီဖောင့်ကို (👉ျ   👈 မပူးမကပ်စေတဲ့အတွက် code တစ်ခါတည်း System/ Framework မှာပြောင်းလဲမှုလုပ်ထားပါတယ်) ဇော်ဂျီ၏ ျ u103A ဟာ to code u109C 👉ႜ 👈 ဖြင့် -  u1033 ဟာ to code u105C  👉 ၜ 👈 ဖြင့် -  u1034 ဟာ to code u109E  👉 ႞ 👈 ဖြင့် အဲ့လိုလုပ်ထားတာရှိကြောင့် မြန်မာယူန်ကုဒ် သုံးရင် (်)ဟာ (ႜ ႜ) ဖြစ်ဖြစ်ပေါ့ ။ Myanmar Sans oppo MUA ဖောင့် ဟာ ( ႜဟာ to ် ) ပြန်လည်ပြုပြင်ထားပါတယ်။ Myanmar Sans oppo MUA ifont.apk Download ..... 👇👇👇👇👇 https://drive.google.com/file/d/0B-dYNIHp2YidOGUtUDc0NDRpa1U/view?usp=drivesdk https://my.pcloud.com/publink/show?code=XZx5BvZDWyjFnToVbR2OGGy71iyDLXfB8ik Credit: ကိုခွန်‌စိုးဇော်သူ
မီးမွှေးလက်စနဲ့ မထူးပါဘူး။ ဆက်မွှေးလိုက်ဦးမယ်။ ဒါက ယူနီကုတ် ၅.၁ ထွက်တုန်းက ရေးခဲ့တဲ့စာ။ ဖောင့်မသိတော့ ဇော်ဂျီ ယူနီကုတ်ထင် မြန်မာ ယူနီကုတ်ဆိုတာ ဘာလဲ၊ ဇော်ဂျီက မြန်မာယူနီကုတ် စံနှုန်းကနေ ဘာတွေ လွဲနေသလဲ၊ ဘာကြောင့် ယူနီကုတ်စနစ်ကို ပြောင်းသုံးသင့်တာလဲလို့ ဇဝေဇဝါ ဖြစ်နေသူများကို ရှင်းပြဖို့ အတွက် ဒီစာကို ရေးပါတယ်။ ဟိုးအရင် ကာလတွေတုန်းက ကွန်ပြူတာမှာ မြန်မာစာလုံးကို သိမ်းဆည်းတဲ့ အခါမှာ မြန်မာစာလုံး အဖြစ်မသိမ်းဆည်းပဲ အင်္ဂလိပ် စာလုံးနဲ့ ညီမျှတဲ့ နံပါတ် အဖြစ်နဲ့ပဲ သိမ်းဆည်းပါတယ်။ အကယ်၍ ကျွန်တော်တို့ သဝေထိုး (ေ) ကို ရိုက်ပြီး ကွန်ပြူတာ ထဲမှာ သိမ်းမယ်ဆိုရင် ကွန်ပြူတာက သဝေထိုးအနေနဲ့ မသိမ်းပဲ အင်္ဂလိပ်စာလုံး "a" နဲ့ ညီမျှတဲ့ နံပါတ် 97 အနေနဲ့ သိမ်းပါတယ်။ အဲဒီလို စနစ်မျိုး သုံးထားတဲ့ ဖောင့်ကို အက်စကီးဖောင့် (ASCII Font)လို့ ခေါ်ပါတယ်။ အက်စကီး ဖောင့်တွေဟာ တရုတ်၊ ကိုရီးယား ဘယ်ဘာသာ စကားကို မဆို အင်္ဂလိပ် အက္ခရာ ဒါမှမဟုတ် !@ အစရှိတဲ့ သင်္ကေတ (Symbol) တွေနဲ့ ညီမျှတဲ့ ဂဏန်းတွေ အဖြစ် ပြောင်းပြီး သိမ်းပါတယ်။ အက္ခရာ တစ်လုံးကို သိမ်းဖို့ ဂဏန်း ၂ လုံးစာ နေရာ ပေးရပါတယ်။ ဝင်းအင်းဝ၊ ဝင်းကလော ၊ CE စတဲ

မကြာခင်မှာ ထွက်ရှိလာတော့မယ့် MIUI 9 အတွက် သင်တို့အားလုံးရော အသင့်ဖြစ်နေကြပြီလား

Image
လက်ရှိအချိန်မှာတော့ MIUI ဟာ တစ်ကမ္ဘာလုံးမှာ သုံးစွဲသူ သန်းနှစ်ရာကျော် ရရှိနေပြီဖြစ်ပြီး နောက်ထပ်လည်း ထပ်ပြီးတိုးလာဖို့ပဲ ရှိနေတဲ့ UI တစ်ခုပါ။ MIUI ဟာဆိုရင် သူ့ရဲ့ စွဲဆောင်မှုရှိတဲ့ UI၊ ကောင်းကောင်းပြုပြင်ဖန်တီးနိုင်တဲ့ သင်းမ်တွေနဲ့ အသုံးဝင်တဲ့လုပ်ဆောင်ချက်ပေါင်းများစွာ ပါဝင်တာကြောင့် သုံးစွဲသူတွေကြားမှာ နာမည်ရနေတဲ့ Custom ROM တွေထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နိုဝင်ဘာလတုန်းက Developer တွေဟာ MIUI 9 ကိုစပြီး ခြေလှမ်းပြင်နေကြပြီလို့ ကြေငြာခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ကျွန်တော်တို့ဟာ အသုံးပြုသူတွေထံက သူတို့လိုချင်တဲ့လုပ်ဆောင်ချက်တွေ၊ သတင်းပို့တင်ပြချက်တွေ အများအပြား ရရှိခဲ့ကြရပါတယ်။ အခုအချိန်မှာတော့ စောင့်နေရတဲ့အချိန်တွေ ကုန်လွန်စေတော့မှာပါ။ နောက်ပြီး MIUI ရဲ့ "အံ့ဩစရာကောင်းတဲ့ တစ်စုံတစ်ခု ဖြစ်ပေါ်လာတော့မယ်လို့ အမြဲတမ်းယုံကြည်ထားပါ" ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း ဖြစ်လာပါတော့မယ်။ Weibo ပေါ်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုအရ အခုအချိန်မှာ MIUI Developer တွေဟာ MIUI 9 အတွက် အာရုံစိုက်ပြီး လုပ်ဆောင်နေကြပြီဆိုတာကို MIUI ကနေ အတည်ပြု ပြောကြားလိုက်ပါပြီ။ အရင်တုန်းက ပြောကြားခဲ့တဲ့အတိ

MUA Office Font (Adobe supported)

Image
MUA Office ဖောင့် ကို ဖောင့် ဖန်တီးသူ ကိုခွန်စိုးဇော်သူ မှ ပြုလုပ်ပေးထားပါသည်။ ရုံးသုံးဖောင့် ဖြစ်သော Myanmar3 ဖောင့် ဒီဇိုင်းနှင့် အနီးစပ်ဆုံး တူအောင် ဖန်တီးထားပြီး Adobe ထုတ်ကုန်များတွင်ပါ အသုံးပြုနိုင်အောင် ဖန်တီးထားပါသည်။ MUA Office ဖောင့်ကို မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ရန် ဖြန့်ဝေခြင်းဖြစ်ပါသည်။ *ခွင့်ပြုချက် မရှိပဲ ပြင်ဆင်ခြင်း *မြန်မာယူနီကုဒ် စံသတ်မှတ်ချက်နှင့် မကိုက်ညီသော ဖောင့်အဖြစ်ပြုပြင် အသုံးချခြင်း အထက်ပါ အချက်နှစ်ချက်မှ လွဲ၍ CC-BY-ND-4.0 License ဖြင့် အသုံးပြုခွင့် ပေးပါသည်။ Credit ပေးခြင်းသည် မူလဖန်တီးသူ၏ အားထုတ်ကြိုးပမ်းမှုအား အသိအမှတ် ပြုခြင်းဖြစ်ပါသည်။ MUA Office ဖောင့် အား အောက်ပါ လင့် ကနေ ဒေါင်းယူနိုင်ပါသည်။ MUA Office Font ဖောင့်ပုံစံနမူနာ MUA Office Font အား ဒေါင်းလုဒ်ပြုလုပ်ရန် 👇👇👇👇👇 http://www.mmunicode.org/files/MUA_Office.zip မူရင်းဝက်ဘ်ဆိုဒ်လိပ်စာတွင် ဝင်ရောက်ဖတ်ရှုရန် 👇👇👇👇👇 http://www.mmunicode.org/posts/mua_office_font Credit: mmunicode.org Xiaomi ဖုန်း အသုံးပြုသူတွေကတော့ Designer account ရှိမှသာ အပ

PK Converter for Android

Image
ယူနီကုဒ်ကနေ ဇော်ဂျီ၊ ဇော်ဂျီကနေ ယူနီကုဒ်စနစ်ကို ပြောင်းလဲဖော်ပြပေးတဲ့ အက်ပ်လေးတစ်ခုပါ။ PK Converter ရဲ့ လုပ်ဆောင်ချက်လေးတွေကတော့:- ၁။ ယူနီကုဒ်စာသားတွေကို ကူးယူပြီး ဇော်ဂျီစာသားအဖြစ်သော် လည်းကောင်း၊ ယူနီကုဒ်လိုရော ဇော်ဂျီဖောင့်အနေနဲ့ရော  စနစ်နှစ်မျိုးစလုံးနဲ့သော် လည်းကောင်း ပြောင်းလဲဖော်ပြပေးနိုင်ပါတယ်။ ပြောင်းထားတဲ့ စာသားတွေကို ကူးယူပြီး မိမိကြိုက်နှစ်သက်ရာ နေရာတွင် ပြန်လည်ကူးထည့် ထားနိုင်ပါတယ်။ ၂။ ယူနီကုဒ်နဲ့ ဇော်ဂျီ နှစ်မျိုးတွဲဖော်ပြပေးချင်တယ်ဆိုရင် ယူနီကုဒ်စာသားနဲ့ ဇော်ဂျီစာသားတွေရဲ့ ခေါင်းစဉ်ကို မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်တပ်ပြီး ခွဲခြားဖော်ပြပေးနိုင်ပါတယ်။ အောက်က ပုံလေးတွေကို ကြည့်ကြည့်ပါ။ ၃။ ပြောင်းလဲဖော်ပြပေးမယ့် စာသားတွေကို Floating bubble လေးနဲ့ ကြည့်နိုင်တဲ့ လုပ်ဆောင်ချက်ပါ ထည့်ပေးထားတာဖြစ်လို့ အရင်သုံးနေကျ ကွန်‌ဗာတာအက်ပ်တွေလို Floating windows (or) Pop up windows ဖွင့်ပြီး သုံးတဲ့အခါမှာ စာသားတစ်ခုကို ကူးလိုက်တာနဲ့ Pop up windows ကြီးတက်လာလို့ ပြန်ပိတ်ရတာမျိုးတွေ မရှိတော့ဘဲ မိမိစာသားတစ်ခုခုကို ကူးယူလိုက်တာနဲ့ မျက်နှာပြင်ဘေးနားလေးမှာ ပုံထဲကလို App Ic

PK Converter (for PC)

ကွန်ပြူတာအတွက်ကတော့ Text Converter တင် မကဘဲ စုစုပေါင်း သုံးမျိုးပေါင်းပေးထားပါတယ်။ 1. Text Converter 2. Filename Converter 3. MP3 Tag Converter Text Converter ၁။ အတွက်ကတော့ ပြောဖို့ မလိုလောက်တော့ပါဘူး။ APK နဲ့ ခပ်ဆင်ဆင်ပါပဲ။ မပါတာဆိုလို့ Image ဖိုင် ပြောင်းတာပါပဲ။ File name Converter ၂။ Folder လိုက် ရွေးပြီး Folder ထဲမှာ ပါသမျှ file တွေကော folder တွေကော Zawgyi ကနေ Unicode အဖြစ် အကုန် ပြောင်းခိုင်းလို့ ရပါတယ်။ Auto detect ကို On ထားရင် ဇော်ဂျီလို့ ယူဆရတဲ့ ဖိုင်တွေပဲ ပြောင်းပါလိမ့်မယ်။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန် ပြောင်းပေးနိုင်တာမို့ အဆင့် ဘယ်နှဆင့် ဆင်းမလဲ ဆိုပြီး Level ရွေးပေးလို့ ရပါတယ်။ Level 2 ရွေးထားရင် လက်ရှိ ရွေးထားတဲ့ folder ရယ်။ သူ့အထဲက folder နဲ့ file တွေကိုပဲ ပြောင်းပေးပြီး အတွင်းထဲက folder ထဲကို ဆက်မဝင်တော့ပါဘူး။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန်ပြောင်းချင်ရင်တော့ Level 0 ရွေးပေးပါ။ နောက်ဆုံး ပြောင်းထားတဲ့ ဖိုင်မှန်သမျှကို Undo Redo လုပ်ခွင့် ပေးထားပါတယ်။ MP3 Tag Converter ၃။ MP3er ကတော့ MP3 ထဲမှာ ထည့်ထားတဲ့ tag တွေကို ZG to Uni ပြောင်းပေးဖို့ပ

Redmi Note 3 Pro (Code name - Kenzo) ကို Fastboot rom တင်နည်း

Image
လိုအပ်တာတွေကတော့ ၁။ 64 bits Computer (Windows 7/8/8.1/10) ၂။ Mi PC Suite exe ၃။ Mi Flashtool exe ၄။ Fastboot EDL zip ၅။ မိမိတင်လိုသော Fastboot rom file Mi PC Suite exe ဖိုင်ကို ဒီလင့်ကနေ ဒေါင်းပါ။ ပြီးရင် Install လုပ်ပါ။ Install လုပ်ပြီးရင် တစ်ခေါက်ဖွင့်ပေးပါ။ ဖွင့်ပြီးရင် Mi PC Suite ကိုက ပြန်ပိတ်လိုက်လို့ရပါတယ်။ Driver ပြဿနာတက်မှာစိုးလို့ အရံသင့်သွင်းထားတဲ့သဘောပါပဲ။ Mi PC Suite ဒေါင်းရန်  👇👇👇👇👇 http://bigota.d.miui.com/MiFlash/MiSetup2.2.0.7032_2717.exe Mi Flashtol exe ကို အောက်ကလင့်ကနေ ဒေါင်းပါ။ ပြီးရင် Install လုပ်ထားပါ။ Mi Flashtool exe ဒေါင်းရန်  👇👇👇👇👇 https://my.pcloud.com/publink/show?code=XZF5D1Z7QbxQDQ2IqYffzurLTyo0zpgVJ0X Fastboot EDL Zip ဖိုင်ကို အောက်ကလင့်ကနေ ဒေါင်းပါ။ ပြီးရင် Desktop ပေါ်မှာ New folder တစ်ခုလုပ်ပြီး အဲ့ဖိုဒါထဲကို Extract လုပ်ထားပါ။ (Flasboot EDL zip ဖိုင်လေးအတွက် မူရင်းရေးခဲ့တဲ့သူကို Credit ပေးပါတယ်ခင်ဗျာ။) Fastboot EDL zip ဒေါင်းရန် 👇👇👇👇👇 https://my.pcloud.com/publink/show?code=XZB5D1Z

MIUI မှာ ပါဝင်လာတဲ့ Split Screen လုပ်ဆောင်ချက်ကို သုံးသပ်ခြင်း

Image
သတိပြုရမှာက အောက်မှာရေးထားတဲ့လုပ်ဆောင်ချက်ဟာ MIUI Alpha/Experimental ROM မှာပဲ ရသေးတာဖြစ်ပါတယ်။ ဘယ် Beta/Developer ROM ရော Stable ROM မှာမှ မရသေးပါ။ နောက်ပြီး စက်အချို့ကိုသာ ထောက်ပံ့ပေးထားပါသေးတယ်။ ဒီပို့စ်ဟာ လုပ်ဆောင်ချက်အသစ်နဲ့ပက်သက်ပြီး သိထားရအောင်သာ ရည်ရွယ်ပါတယ်။ Mi Max 2 ကို ပွဲထုတ်ခဲ့တုန်းက လေးကျွင်းဟာ MIUI မှာ Split Screen လုပ်ဆောင်ချက်ကို ထည့်ပေးဖို့ စီစဉ်နေတယ်ဆိုတဲ့အကြောင်းကိုပါ ကြေငြာခဲ့ပါတယ်။ အခုအချိန်မှာတော့ လူတိုင်းအတွက် သတင်းကောင်းတစ်ခုကို ပြောပြပေးပါတော့မယ်။ အဲ့ဒါကတော့ Split Screen view ကို MIUI 8 Experimental ROM တွေမှာ အသုံးပြုနိုင်လာပြီဆိုတဲ့အကြောင်းပါ။ လေးကျွင်းပြောခဲ့ပြီးကတည်းက အကြိုစမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့ကြတာဖြစ်ပြီး အခုအချိန်မှာတော့ MIUI Experimental ROM version 7.6.5 မှာတော့ Split Screen view လုပ်ဆောင်ချက် ပါဝင်လာပြီပဲဖြစ်ပါတယ်။ လုပ်ဆောင်ချက်အသစ်နဲ့ပက်သက်ပြီး အကြမ်းဖျဉ်းအနေနဲ့ အောက်မှာပြောပြပေးပါ့မယ်။ Split Screen View ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့ဆိုရင် User တွေဟာ Recent app view ထဲဝင်ပြီး Split Screen ကို နှိပ်လိုက်မှသာ အသုံးပြုနိုင်တာဖြစ်လိ

Android OS သုံး Unicode <=> Zawgyi ကွန်ဗာတာများ

Image
(Myanmar Unicode Converter For Android) Android user တွေအနေနဲ့Zawgyi to Unicode,Unicode to Zawgyi ပြောင်းလဲပေးနိုင်မယ့် Converter လေးတွေကိုစုစည်း တင်ပေးထားပါတယ်။ ကြိုက်နှစ်သက်ရာ Converter ကို ရွေးချယ်၍ စမ်းသပ်အသုံးပြုနိုင်ပါပြီ။ Up To Date ဖြစ်စေရန် Google Play Store လင့်များနှင့်ချိတ်ဆက်ပေးထားပါတယ်။ (1) MM Font Converter https://play.google.com/store/apps/details?id=com.myatminsoe.mmfontconverter Setting ထဲမှ Pop Up ကို onပေးရုံဖြင့်Converter ထဲသို့ဝင်ရောက်ပြောင်းလဲရန်မလိုဘဲမိမိပြောင်းလိုသောစာကိုcopyလုပ်လိုက်ရုံဖြင့်ယူနီကုဒ်အဖြစ်ပြောင်းလဲထားသောစာများကိုဖုန်းscreenတွင် pop up အနေဖြင့်တန်းပေါ်လာမည်ဖြစ်သည်။Andriod version 2.3.3နှင့်အထက်ဖုန်းတွေမှာအသုံးပြုလို့ရပါတယ်။ (2) Zaw Vs Uni Converter https://play.google.com/store/apps/details?id=com.cutaungoo.zawtounicodeconverter Offline Converter အမျိုးအစားဖြစ်ပြီး Android Version 4.0.3 မှစ၍အသုံးပြုနိုင်ပါသည်။ဇော်ဂျီနဲ့ရေးထားသောစာများကိုcopyလုပ်ပြီးပထမဇယားကွက်တွင်pasteပေးခြင်းဖြင့်ဇော်ဂျီစာများကိုယူနီကုဒ

MIUI 8 မှာ တစ်ပါတည်းပါလာတဲ့ မလိုချင်တဲ့ Gapps နဲ့ Bloatware တွေကို Disable လုပ်ခြင်း

Image
ကဲ.... MIUI Rom တင်ကတည်းက စနစ်ထဲမှာ တစ်ခါတည်းပါလာတဲ့ ကိုယ်အသုံးမလိုတဲ့အက်ပ်တွေကို မတွေ့အောင် ဖျောက်ထားချင်ပါသလား။ ဖျောက်ထားချင်ရက်နဲ့ Root မရှိလို့ စိတ်ညစ်နေပါသလား။ အောက်ကပို့စ်လေးကိုဖတ်ကြည့်ပြီး ဖျောက်ထားလို့ရပါပြီ။ ပထမဆုံး ပို့စ်အောက်ဆုံးမှာ ပေးထားတဲ့ attachment.zip ဖိုင်လေးကို ဒေါင်းလုဒ်ပြုလုပ်ပြီး ဖြည်ထုတ်လိုက်ပါ။ အထဲမှာပါတဲ့ App လေးကို သွင်းပါ။ (ထိုအက်ပ်ကို ပလေးစတိုးကနေလည်း တိုက်ရိုက်ဒေါင်းလုဒ်ရယူနိုင်ပါတယ်။  ဒါကတော့ပလေးစတိုးလင့်ခ်ပါ  👇👇👇👇👇 https://play.google.com/store/apps/details?id=de.szalkowski.activitylauncher အက်ပ်ကို သွင်းပြီးရင် ဖွင့်လိုက်ပါ။ အက်ပ်ထဲမှာ အပေါ်ဘယ်ဘက်ထောင့်နားလေးက Recent activities လို့ပြနေတဲ့ Tab လေးကိုနှိပ်ပြီး ပေါ်လာတဲ့မီနူးထဲက All activities ကို ရွေးပေးပါ။ Settings ဆိုတာလေးကို တွေ့အောင်ရှာပြီး နှိပ်လိုက်ပါ။ ပေါ်လာတဲ့စာတွေထဲကမှ Installed apps ဆိုတာကို နှိပ်ပါ။ (တစ်ခုသတိထားရမှာက Settings ဆိုတာလေးကိုနှိပ်လိုက်ရင် ပေါ်လာမယ့်စာတွေထဲမှာ Installed apps ဆိုတာက လေးခုပါပါတယ်။ ကျွန်တော်တို့ရွေးပေးရမှာက ဒုတိယတစ်ခု သို့ တတိယတစ်ခု

Mi Account တစ်ခု ဘယ်လိုဖွင့်မလဲ၊ Mi Account က ဘယ်လိုအသုံးဝင်သလဲ

Image
Xiaomi ဖုန်းတစ်လုံးကို စတင်သုံးစွဲလိုက်ပြီ ဆိုတာနဲ့ မိမိကိုယ်ပိုင် Mi account လေးတစ်ခုတော့ ရှိထားသင့်ပါတယ်။ Mi Account တစ်ခု ဖွင့်လိုက်ပြီဆိုတာနဲ့ မိမိအတွက် Mi Cloud မှာ အချက်အလက်တွေ သိမ်းဆည်းဖို့ Storage ပမာဏ 5 GB ကို အလိုအလျောက် Free ရသွားပြီဖြစ်ပါတယ်။ Mi account လေးက ကိုယ့်ရဲ့ အချက်အလက်တွေကို Mi Cloud နဲ့ချိတ်ဆက်ပြီးတော့ Online မှာ သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။ Mi cloud မှာ သိမ်းဆည်းပေးနိုင်တဲ့အချက်အလက်တွေကတော့ အောက်ကအတိုင်းပါပဲခင်ဗျာ။ Contacts (ဖုန်းနံပါတ်များ) Messages (စာတိုမက်ဆေ့ချ်များ) Gallery (ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုများ) Call history ( ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ) Notes (မှတ်စုများ) WiFi (WiFi ဆက်တင်များ) Calendar (ပြက္ခဒိန်ထဲမှာမှတ်သားထားတဲ့ နေ့ရက်များ) Recorder (အသံဖမ်းယူထားတဲ့ အသံဖိုင်များ) Browser (ကိုယ်မှတ်သားထားခဲ့တဲ့ အင်တာနက်စာမျက်နှာများ) အဲ့ဒီတော့ မိမိကိုယ်ပိုင် Mi Account တစ်ခုကို ဘယ်လိုဖွင့်မလဲ။ (How to create Mi Account) (Mi account ကို စဖွင့်တဲ့အချိန်မှာ Email နဲ့စဖွင့်တာ ပိုအဆင်ပြေမယ်လို့ ယူဆလို့ ကျွန်တော် Email နဲ့ဖွင့်