မကြာခင်မှာ ထွက်ရှိလာတော့မယ့် MIUI 9 အတွက် သင်တို့အားလုံးရော အသင့်ဖြစ်နေကြပြီလား



လက်ရှိအချိန်မှာတော့ MIUI ဟာ တစ်ကမ္ဘာလုံးမှာ သုံးစွဲသူ သန်းနှစ်ရာကျော် ရရှိနေပြီဖြစ်ပြီး နောက်ထပ်လည်း ထပ်ပြီးတိုးလာဖို့ပဲ ရှိနေတဲ့ UI တစ်ခုပါ။ MIUI ဟာဆိုရင် သူ့ရဲ့ စွဲဆောင်မှုရှိတဲ့ UI၊ ကောင်းကောင်းပြုပြင်ဖန်တီးနိုင်တဲ့ သင်းမ်တွေနဲ့ အသုံးဝင်တဲ့လုပ်ဆောင်ချက်ပေါင်းများစွာ ပါဝင်တာကြောင့် သုံးစွဲသူတွေကြားမှာ နာမည်ရနေတဲ့ Custom ROM တွေထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နိုဝင်ဘာလတုန်းက Developer တွေဟာ MIUI 9 ကိုစပြီး ခြေလှမ်းပြင်နေကြပြီလို့ ကြေငြာခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ကျွန်တော်တို့ဟာ အသုံးပြုသူတွေထံက သူတို့လိုချင်တဲ့လုပ်ဆောင်ချက်တွေ၊ သတင်းပို့တင်ပြချက်တွေ အများအပြား ရရှိခဲ့ကြရပါတယ်။ အခုအချိန်မှာတော့ စောင့်နေရတဲ့အချိန်တွေ ကုန်လွန်စေတော့မှာပါ။ နောက်ပြီး MIUI ရဲ့ "အံ့ဩစရာကောင်းတဲ့ တစ်စုံတစ်ခု ဖြစ်ပေါ်လာတော့မယ်လို့ အမြဲတမ်းယုံကြည်ထားပါ" ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း ဖြစ်လာပါတော့မယ်။


Weibo ပေါ်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုအရ အခုအချိန်မှာ MIUI Developer တွေဟာ MIUI 9 အတွက် အာရုံစိုက်ပြီး လုပ်ဆောင်နေကြပြီဆိုတာကို MIUI ကနေ အတည်ပြု ပြောကြားလိုက်ပါပြီ။ အရင်တုန်းက ပြောကြားခဲ့တဲ့အတိုင်း MIUI ရဲ့ နောက်မျိုးဆက်အနေနဲ့ ထွက်ရှိလာမယ့် MIUI 9 ဟာ လက်ရှိထွက်ရှိထားတဲ့ MIUI 8 နဲ့ယှဉ်ရင် ပိုပြီး ရိုးရှင်းတဲ့ UI နဲ့ ထွက်ရှိလာမှာပါ။ လုပ်ဆောင်ချက်အသစ်တွေ ထပ်ပေါင်းထည့်ပေးသွားမယ့်အပြင် Mi Device တွေရဲ့ လုပ်ဆောင်ချက်ကို တိုးတက်လာအောင်၊ ပိုပြီး တည်ငြိမ်တဲ့ MIUI တစ်ခုဖြစ်လာအောင်၊ စွမ်းအင်သုံးစွဲမှုကို ပိုပြီးထိန်းချုပ်လာနိုင်အောင် လုပ်ဆောင်သွားဖို့က MIUI 9 ရဲ့ အဓိကဦးစားပေးရည်မှန်းချက်ပါ။

"၂၀၁၇ ခုနှစ် အစောပိုင်းကတည်းက ကျွန်တော်တို့ရဲ့ Developer တွေကို MIUI နဲ့ပက်သက်ပြီး ပိုမိုကောင်းမွန်လာစေဖို့ အပြင်းအထန် အာရုံစိုက်လုပ်ဆောင်စေခဲ့ပါတယ်။ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ စိတ်ဖိစီးမှုတွေကို ကျော်လွှားနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်း  ကြုံတွေရမယ့် တိုက်ပွဲတွေအတွက် သူရဲကောင်းတွေ လိုအပ်ပါတယ်။ အောင်မြင်တဲ့ရလာဒ်တစ်ခုကို သေသေချာချာ ရရှိနိုင်အောင် Development team ကို အနီးကပ် အလုံပိတ် စမ်းသပ်အဆင့်အနေနဲ့ လုပ်ဆောင်စေခဲ့ပါပြီ။ စနစ်ကို ပိုမိုကောင်းမွန်လာစေဖို့အတွက်နဲ့ အသုံးပြုသူတွေအတွက် ပိုပြီးအကျိုးရှိစေဖို့အတွက် အခုလို လုပ်ဆောင်စေခဲ့တာပဲ ဖြစ်ပါတယ်။"

အထက်က ပြောကြားချက်တွေဟာ MIUI ရဲ့ အက်ဒ်မင်တစ်ဦးဖြစ်သူက ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကစပြီး အချို့သောစက်တွေကို ထောက်ပံ့ပေးတာတွေ ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ဘယ်စက်တွေပါသလဲဆိုတာကတော့ ဒီလင့်ခ်ကနေ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ တစ်ခုသိထားရမှာက အဆိုပါစက်တွေအတွက် ထောက်ပံ့ပေးတာတွေကို ရပ်ဆိုင်းထားခြင်းဟာ အပြီးတိုင်ရပ်ဆိုင်းလိုက်တာ မဟုတ်ဘဲ အလုံပိတ်စမ်းသပ်မှုတွေ ပြီးသွားတာနဲ့ အဆိုပါ ရပ်ဆိုင်းခံထားရတဲ့စက်တွေကို ပြန်လည်ထောက်ပံ့ပေးသွားမယ် ဆိုတာကိုပါ။ Developer တွေဟာ ကျွန်တော်တို့အတွက် ထူးခြားမှုတစ်ခုခုကို ဆောင်ရွက်ပေးနေတယ်ဆိုတာ ယုံကြည်ထားကြဖို့ပါပဲ။

MIUI 7 ရဲ့ ဆောင်ပုဒ်ကတော့ "Your by Design" ဖြစ်ခဲ့ပြီး လက်ရှိ MIUI 8 ရဲ့ ဆောင်ပုဒ်ကတော့ "Simplify Our  life" ဖြစ်ပါတယ်။

MIUI 9 ရဲ့ဆောင်ပုဒ်ကရော ဘာဆက်ဖြစ်လာမလဲဆိုတာကိုတော့ -------------

MIUI 9 ရဲ့ သတင်းကောင်းကို စောင့်စားနေရင်းနဲ့ပဲ MIUI 9 ရဲ့ ‌ဆောင်ပုဒ်ကို မှန်းဆကြည့်ကြရအောင်လားဗျာ။

Original Thread
👇👇👇👇👇

Comments

Post a Comment

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2