Posts

Showing posts from July, 2017

သက်ဆိုင်ရာ Device အလိုက် MIUI 9 China/Global Developer ROM Update ထွက်ရှိမည့်ရက်များအား Xiaomi မှ တရားဝင်ထုတ်ပြန်ကြေငြာ (Release Schedule for MIUI 9 China/Global Developer ROM)

MIUI 9 ကို စတင်စမ်းသပ်နေတဲ့ကာလ ရောက်ပြီဖြစ်တဲ့အတွက်ကြောင့် MIUI 9 China/ Global Developer ROM တွေအတွက် အပတ်စဉ်ထုတ်ပေးနေကျဖြစ်တဲ့ Beta update တွေကို ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ပါတယ်။ ROM အားလုံးအတွက် Update တွေအားလုံးကို ဩဂုတ်လထဲရောက်မှ ပုံမှန်အတိုင်း အောက်မှာဖော်ပြထားတဲ့ အချိန်စာရင်းအတိုင်း ဖြည်းဖြည်းချင်း ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ MIUI 9 China Beta ROM Public release အတွက်က ၈ လပိုင်း ၁၁ ရက်နေ့မှာ Mi 6, Mi 5X, Redmi Note 4X Qualcomm ၈ လပိုင်း ၂၅ ရက်နေ့မှာ Mi Mix, Mi Note 2, Mi 5, Mi 5s, Mi 5s Plus, Mi 5c, Mi Max 2, Mi Max, Mi 4s, Mi 4c, Redmi Note 4X Standard Edition, Redmi 4x ၉ လပိုင်း လကုန်ခါနီးလောက်မှာ Mi1/ 1S/ 2A မှလွဲပြီး ကျန်တဲ့ Mi နဲ့ Redmi အားလုံး MIUI 9 Global Beta ROM Public release အတွက်က ၈ လပိုင်း ၁၁ ရက်နေ့မှာ Mi 6 နဲ့ Redmi Note 4 Qualcomm / Redmi Note 4X ၈ လပိုင်း ၂၅ ရက်နေ့မှာ Mi Note 2, Mi 5, Mi 5s, Mi 5s Plus, Mi Max 2, Mi Max 32G, Mi Max 64G/128G နဲ့ Redmi 4 (India Version) / Redmi 4X ၉ လပိုင်း ကုန်ခါနီ

MIUI 9 အား အကြိုစမ်းသပ်သူများအား ခေါ်ယူခြင်း

Image
Xiaomi ချစ်သူများအတွက် MIUI 9 ကို Mi 5x ဆိုတဲ့ စမတ်ဖုန်းအသစ်နဲ့ အတူ 26.7.2017 ရက်နေ့မှာ စတင် မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ဒီ MIUI 9 ကို မိတ်ဆက်ပွဲ ပြုလုပ်ပီး မှ ဖုန်းတွေကို update ထုတ်ပေးမှာဖြစ်ပါတယ်။ ဒါဆို MIUI 9 က တမ်းရမှာလားဆိုတော့ ချက်ချင်းမရပါဘူး ။ ဖုန်းအမျိုးအစားပေါ်မူတည်ပီး အချိန်အနည်းငယ် စောင့်ရပါမယ် ။ ဒီတော့ ခု xiaomi က MIUI 9 အကြိုစမ်းသပ်သူတွေ ကို ခေါ်ယူ‌နေပါတယ်။ အကြိုစမ်းသပ်သူဆိုတာကတော့ ပုံမှန်အသုံးပြုသူတွေ MIUI 9 မရသေးခင်မှာ ဒီ အကြိုစမ်းသပ်သူတွေက ‌ဦးဆုံးရရှိမယ့်သူတွေပဲဖြစ်ပါတယ်။ ဒီတော့ သိချင်မယ် သိသင့်တယ်ထင်တာလေးတစ်ချို့ကို အမေးအဖြေ သဘောလေး ရေးပေးလိုက်တယ် မေး။ ဒါဆိုအကြိုစမ်းသပ်သူ ဖြစ်ချင်တယ် ဘယ်လိုလုပ်ရမလဲ ? ဖြေ။  ဟုတ်ကဲ့ ။ ဖြစ်စေ၊ ဥုံဖွဆိုပီး မဖြစ်ပါဘူး ခင်ဗျာ ။ လျှောက်လွှာ တင်ရပါမယ်။ မေး။ လျှောက်လွှာတင်လိုက်ရင်ဖြစ်ပီလား ?  ဖြေ။  လျှောက်တဲ့သူတွေ ဒီလောက်အများကြီးဗျာ ။အကုန်ရွေးမလားဗျ။ သူ့လိုအပ်ချက်နဲ့ကိုက်တဲ့သူတွေပဲ ရမှာပေါ့ ။ မေး။ သူတို့ကရွေးတာနဲ့ MIUI 9 ဖြစ်သွားရောလား? ဖြေ။  ၁. မိမိသုံးနေတဲ့ rom ဟာ China Beta Rom ဖြစ်ရပါမယ်။ဘာလို့လဲဆိုတော့ ခုပထမဆုံးပေးတာ c

MIUI 9 မိတ်ဆက်ပွဲ အကြိုသုံးသပ်ချက်: Themes၊ Lock Screen အသစ်၊ Split-Screen လုပ်ဆောင်ချက်အသစ်နဲ့ ရိုးရှင်းပြည့်စုံတဲ့ ROM

Image
ဒီတစ်ပတ်ထဲမှာတော့ အံ့ဩစရာကောင်းတဲ့ တစ်စုံတစ်ခုဟာ တကယ်ပဲ ဖြစ်လာတော့မှာပါ။ Mi 5X နဲ့ MIUI 9 ကို Xiaomi ကနေ မိတ်ဆက်မယ့်ရက်ဟာ ရက်အနည်းငယ်သာ လိုပါတော့တယ်။ လာမယ့် ၂၆ ရက်နေ့ တရုတ်စံတော်ချိန်နဲ့ ၁၄:၀၀ နာရီ (GMT+8) (မြန်မာစံတော်ချိန်နဲ့ဆို နေ့လည် ၁၂:၃၀ နာရီ (GMT+6:30)) မှာ မိတ်ဆက်ပွဲ ပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ MIUI 9 နဲ့ပက်သက်ပြီး လက်ရှိအချိန်အထိ ကျွန်တော်တို့ သိထားသမျှအချက်လေးတွေ ပြန်စုပြီး တင်ပြပေးလိုက်ပါတယ်။ ၁။ MIUI 9 Themes: Default theme အပြင် နောက်ထပ် Theme အသစ်သုံးခု ထပ်ထည့်ပေးထားခြင်း MIUI 9 မှာတော့ Default theme တစ်ခုအပါအဝင် 无界 (No Boundary)၊  幻彩 (Color Fantasy) နဲ့ 炫黑 (Cool Black) ဆိုပြီး နောက်ထပ် Theme အသစ်သုံးခုပါ ထပ်ထည့်ပေးထားပါတယ်။ Theme တစ်ခုချင်းစီရဲ့ နမူနာပုံစံတွေကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်။ Home screen ပေါ်မှာ ကြည့်ရတာ ပိုပြီးအမြင်ရှင်းအောင်လို့ Dock မှာပါတဲ့ Icon တွေကို Label စာသားတွေ ပြပေးတော့မှာ မဟုတ်ပါဘူး။ Theme တစ်ခုချင်းစီအတွက် လက်ရှိပေးထားတဲ့ အင်္ဂလိပ်နာမည်တွေကတော့ အတည်မဟုတ်သေးဘူးလို့ သိရပါတယ်။ 无界 (No Boundary) 幻彩 (C

ဇူလိုင် ၂၆ ရက်နေ့မှာ မိတ်ဆက်ပြသမယ့် Xiaomi Mi 5X ရဲ့ Specification များ ထွက်ပေါ်

Image
Xiaomi ကနေ နောက်ထပ် ထပ်ထုတ်လာမယ့်၊ လာမယ့် ၂၆ ရက်နေ့မှာ ပွဲထုတ်ပြသမယ့် စမတ်ဖုန်းတစ်မျိုးကတော့ ကြော်ငြာပိုစတာအနေနဲ့ ထွက်ပေါ်လာပါပြီ။ 5X လို့ နာမည်ပေးထားတဲ့ Device ရဲ့ Specification တွေလည်း ပေါက်ကြားလာပြီပဲ ဖြစ်ပါတယ်။ Mi 5X ရဲ့ မျက်နှာပြင်ဟာ Full HD Display screen နဲ့  ထောင့်ဖြတ်အကျယ် ၅.၅ လက်မ ရှိပါလိမ့်မယ်။  Mi 5X ကို Premium နဲ့ Standard ဆိုပြီး Varient နှစ်မျိုးနဲ့ ထုတ်ထားပါတယ်။ Premium Varient မှာတော့ RAM 6 GB ROM 64 GB SnapDragon 660 SoC ပါဝင်မှာဖြစ်ပြီး Standard Varient မှာတော့ RAM 4 GB ROM 32 GB SnapDragon 625 SoC ဆိုပြီး ပါဝင်မှာ ဖြစ်ပါတယ်။ ခန့်မှန်းခြေ ဈေးနှုန်းအနေနဲ့ Premium version ကိုတော့ 1999 ယွမ် (295 ဒေါ်လာနီးပါး) ကျသင့်မှာဖြစ်ပြီး Standard version ကတော့ 1499 ယွမ် ကျသင့်မှာ ဖြစ်ပါတယ်။ Mi 5X ကို အနက်ရောင်၊ ရွှေရောင်နဲ့ ပန်းနုရောင်ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာပါ။ Mi5 မှာလိုမျိုး Screen ရှေ့မှာ Home button ပါဝင်လာခြင်း မရှိဘဲ ပါနေကျ Physical button သုံးခုပဲ ပါပါတယ်။ Camera အနေနဲ့ကတော့ 12 Megapixel Dual camera Dual LED တပ်ဆင်ပေးထားပါတယ်။ Fingerpri

MIUI 9 မှာ ပါဝင်လာမယ့် Official Theme နမူနာပုံစံ

Image
အောက်မှာပြထားတဲ့ ပုံတွေကတော့ MIUI 9 မှာ ပါဝင်လာမယ့် Official Theme တစ်ခုကို နမူနာအနေနဲ့ ပြသပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ MIUI ကနေ MIUI 9 ရဲ့ ဒီဇိုင်းပိုင်းနဲ့ပက်သက်ပြီး ကျွန်တော်တို့ကို ထုတ်ဖော်ပြောကြားခွင့် ပေးလိုက်ပါပြီ။ MIUI 9 မှာတော့ Default Theme တစ်ခု အပါအဝင် နောက်ထပ် Theme အသစ်‌သုံးခုကိုပါ ထပ်ထည့်ပေးထားတာဖြစ်လို့ စုစုပေါင်း Theme လေးခု တရားဝင်ပါဝင်လာမှာ ဖြစ်ပါတယ်။ Dock ဒီဇိုင်းကလွဲလို့ MIUI 8 နဲ့ MIUI 9 ကြားမှာ အခြားသော UI ဒီဇိုင်းတွေကို သိသိသာသာကြီး ပြောင်းလဲမှုမလုပ်ထားတာကို တွေ့ရပါတယ်။ တကယ်လို့ တရားဝင်ပုံသေပါဝင်လာတဲ့  Theme လေးခုကို မကြိုက်ရင်လည်း Theme စတိုးပေါ်မှာရှိတဲ့ Theme တွေထဲကနေ မိမိကြိုက်နှစ်သက်ရာကို ဒေါင်းလုဒ်ရယူ အသုံးပြုနိုင်ပါသေးတယ်။ အပေါ်ပုံတွေဟာ MIUI 9 မှာ အသစ်ထပ်ထည့်ထားတဲ့ သင်းမ်သုံးခုထဲက တစ်ခုဖြစ်ပါတယ်။ ပုံထဲမှာ တွေ့ရတဲ့အတိုင်း လက်ရှိ MIUI 8 မှာ အသုံးပြုနေတဲ့ လေးထောင့်ဆန်ဆန် Icon တွေကို Icon အသစ်တွေနဲ့ အစားထိုးထားပါတယ်။ MIUI 9 ROM ကို တင်ပြီးလို့ ပထမဆုံးအကြိမ် Set up လုပ်တဲ့အချိန်မှာ မိမိကြိုက်နှစ်သက်ရာ  Theme  တစ်ခုကို ရွေးချယ်အသုံးပြုနိုင်ပါတ

ဇူလိုင်လ ၂၆ ရက်နေ့မှာ Mi 5X နဲ့အတူ မိတ်ဆက်ပြသတော့မယ့် MIUI 9

Image
MIUI ချစ်သူတွေ စောင့်မျှော်နေကြတဲ့ MIUI 9 ကို စပြီးမိတ်ဆက်ပေးပါတော့မယ်။ အရင်ကလည်း Xiaomi ကနေ ၂၀၁၇ ဩဂုတ်လ ၁၆ ရက်နေ့ မတိုင်ခင်မှာ MIUI 9 ကို မိတ်ဆက်မယ်ဆိုတဲ့အကြောင်း အရိပ်အမြွက် ပြောပြပေးခဲ့ပြီးပါပြီ။ အခုတော့ စတင်မိတ်ဆက်မယ့်ရက်စွဲကို တရားဝင် ကြေငြာလိုက်ပါပြီ။ အဲ့တော့ ပြက္ခဒိန်ပေါ်မှာ ရက်စွဲလေးတွေကို တစ်ရက်ပြီးတစ်ရက် မှတ်ထားပြီး သတင်းကောင်းအတွက်သာ အသင့်ပြင်ထားပါတော့။ Mi 5X နဲ့ MIUI 9 စတင်မိတ်ဆက်ပွဲကို တရုတ်နိုင်ငံမှာ ဇူလိုင်လ ၂၆ ရက်နေ့ ၁၄:၀၀ နာရီအချိန်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အချိန်တွေလည်း ကုန်လွန်သွားပြီးပါပြီ။ MIUI 8 ကို စတင်မိတ်ဆက်ခဲ့တာဆိုရင် ၄၄၂ ရက် ရှိသွားခဲ့ပါပြီ။ စိတ်ချပါ... သင်တို့ စိတ်မပျက်စေရပါဘူး။ စောင့်ရတဲ့အရာအားလုံးအတွက် စောင့်ရကျိုးနပ်စေမှာပါ။ အခုလက်ရှိအချိန်မှာတော့ MIUI 9 နဲ့ပက်သက်ပြီး ကျွန်တော်တို့ သိထားသလောက် အချက်အလက်တွေကတော့: Lock screen မှာရှိတဲ့ Shortcut တွေကို ပြန်လည်ပြင်ဆင်ထားပါတယ်။ Split-Screen လုပ်ဆောင်ချက်ကို ထည့်ပေးထားပါတယ်။ မူလရှိပြီးသား Default themes တွေအပြင် Theme အသစ်သုံးခု ထပ်ထည့်ထားပါတယ်။ သိပ်အသုံးမပြုတဲ့အက်ပ်တွေကို ဖယ်ထုတ်ထားပါတယ

Smart Assistant ကို အဆင့်မြှင့်ထားတဲ့ MIUI 9 မှာ ပါဝင်လာမယ့် Quick Card

Image
Xiaomi ရဲ့ CEO ဖြစ်သူ လေကျွင်းအဆိုအရတော့ MIUI 9 ဟာ ပေါ့ပေါ့ပါးပါး၊ သွက်သွက်လက်လက်နဲ့ စွမ်းအင်ခြွေတာပေးနိုင်ဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ MIUI Developer တွေဟာ MIUI 9 မှာ လုပ်ဆောင်ချက်အသစ်တွေ ထပ်မံထည့်သွင်းသွားဖို့ ကြိုးစားနေကြတဲ့အပြင် CEO လေးကျွင်းရဲ့ ရည်မှန်းချက်အောင်မြင်အောင်ပါ လုပ်ဆောင်နေကြရပါတယ်။ လက်ရှိ ထွက်ရှိထားတဲ့ MIUI 8 အထိ MIUI Rom တွေမှာ အသုံးနည်းတဲ့လုပ်ဆောင်ချက်တွေကို ဖယ်ရှားသွားမှာ ဖြစ်တဲ့အတွက်ကြောင့် နဂိုထက်တော့ ပိုပြီး ပေါ့ပါးသွားမှာ သေချာပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ MIUI 9 မှာ စနစ်အက်ပ်တွေကိုပါ Root access ရရှိစရာမလိုဘဲ သုံးစွဲသူက ဖျက်ပစ်နိုင်ပါတယ်တဲ့။ MIUI 8 Alpha Rom တွေဟာဆိုရင် Developer တွေအတွက် နောက်ထပ်ထွက်ရှိလာမယ့် MIUI 9 Rom မှာ ပါဝင်လာမယ့် လုပ်ဆောင်ချက်တွေ၊ စနစ်တည်ငြိမ်မှုရှိမရှိကို စမ်းသပ်သုံးစွဲပေးရတဲ့ Rom တွေပါ။ တကယ်လို့ သင်ဟာလည်း MIUI 8 Alpha Rom Beta tester တစ်ယောက်ဆိုရင် MIUI 9 နဲ့ပက်သက်တဲ့ သဲလွန်စလေးတွေကို တွေ့နေရမှာ အသေအချာပါပဲ။ သတိပြုမိစရာ ပြောင်းလဲမှုတစ်ခုကတော့ MIUI 8 မှာ လက်ရှိပါဝင်နေတဲ့ Smart assistant လုပ်ဆောင်ခ

Xiaomi ဖုန်းတွင် မြန်မာယူနီကုဒ် အသုံးပြုရန်အတွက် Default ဖောင့် ပြန်ပြောင်းခြင်း (လုပ်နည်းဗီဒီယိုပါ ထည့်ထားပါတယ်)

Image
လုပ်ပုံလုပ်နည်း ဗီဒီယိုကြည့်ရန် 👇👇👇👇👇 https://youtu.be/i52XFR3T_qw Xiaomi ဖုန်း အသုံးပြုသူများအတွက် မိမိလက်ရှိအသုံးပြုနေတဲ့ ဇော်ဂျီဖောင့်ကနေ ယူနီကုဒ်စနစ် စံမြန်မာစာကို ပြောင်းလဲအသုံးပြုလိုသူများအတွက် Default ဖောင့်ကို ပြန်လည်ပြောင်းလဲပုံကို ပြထားတဲ့ ဗီဒီယိုလေးပါ။ တကယ်တန်းတော့ MIUI မှာက ယူနီကုဒ်စနစ်က ပါဝင်ပြီးသားပါ။ အဲ့ဒီယူနီကုဒ်စနစ်ထဲမှာလည်း မြန်မာဘာသာအတွက် တစ်ပါတည်းပါပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဇော်ဂျီဖောင့် အသုံးပြုနေကြတဲ့သူများ ယူနီကုဒ်စနစ်ထဲမှာ ပါပြီးသား စံမြန်မာစာကို ပြန်လည်အသုံးပြုလိုကြတယ်ဆိုရင် ဖုန်းရဲ့ Home screen ပေါ်မှာရှိတဲ့ Theme ထဲဝင်ပြီး ဘယ်ဘက်အပေါ်ထောင့်လေးက လူပုံလေး (My account) ကိုနှိပ်လိုက်ပါ။ ပေါ်လာတဲ့စာမျက်နှာထဲက Font ထဲကို ဝင်ပါ။ ထိပ်ဆုံးမှာရှိတဲ့ Default ဆိုတာကို နှိပ်ပါ။ ပြီးရင် ပေါ်လာတဲ့စာမက်ေနှာထဲက အောက်နားလေးမှာရှိတဲ့ Apply ဆိုတာကို နှိပ်ပါ။ Reboot လုပ်မလားမေးရင် Reboot လုပ်ပေးလိုက်ပါ။ Reboot ဖြစ်သွားပြီး စက်ပြန်တက်လာရင် ယူနီကုဒ်စနစ် စံမြန်မာစာကို အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။ တကယ်က ပါပြီးသားကို ပြန်ပြောင်းအသုံးချခြ

ပေါက်ကြားလာတဲ့ MIUI 9 မှာ ပါဝင်လာမယ့် Lock screen အကြောင်း

Image
Mi ဖုန်းတွေအတွက် မျှော်လင့်စောင့်စားနေရတဲ့ System update ကြီးတစ်ခုဖြစ်တဲ့ MIUI 9 ကို MIUI ကနေ ဩဂုတ်လ ၁၆ ရက်နေ့ မတိုင်ခင်မှာ စတင်မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ MIUI 1 ကနေ စတင်ပြီးတော့ MIUI ဟာ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ လူသန်းပေါင်း ၂၀၀ ကျော်လောက်အတွက် စိတ်ကျေနပ်စရာ စက်လည်ပတ်မှုစနစ်တစ်ခုအဖြစ် ရပ်တည်နေခဲ့တာပါ။ အသစ်ထွက်ရှိလာမယ့် MIUI 9 မှာဆိုရင်လည်း ဘက်ထရီသုံးစွဲမှု ပိုခံအောင်၊ ချော့မွေ့ပြေပြစ်သွက်လက်စွာ အလုပ်လုပ်ဆောင်နိုင်အောင်ဆိုပြီး ပိုပြီးအဆင့်မြင့်တဲ့ မွမ်းမံမှုတွေ လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ MIUI 9 ကို စတင်မိတ်ဆက်တော့မယ့်အချိန်ဟာလည်း သိပ်မကြာတော့ပါဘူး။ ကျွန်တော်တို့လည်း ခင်ဗျားတို့လိုပဲ စိတ်လှုပ်ရှား ရင်ခုန်နေကြတာပါ။ MIUI ဟာ Weibo ရဲ့ အမေးအဖြေကဏ္ဍမှာ ဆွေးနွေးနေရင်းနဲ့ MIUI 9 ရဲ့ Lock screen ပုံစံအသစ်ကို ထုတ်ဖော်ပြသ‌လိုက်ပါတယ်။ အောက်ပုံလေးဟာ MIUI 9 မှာ ပြောင်းလဲသွားမယ့် Lock screen ပေါ်က Shortcut နေရာချထားရှိပုံ ပုံလေးပါ။ MIUI 8 မှာ Rom တင်ပြီးပြီးချင်း တွေ့ရမယ့် ပုံသေသတ်မှတ်ထားတဲ့ Lock screen shortcut တွေက မျက်နှာပြင်ရဲ့ ညာဘက်မှာဆိုရင် ကင်မရာအက်ပ်ဖြ

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2

Image
Wallpapers and fonts ပါမှသာ အသုံးပြုနိုင်ပါသည်။ Download ရလာတဲ့ VivoPaOhOne.txj ဖွင့်ပါ။ ပြီးရင် Apply နှိပ်ပေးယုံပါပဲ။ မြန်မာယူနီကုဒ်နဲ့ လန်းနိုင်ပါပြီ။ သို့မဟုတ် နောက်တစ်နည်းတော့ Download ရလာတဲ့ VivoPaOhOne.txj ကို ကူးယူပြီး Download Folder ထဲမှာ Theme Folder > Fonts Folder ရှိပါမယ်။ အဲ့ထည့်မှာ ထည့်ပါ။ ပြီးရင် Setting > Wallpapers and fonts > Font > PaOh One ကို Applying လုပ်ပေးရပါမည်။ အိုကေပါပြီ။ Vivo အတွက် မြန်မာယူနီကုဒ်ဖောင့်အား ဒေါင်းလုဒ်ရယူရန် 👇👇👇👇👇 https://app.box.com/s/komfucheezuep6lgigs6aw0zfoexbst3 ဒါကတော့ KengTawng ဖောင့်ကို Vivo မှာ သုံးဖို့ လုပ်ထားတာပါ။ 👇👇👇👇👇 https://my.pcloud.com/publink/show?code=XZ56CvZWVkwqXWRdmR1dD5kVo1wk8KaJ4Pk Credit: ကိုခွန်စိုးဇော်သူ စာရိုက်ဖို့အတွက်ကတော့ ကိုအောင်သူရရေးသားတဲ့ M3 Keyboard ကို အသုံးပြုနိုင်ပါတယ်။ အောက်ကလင့်ခ်ကနေ M3 Keyboard ကို ပလေးစတိုးကနေ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ 👇👇👇👇👇 https://play.google.com/store/apps/details?id=mm.co.aty.android.m3keyboardl ဒါကတော့ Android O