ဇူလိုင်လ ၂၆ ရက်နေ့မှာ Mi 5X နဲ့အတူ မိတ်ဆက်ပြသတော့မယ့် MIUI 9
MIUI ချစ်သူတွေ စောင့်မျှော်နေကြတဲ့ MIUI 9 ကို စပြီးမိတ်ဆက်ပေးပါတော့မယ်။ အရင်ကလည်း Xiaomi ကနေ ၂၀၁၇ ဩဂုတ်လ ၁၆ ရက်နေ့ မတိုင်ခင်မှာ MIUI 9 ကို မိတ်ဆက်မယ်ဆိုတဲ့အကြောင်း အရိပ်အမြွက် ပြောပြပေးခဲ့ပြီးပါပြီ။ အခုတော့ စတင်မိတ်ဆက်မယ့်ရက်စွဲကို တရားဝင် ကြေငြာလိုက်ပါပြီ။ အဲ့တော့ ပြက္ခဒိန်ပေါ်မှာ ရက်စွဲလေးတွေကို တစ်ရက်ပြီးတစ်ရက် မှတ်ထားပြီး သတင်းကောင်းအတွက်သာ အသင့်ပြင်ထားပါတော့။ Mi 5X နဲ့ MIUI 9 စတင်မိတ်ဆက်ပွဲကို တရုတ်နိုင်ငံမှာ ဇူလိုင်လ ၂၆ ရက်နေ့ ၁၄:၀၀ နာရီအချိန်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အချိန်တွေလည်း ကုန်လွန်သွားပြီးပါပြီ။ MIUI 8 ကို စတင်မိတ်ဆက်ခဲ့တာဆိုရင် ၄၄၂ ရက် ရှိသွားခဲ့ပါပြီ။ စိတ်ချပါ... သင်တို့ စိတ်မပျက်စေရပါဘူး။ စောင့်ရတဲ့အရာအားလုံးအတွက် စောင့်ရကျိုးနပ်စေမှာပါ။
အခုလက်ရှိအချိန်မှာတော့ MIUI 9 နဲ့ပက်သက်ပြီး ကျွန်တော်တို့ သိထားသလောက် အချက်အလက်တွေကတော့:
- Lock screen မှာရှိတဲ့ Shortcut တွေကို ပြန်လည်ပြင်ဆင်ထားပါတယ်။
- Split-Screen လုပ်ဆောင်ချက်ကို ထည့်ပေးထားပါတယ်။
- မူလရှိပြီးသား Default themes တွေအပြင် Theme အသစ်သုံးခု ထပ်ထည့်ထားပါတယ်။
- သိပ်အသုံးမပြုတဲ့အက်ပ်တွေကို ဖယ်ထုတ်ထားပါတယ်။
မှတ်ချက်။ ။ ဒီပို့စ်မှာပြောပြခဲ့တဲ့အချက်အလက်တွေဟာ MIUI 9 China Rom တွေအတွက်သာ ရည်ညွှန်းတာဖြစ်ပါတယ်။
Original Thread
👇👇👇👇👇
Comments
Post a Comment