MANIC KEYBOARD
အခုတလော ယူနီကုဒ်အသုံးပြုသူတွေနဲ့ ဇော်ဂျီဖောင့်အသုံးပြုရာကနေ ယူနီကုဒ်စနစ်ကို ပြောင်းလဲအသုံးပြုကြတဲ့ သုံးစွဲသူတွေကြားမှာ ရေပန်းစားလာတာကတော့ Manic keyboard လို့ခေါ်တဲ့ စာရိုက်လက်ကွက်လေးတစ်ခုပဲ ဖြစ်ပါတယ်။ တီထွင်ဖန်တီးရေးသားထုတ်ဝေသူကတော့ ကိုလွင်မင်းခန့်ပါ။ ကီးဘုတ်ရေးသားဖို့အတွက် လိုအပ်တဲ့ကုဒ်တွေကိုတော့ အခမဲ့ရင်းမြစ်တစ်ခုဖြစ်တဲ့ AnySoft Keyboard ကနေ မှီငြမ်းထားပါတယ်လို့ ပြောပါတယ်။ Manic Keyboard ဟာ တကယ်တော့ သူသူကိုယ်ကိုယ်ကီးဘုတ်တွေလိုမျိုး စာရိုက်ကီးဘုတ်တစ်ခုပါပဲ။ ဒါပေမယ့် ပြည်တွင်း Developer တစ်ယောက်က ရေးသားတာဖြစ်တဲ့အတွက် ပြည်တွင်းကအသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေ၊ တုံ့ပြန်သံတွေကို နားထောင်ပြီး သုံးစွဲသူတွေရဲ့လိုအပ်ချက်နဲ့ အတတ်နိုင်ဆုံး ထပ်တူကျအောင် ဖန်တီးပေးထားတာဖြစ်လို့ စတင်ထုတ်ဝေတဲ့အချိန်ကစပြီး အချိန်တိုအတွင်းမှာ လူသိများလာတာပဲ ဖြစ်ပါတယ်။ နောက်ပြီ သူ့အရင်ထွက်ခဲ့ဖူးသမျှ ကီးဘုတ်တွေရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို နမူနာယူပြီး ရေးသားထားတာဖြစ်လို့ အကောင်းတွေချည်းစုနေတဲ့သဘောမျိုးလည်း ဖြစ်သွားပါတယ်။ ကဲ..... ကီးဘုတ်ကို အမွှန်းတင်နေတာလည်း တော်လောက်ပြီ။ အောက်မှာ သူ့ရဲ့အားသာချက်၊ အားနည်းချက်တွေကို တစ်ခ