Android OS ၏ Firefox browser တွင် MUA Web Unicode Converter Addon ထည့်သွင်းအသုံးပြုခြင်း

မင်္ဂလာပါ
ကျွန်တော် အခုပြောပြပေးမှာကတော့ Android OS ပေါ်မှာ Firefox browser သွင်းပြီး ဇော်ဂျီဖောင့်နဲ့ရေးသားထားတဲ့ အင်တာနက်စာမျက်နှာတွေကို မှန်ကန်တဲ့မြန်မာစာနဲ့ ဘယ်လိုဖတ်ရှုရမလဲဆိုတဲ့နည်းလမ်းလေးပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဖုန်းတွေမှာ နိုင်ငံတကာစံနှုန်းဖြစ်တဲ့ ယူနီကုဒ်စနစ်သုံး မြန်မာစာက ပါဝင်ပြီးသားဖြစ်ပေမယ့် ဆယ်စုနှစ်တစ်ခုကြာအောင် အရိုးစွဲနေပြီဖြစ်တဲ့ စံနှုန်းမမီတဲ့ဇော်ဂျီဖောင့်ကိုသာ လူအများစုက အသုံးပြုနေကြတာဖြစ်လို့ သတင်းဌာနတွေနဲ့ နည်းပညာဝက်ဘ်ဆိုက်တွေကလည်း သူတို့ရဲ့ အင်တာနက်စာမျက်နှာတွေမှာ ဇော်ဂျီဖောင့်ကိုသာ၊အသုံးပြုပြီး ရေးသားထားကြတာ များပါတယ်။ အဲဒါကြောင့်မို့လိုလည်း ဖေ့စ်ဘုတ်လိုလူမှုကွန်ယက်တွေမှာ သတင်းဌာနတွေကပေးထားတဲ့ လင့်ခ်တွေထဲဝင်ကြည့်လိုက်ရင် ဖုန်းထဲမှာပါဝင်ပြီးသား ယူနီကုဒ်စနစ်သုံးဖောင့်နဲ့တွေ့တော့ စာတွေက မမှန်ကြတော့တာပါ။ အဲဒီပြဿနာကို အလွယ်တကူ ဖြေရှင်းလို့လည်း ရနိုင်ပါတယ်။ အဲ့လိုဖြေရှင်းတဲ့နေရာမှာလည်း ဖုန်းမှာ Root access ရှိဖို့ မလိုသလို ထူးထူးခြားခြားလည်း လုပ်စရာမလိုပါဘူး။ လုပ်ရတာလည်း လွယ်ပါတယ်။

ပထမဆုံး Firefox browser ကို အောက်မှာပေးထားတဲ့ ပလေးစတိုးလင့်ခ်ကနေ ဒေါင်းလုဒ်ရယူပါ။


ပြီးရင် Firefox browser ကိုဖွင့်လိုက်ပါ။ သတင်းဌာနတစ်ခုခုရဲ့ အင်တာနက်စာမျက်နှာထဲကို ဝင်လိုက်ပါ။ ကျွန်တော်က နမူနာအနေနဲ့ Eleven News ထဲကို ဝင်ပြထားပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း စာတွေမမှန်တာကို တွေ့ရမှာပါ။
အပေါ်ညာဘက်အစွန်ဆုံးက အစက်ကလေးသုံးစက်ကို နှိပ်လိုက်ပါ။

ပေါ်လာတဲ့မီနူးထဲက Add-ons ကိုနှိပ်ပါ။

about:addons ဆိုတဲ့ Tab တစ်ခု ပွင့်လာပါလိမ့်မယ်။ အဲ့ဒီစာမျက်နှာထဲကမှ Browse all Firefox add-ons ဆိုတဲ့အထဲဝင်လိုက်ပါ။

ပေါ်လာတဲ့စာမျက်နှာထဲကမှ အပေါ်ဘယ်ဘက်အစွန်မှာရှိတဲ့ search box လေးထဲမှာ mua web unicode converter လို့ ရိုက်ထည့်လိုက်ပါ။

ထိပ်ဆုံးမှာ MUA logo နဲ့ add-on ကို တွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။

Add-on အကြောင်းကို ရှင်းပြထားတဲ့စာမျက်နှာကို တွေ့ပါလိမ့်မယ်။

+ Add to Firefox ကိုနှိပ်လိုက်ပါ

Downloading add-on လို့ပေါ်လာပြီး ခဏလေးအတွင်းမှာပဲ Firefox ထဲကို ဒီ add-on သွင်းမှာလားဆိုပြီး မေးတဲ့ box လေး ပေါ်လာပါလိမ့်မယ်။ ပြီးတော့ add-on ရ သုံးဖို့လိုအပ်တာကို ခွင့်ပြုချက်တောင်းပါလိမ့်မယ်။ Add ကိုပဲ နှိပ်ပေးလိုက်ပါ။


အောက်နားလေးမှာ Installation complete ဆိုတဲ့စာလေး ပေါ်လာပြီးရင် ရပါပြီ။ Back ခလုတ်နဲ့ about:addons ဆိုတဲ့နေရာရောက်အောက် ပြန်သွားပါ။ MUA Web Unicode Converter ဆိုတဲ့ add-on တစ်ခုရောက်နေတာ တွေ့ရမှာပါ။


ဒါဆိုရင်တော့ ရပါပြီ။ Firefox ထဲကို MUA Web Unicode Converter ဆိုတဲ့ add-on ထည့်တာ ပြီးပါပြီ။ စောနက စာမမှန်တဲ့ သတင်းဌာနရဲ့စာမျက်ကို ပြန်သွားပြီး Refresh လုပ်ပေးလိုက်ပါ။ အောက်ကပုံလေးအတိုင်း စာတွေမှန်နေတာကို တွေ့ရမှာပါ။ နောက်ပိုင်း လင့်ခ်တွေကို Firefox browser ကနေ ဝင်ကြည့်တဲ့အခါတွေမှာ စာတွေအားလုံးမှန်နေတာကိုပဲ တွေ့ရတော့မှာပါ။



အဆင်ပြေကြပါစေ။

လုပ်နည်းဗီဒီယိုလင့်ခ်လေးပါ ထည့်ပေးထားပါတယ်။ ဝင်ကြည့်လို့ရပါတယ်။


Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2