Posts

Showing posts from August, 2017

အသစ်ပြင်ဆင်ထားတဲ့ MIUI Gallery Editing Tool နဲ့ အသစ်ပါဝင်လာတဲ့ Collage Feature

Image
MIUI ဟာ Gallery app ထဲမှာ ဓာတ်ပုံတွေကို ကောင်းကောင်းပြင်ဆင်တာတွေ၊ တည်းဖြတ်တာတွေ လုပ်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်နေခဲ့တာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် MIUI 9 မှာ Gallery app အတွက် ပထမဆုံးအနေနဲ့ ယနေ့ခေတ် လူငယ်တွေကြားမှာ အသုံးများနေတဲ့ Collage ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ကို ထည့်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ ၁။ Gallery Editing tool အသစ် MIUI 8 မှာ ပါဝင်ခဲ့တဲ့ Gallery editor ဟာဆိုရင် အသုံးပြုရတာ လွယ်ကူကောင်းမွန်တဲ့အတွက် နာမည်ရပြီးသား Tool တစ်ခုပါ။ ဒါပေမယ့် ဖုန်းထဲမှာပဲ ဓာတ်ပုဲတွေကို ပြင်ဆင်တတ်တဲ့သူတွေကတော့ အဲ့ဒါထက်ပိုပြီး ပြင်ဆင်တည်းဖြတ်လို့ရဖို့အတွက် လုပ်ဆောင်ချက်တွေကို လိုချင်တဲ့အတွက် အပြင်ကဆော့ဝဲကို သွင်းပြီး အသုံးပြုကြရပါတယ်။ MIUI မှာဆိုရင်လည်း MIUI အသုံးပြုသူတွေ အပြင်ကဆော့ဝဲသီးသန့် ထပ်သွင်းစရာမလိုအောင်ဆိုပြီး MIUI 9 ရဲ့ Gallery editing tool ကို MIUI 8 ထက်ပိုပြီး ပြည့်စုံကောင်းမွန်အောင် ပြုပြင်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ အရင်တုန်းက Photo Enhance ဆိုတဲ့ခေါင်းစဉ်အောက်က Auto Mode ဆိုတဲ့နာမည်ကို Beautify ဆိုတဲ့ နာမည်ပြောင်းထားပြီး သူ့ဘာသာသူ သီးသန့်အုပ်စုတစ်ခု သတ်မှတ်လိုက်ပါတယ်။

Xiaomi Redmi Note 5A Specifications and Pictures

Image
မင်္ဂလာပါ မနေ့ကလေးတင် Xiaomi က Redmi Note 5A ကို စတင်မိတ်ဆက်ပေးခဲ့ပြီး ဖြစ်တယ်ဆိုတာ အားလုံးလည်း သိပြီးကြမှာပါ။ Redmi Note 5A မှာဆိုရင် Screen protection အနေနဲ့ Gorilla Glass ပါဝင်လာပြီး Snapdragon 425 Quad-core 64 bits processor တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီအနေနဲ့က 3080 mAh ပါဝင်မှာဖြစ်ပြီး တစ်နေ့တာ ပုံမှန်အသုံးပြုဖို့အတွက် လုံလုံလောက်လောက် ရှိပါတယ်။ Storage အတွက်ကတော့ RAM 2GB ROM 16 GB ပါဝင်မှာဖြစ်ပြီး External SD Card ထပ်ထည့်ပြီး 128 GB အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့က Sim Slot နှစ်ခုပါဝင်တဲ့အပြင် SD Card slot ကိုပါ သပ်သပ်ထည့်ပေးထားတဲ့အတွက် အရင်မော်ဒယ်တွေလို SD card အသုံးပြုချင်တယ်ဆိုရင် Sim တစ်ကဒ်ပဲ အသုံးပြုလို့ရတာမျိုး မရှိတော့ပါဘူး။ အောက်က ပုံလေးတွေကတော့ Redmi Note 5A ရဲ့ ပုံလေးတွေပါ။ http://en.miui.com/thread-763423-1-1.html http://overseas.weico.cc/share/5475859.html?weibo_id=4143315941109391

Xiaomi ဖုန်းအားလုံးအတွက် Bootloader Unlock လုပ်ခြင်း (Mi A1 မှလွဲ၍)

Image
၁။ http://en.miui.com/unlock / ကိုနှိပ်ပြီး Unlock page ထဲကိုဝင်ပါ။ Mi account ဝင်ပေးရမယ့်နေရာကို တွေ့ပါလိမ့်မယ်။ Mi account မဝင်ရသေးရင် Mi account ဝင်ပေးလိုက်ပါ။ (မှတ်ချက်။ ။ ဖြည့်ပေးမယ့် Mi account ဟာ မိမိလက်ရှိသုံးနေတဲ့ ဖုန်းနံပါတ်နဲ့ Bind ထားပြီးသားဖြစ်နေရပါမယ်။) ၂။ Unlock page ထဲရောက်ရင် Unlock Now ဆိုတဲ့ခလုတ်ကို တွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။ ၃။ နောက်စာမျက်နှာတစ်ခုမှာ အကွက်လေးတွေ တွေ့ရပါလိမ့်မယ်။ ပထမဆုံးအကွက်ထဲမှာ မိမိနာမည်ကို ဖြည့်ပေးပါ။ ပြီးရင် အောက်က China (+86) ဆိုတဲ့အကွက်ကိုနှိပ်လိုက်ပါ။ Myanmar (+95) ကိုရှာပြီး နှိပ်လိုက်ပါ။ သူ့အောက်ကအကွက်ထဲမှာ မိမိ Mi account နဲ့ Bind ထားတဲ့ ဖုန်းနံပါတ်ကို ရှေ့က 0 ဖြုတ်ပြီး ဖြည့်ပေးပါ (ဥပမာ - 09 123456789 => 9 123456789 )။ ပြီးရင် သူ့အောက်က အကွက်ကြီးထဲမှာ ဘာကြောင့် Unlock လုပ်ချင်ရသလဲဆိုတဲ့ အကြောင်းပြချက်ကို ရေးပေးပါ။ ရေးပြီးသွားရင် အောက်က I accept ဆိုတဲ့ စာတန်းရှေ့မှာ အမှန်ခြစ်ကလေး ပေးလိုက်ပါ။ ပြီးရင် Apply Now ကို နှိပ်ပါ။ ၄။ နောက်စာမျက်နှာတစ်ခုမှာ စောစောက ဖြည့်ခဲ့တဲ့ ဖုန်းနံပါတ်ဆီ Varification code ပို့ပေးမယ်၊ ဖြည့်ပေးပါဆိုပ

MIUI 9 ကို ဘယ်လို Update လုပ်မလဲ

Image
ပြီးခဲ့တဲ့ ၁၁ ရက်နေ့က Xiaomi ကနေ Redmi Note 4 Qualcomm /4X နဲ့ Xiaomi Mi 6 တို့အတွက် MIUI 9 Update ကို Beta ROM အနေနဲ့ China version ရော Global version ပါ ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခြားစက်တွေအတွက်လည်း နောက်ပိုင်းမှာ သူ့အချိန်စာရင်းအတိုင်း ဖြည်းဖြည်းချင်း ထုတ်ပေးသွားဖို့ ရှိပါလိမ့်မယ်။ ဒါကြောင့် Update တင်ဖို့အတွက် ဘယ်လိုတင်ရမလဲဆိုတာ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဒီပို့စ်လေးကို ရေးသားလိုက်ပါတယ်။ အထောက်အကူရမယ်ဆိုရင် ကျေနပ်ပါပြီ။ ကဲ ... စလိုက်ကြရအောင်ပါ။ ပထမဆုံးအနေနဲ့ ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံတွေ၊ သီချင်းတွေနဲ့ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာဖိုင်တွေ အက်ပ်တွေကို Backup ကြိုလုပ်ထားပါလို့ ပြောပါရစေ။ Upgrade လုပ်နေတဲ့အချိန်၊ Flashing လုပ်နေတဲ့အချိန်မှာ အခန့်မသင့်ရင် ပျက်စီးဆုံးရှုံနိုင်တဲ့အတွက်ကြောင့်ပါ။ သက်ဆိုင်ရာဖုန်းတွေအတွက် ဒေါင်းလုဒ်ပြုလုပ်ရမယ့် ROM တွေရဲ့ လင့်ခ်ကို ပေးထားပါတယ်။ ဒေါင်းလုဒ်ပြုလုပ်ထားပါ။ ROM ဒေါင်းလုဒ်ပြုလုပ်ရန် System Update/Updater App ကနေ တင်နည်း Global Stable ROM/ Global Beta ROM သုံးနေတဲ့သူတွေက- သင့်စက်အတွက် Recobery ROM ကို ဒေါင်းလုဒ

MIUI 9 Global Beta ROM 7.8.10 Changelog Preview: A Lightening Fast System

Image
MIUI 9 Global Beta ROM ကို လာမယ့် သောကြာနေ့ ၁၁ ရက်နေ့မှာ ပထမဆုံးအနေနဲ့ Redmi Note 4/4X Qualcomm (Code name - Mido) နဲ့ Mi 6 တို့အတွက် ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ လက်ရှိ MIUI 8 Global Beta ROM အသုံးပြုနေတဲ့သူများကတော့ သောကြာနေ့ကျရင် Updater ကနေ စစ်ကြည့်ပြီး ရရင် OTA Update တန်းတင်လို့ ရပါပြီ။ Stable ROM အသုံးပြုနေတဲ့သူတွေကတော့ MIUI 9 Global Beta ROM ကို အသုံးပြုချင်ရင် Bootloader Unlock အရင်လုပ်ပြီးမှ Mi Flash tool ကနေ Clean all နဲ့ Fastboot ROM တင်ပြီး အသုံးပြုနိုင်ပါတယ်။ MIUI 9 Global Beta ROM ရမယ့် ဒုတိယအသုတ် မှာတော့ Mi Note 2 / Mi 5 / Mi 5s / Mi 5s Plus / Mi Max 2 / Mi Max နဲ့ Redmi 4/4X တို့ ပါဝင်မှာဖြစ်ပြီး ရရှိမယ့်ရက်ကိုတော့ ကြေငြာခြင်း မရှိသေးပါဘူး။ MIUI 9 Global Beta ROM ရမယ့် တတိယအသုတ် မှာတော့ Redmi 2 / Redmi 2 Prime / Mi 3 / Mi 4 / Redmi Note 3 Qualcomm / Redmi Note 3 Special Edition / Redmi Note 4 MTK / Mi 4i / Redmi Note 2 / Redmi Note Prime / Mi 2/2S /  Mi Note / Redmi 3/Prime / Redmi 3S/Prime နဲ့ Redmi 4A တို့ ပါဝင်မှာဖြစ်ပြီး ဒီစက်တွေအတွက် ရရှိမယ့်ရက်ကိုလည်း