အသစ်ပြင်ဆင်ထားတဲ့ MIUI Gallery Editing Tool နဲ့ အသစ်ပါဝင်လာတဲ့ Collage Feature

MIUI ဟာ Gallery app ထဲမှာ ဓာတ်ပုံတွေကို ကောင်းကောင်းပြင်ဆင်တာတွေ၊ တည်းဖြတ်တာတွေ လုပ်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်နေခဲ့တာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် MIUI 9 မှာ Gallery app အတွက် ပထမဆုံးအနေနဲ့ ယနေ့ခေတ် လူငယ်တွေကြားမှာ အသုံးများနေတဲ့ Collage ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ကို ထည့်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

၁။ Gallery Editing tool အသစ်

MIUI 8 မှာ ပါဝင်ခဲ့တဲ့ Gallery editor ဟာဆိုရင် အသုံးပြုရတာ လွယ်ကူကောင်းမွန်တဲ့အတွက် နာမည်ရပြီးသား Tool တစ်ခုပါ။ ဒါပေမယ့် ဖုန်းထဲမှာပဲ ဓာတ်ပုဲတွေကို ပြင်ဆင်တတ်တဲ့သူတွေကတော့ အဲ့ဒါထက်ပိုပြီး ပြင်ဆင်တည်းဖြတ်လို့ရဖို့အတွက် လုပ်ဆောင်ချက်တွေကို လိုချင်တဲ့အတွက် အပြင်ကဆော့ဝဲကို သွင်းပြီး အသုံးပြုကြရပါတယ်။ MIUI မှာဆိုရင်လည်း MIUI အသုံးပြုသူတွေ အပြင်ကဆော့ဝဲသီးသန့် ထပ်သွင်းစရာမလိုအောင်ဆိုပြီး MIUI 9 ရဲ့ Gallery editing tool ကို MIUI 8 ထက်ပိုပြီး ပြည့်စုံကောင်းမွန်အောင် ပြုပြင်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။


အရင်တုန်းက Photo Enhance ဆိုတဲ့ခေါင်းစဉ်အောက်က Auto Mode ဆိုတဲ့နာမည်ကို Beautify ဆိုတဲ့ နာမည်ပြောင်းထားပြီး သူ့ဘာသာသူ သီးသန့်အုပ်စုတစ်ခု သတ်မှတ်လိုက်ပါတယ်။ Crop (ဓာတ်ပုံတွေကို ဖြတ်ထုတ်တာ) နဲ့ Rotate (ဓာတ်ပုံတွေကို လှည့်တာ) ကိုတော့ အရင်အတိုင်း ဘာမှ ပြောင်းလဲမှုတွေ လုပ်မထားပါဘူး။ ဒါပေမယ့် MIUI 8 ကစပြီး ပါလာတဲ့ ဓာတ်ပုံတွေကို လှည့်တဲ့နေရာမှာသုံးတဲ့ Slider လေးကိုတော့ ပိုပြီးသဘောကျမိပါတယ်။ ဘာလို့လဲဆိုတော့ လှည့်လိုက်တဲ့ ဒီဂရီကို ဖော်ပြပေးနိုင်လို့ပါ။


Filters တွေဆိုတာ အခုခေတ် အသုံးများနေကြတဲ့ Instagram app မှာ ဓာတ်ပုံတွေကိုသုံးတဲ့ အပြင်အဆင်တွေလိုပါပဲ။ MIUI ရဲ့ Gallery app မှာဆိုရင် Filter တွေကို ‌သူ့သက်ဆိုင်ရာ အုပ်စုလေးတွေခွဲပြီး ထည့်ပေးထားတာကို တွေ့ရပါတယ်။


အရင်ပါနေကျလုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Doodle မှာဆိုရင်တော့ သိသိသာသာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားပါတယ်။ Brush အရွယ်အစားကို အရင်က လေးခုသတ်မှတ်ပေးထားတာကနေ သုံးခုပဲ ထားလိုက်ပါတယ်။ နောက်ပြီး အသုံးပြုသူတွေဟာ နဂိုပါလာတဲ့ Gallery app ထဲမှာပဲ မျဉ်းဖြောင့်တွေ၊ လေးထောင့်ကွက်တွေ၊ စက်ဝိုင်း‌ပုံတွေ၊ မြှားတွေ ထည့်ပြီး ရေးနိုင်ပါပြီ။ ဓာတ်ပုံတွေပေါ်မှာ စာရေးတာ၊ ရေးထားတဲ့စာတွေကို စကားပြောတဲ့ပုံစံလေးတွေ သတ်မှတ်နိုင်ပါပြီ။ စာသားရေးတာနဲ့ပက်သတ်ပြီး စာသားကို ‌ဘယ်ကပ်၊ အလယ်၊ ညာကပ် စတဲ့ နေရာတွေ သတ်မှတ်လာနိုင်သလို စာသားကို အထူပြောင်းတာလည်း ပြုလုပ်နိုင်လာပါပြီ။


Image Enhance လုပ်ဆောင်ချက်ကိုတော့ Auto mode ကလွဲရင် ကျန်တာတွေကို ဘာမှ ကြီးကြီးမားမားပြင်ဆင်မှဒလုပ်ထားတာ မတွေ့ရပါဘူး။ တစ်ခုကြိုက်မိတာလေးက နဂိုပုံနဲ့ ပြင်လိုက်တဲ့ပုံကို နှိုင်းယှဉ်ပြီး ကြည့်လို့ရလာတာလေးကိုပါ။


၂။ Photo Collage လုပ်ဆောင်ချက်အသစ်

Photo Collage ဆိုတာ လူငယ်တွေ အွန်လိုင်းပေါ်မှာ သူတို့ရဲ့ဓာတ်ပုံတွေကို မျှဝေတဲ့အခါ အများဆုံးအသုံးပြုလေ့ရှိတဲ့ လုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ အရင်တုန်းကတော့ အဲ့ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက် ပြင်ပကဆော့ဝဲကို သွင်းပြီး အသုံးပြုကြရပါတယ်။ အခုအချိန်မှာတော့ MIUI 9 ရဲ့ Gallery app ထဲမှာ Photo collage လုပ်ဆောင်ချက်ကို တစ်ပါတည်းထည့်သွင်းပေးလိုက်တာကြောင့် အပြင်ကဆော့ဝဲကို ထပ်သွင်းဖို့ မလိုတော့ပါဘူး။ Gallery app ထဲဝင်ပြီး ညာဘက်အပေါ်ထောင့်နားလေးက အစက်ကလေးသုံးစက်ကို နှိပ်လိုက်တာနဲ့ အောက်ကပုံထဲကလို တွေ့ရမှာဖြစ်ပါတယ်။


အဲ့လိုပေါ်လာတဲ့အခါ အများဆုံး ဓာတ်ပုံလေးပုံရွေးပြီး Photo collage တစ်ခု ပြုလုပ်နိုင်ပါတယ်။ Poster လို့ခေါ်တဲ့ခေါင်းစဉ်အောက်မှာပါတဲ့ Preset (အသင့်ပါပြီးသား ပုံစံကွက်) လေးတွေသုံးပြီးCollage တစ်ခု ဖန်တီးနိုင်ပါတယ်။ နောက်ပြီး အဲ့ဒီ ပုံစံကွက်လေးတွေကို မိမိစိတ်ကြိုက် ပြင်ဆင်သတ်မှတ်နိုင်ပါသေးတယ်။ Collage ရဲ့ ခေါင်းစဉ်စာသားကိုနှိပ်ပြီး ခေါင်းစဉ်ကို မိမိစိတ်ကြိုက် ‌သတ်မှတ်နိုင်ပါတယ်။ ရက်စွဲလည်း မိမိကြိုက်သလို သတ်မှတ်နိုင်ပါသေးတယ်။ နောက်ပြီး ဓာတ်ပုံတွေကိုလည်း မိမိစိတ်ကြိုက်အကွက်ထဲ ပြောင်းနိုင်ရွှေ့နိုင်ပါတယ်။ ဓာတ်ပုံတွေကို လှည့်တာ၊ ဘယ်ညာလှည့်တာလည်း လုပ်နိုင်ပါတယ်။


စီပြထားတဲ့ဓာတ်ပုံတွေကို မိမိစိတ်ကြိုက် နေရာရွှေ့ချင်တယ်ဆိုရင် ဓာတ်ပုံကို ကြာကြာနှိပ်ထားပြီး လိုချင်တဲ့အကွက်ထဲကို ရွှေ့လိုက်ရုံပါပဲ။ ပေးထားတဲ့ပုံစံကွက်လေးတွေကို သိပ်မကြိုပ်ဘူးလား။ အကွက်လေးတွေကို သင်လိုချင်သလို နေရာချတာ၊ အနားသတ်တွေကို သင့်စိတ်ကြိုက်သတ်မှတ်ပြောင်းလဲပြီး သင့်ကိုယ်ပိုင် Collage တစ်ခု ဖန်တီးနိုင်ပါတယ်။


နောက်ပြီး Gallery ရဲ့ သွင်ပြင်ကို အဖြူနှစ်ရောင်လေး ပြောင်းလဲလိုက်တာကို တွေ့ရပါသေးတယ်။ ဓာတ်ပုံတွေကို အနက်ရောင်နောက်ခံလေးနဲ့မှ ကြည့်ချင်တယ်ဆိုရင်လည်း ဓာတ်ပုံတစ်ပုံကို ဖွင့်ကြည့်လိုက်ပြီး တစ်ချက်တို့ထိလိုက်ရုံပါပဲ။ ကျွန်တော် သဘောမတွေ့တာလေး တစ်ခုက ဓာတ်ပုံတွေကို ပြင်နေတဲ့အချိန် အရင်လို အနီးကပ်ဆွဲကြည့်လို့ မရတော့တာလေးပါ။ အခြားအသုံးပြုသူတွေလည်း ကျွန်တော်လိုပဲ ခံစားကြရလိမ့်မယ်လို့ ထင်ပါတယ်။

ကဲ... ဒီပြောင်းလဲမှုနဲ့ပက်သက်ပြီး ဘယ်လိုထင်ပါသလဲ။ သင်ရော ဘာများအကြံပြုချင်ပါသလဲ။ အောက်မှာပေးထားတဲ့ မူရင်းပို့စ်ရဲ့လင့်ခ်ကိုသွားပြီး အကြံပြုချင်တာကို ရေးသားနိုင်ပါတယ်။


Original Thread
👇👇👇👇👇

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2