Posts

Showing posts from May, 2019

MIUI ပေါ်တွင် Screen Time Feature (ဖုန်းအသုံးပြုမှုကြာချိန်ကို စောင့်ကြည့်ခြင်းလုပ်ဆောင်ချက်)အသစ်ကို မိတ်ဆက်ခြင်း

Image
စမတ်ဖုန်းတွေဟာ မိမိတို့ရဲ့ဘဝတွေကို နည်းလမ်းပေါင်းစုံနဲ့ အထောက်အကူဖြစ်‌နေစေတာကတော့အမှန်ပါပဲ။ ကောင်းကျိုးတွေလည်း ရှိနေတာဖြစ်ပေမယ့် စမတ်ဖုန်းတွေကြောင့်ပဲ ကျွန်တော်တို့ဘဝတွေထဲမှာ ဆိုးကျိုးတွေရှိလာတယ်ဆိုတာကိုလည်း သတိပြုမိလာ‌နေကြပါပြီ။ စမတ်ဖုန်းတွေအပေါ်မှာ စွဲလန်းမှုနဲ့ပက်သတ်ပြီးတော့လည်း အငြင်းပွားစရာတွေလည်း ရှိနေပြီပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း Android Pie (Android 9.0) ကစပြီး စမတ်ဖုန်းအသုံးပြုတဲ့အချိန်တွေကို မှတ်သားထားနိုင်ဖို့အတွက် Google က Digital Wellbeing ဆိုတဲ့လုပ်ဆောင်ချက်တစ်ခုကို မိတ်ဆက်ပေးခဲ့ပြီးတာကို သိကြမယ်ထင်ပါတယ်။ အဲဒီလုပ်ဆောင်ချက်လေးက အခြေခံအားဖြင့်တော့ စမတ်ဖုန်းအသုံးပြုတဲ့အချိန်ကို လျှော့ချချင်တဲ့သူတွေ၊ ကိုယ် တစ်ရက်ကို ဖုန်းနဲ့ပဲ ဘယ်လောက်တောင်အချိန်တွေကုန်ခဲ့မိသလဲဆိုတာကို စောင့်ကြည့်ချင်တဲ့သူတွေအတွက်တော့ တကယ့်ကိုအသုံးဝင်တဲ့ လုပ်ဆောင်ချက်လေးတစ်ခုပါ။ အခုအချိန်မှာတော့ MIUI 9.4.18 စမ်းသပ်ဗားရှင်းနဲ့အတူ Android Pie (Android 9.0) အသုံးပြုထားတဲ့ Xiaomi ဖုန်းတွေအတွက် Digital wellbeing နဲ့ သဘောတရားချင်းတူတဲ့လုပ်ဆောင်ချက်တစ်ခုကို အသစ်ထည့်ပေးလိုက်ပါတယ်။ အဲဒီလုပ်ဆောင်ချက်