MIUI ပေါ်တွင် Screen Time Feature (ဖုန်းအသုံးပြုမှုကြာချိန်ကို စောင့်ကြည့်ခြင်းလုပ်ဆောင်ချက်)အသစ်ကို မိတ်ဆက်ခြင်း


စမတ်ဖုန်းတွေဟာ မိမိတို့ရဲ့ဘဝတွေကို နည်းလမ်းပေါင်းစုံနဲ့ အထောက်အကူဖြစ်‌နေစေတာကတော့အမှန်ပါပဲ။ ကောင်းကျိုးတွေလည်း ရှိနေတာဖြစ်ပေမယ့် စမတ်ဖုန်းတွေကြောင့်ပဲ ကျွန်တော်တို့ဘဝတွေထဲမှာ ဆိုးကျိုးတွေရှိလာတယ်ဆိုတာကိုလည်း သတိပြုမိလာ‌နေကြပါပြီ။ စမတ်ဖုန်းတွေအပေါ်မှာ စွဲလန်းမှုနဲ့ပက်သတ်ပြီးတော့လည်း အငြင်းပွားစရာတွေလည်း ရှိနေပြီပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း Android Pie (Android 9.0) ကစပြီး စမတ်ဖုန်းအသုံးပြုတဲ့အချိန်တွေကို မှတ်သားထားနိုင်ဖို့အတွက် Google က Digital Wellbeing ဆိုတဲ့လုပ်ဆောင်ချက်တစ်ခုကို မိတ်ဆက်ပေးခဲ့ပြီးတာကို သိကြမယ်ထင်ပါတယ်။ အဲဒီလုပ်ဆောင်ချက်လေးက အခြေခံအားဖြင့်တော့ စမတ်ဖုန်းအသုံးပြုတဲ့အချိန်ကို လျှော့ချချင်တဲ့သူတွေ၊ ကိုယ် တစ်ရက်ကို ဖုန်းနဲ့ပဲ ဘယ်လောက်တောင်အချိန်တွေကုန်ခဲ့မိသလဲဆိုတာကို စောင့်ကြည့်ချင်တဲ့သူတွေအတွက်တော့ တကယ့်ကိုအသုံးဝင်တဲ့ လုပ်ဆောင်ချက်လေးတစ်ခုပါ။

အခုအချိန်မှာတော့ MIUI 9.4.18 စမ်းသပ်ဗားရှင်းနဲ့အတူ Android Pie (Android 9.0) အသုံးပြုထားတဲ့ Xiaomi ဖုန်းတွေအတွက် Digital wellbeing နဲ့ သဘောတရားချင်းတူတဲ့လုပ်ဆောင်ချက်တစ်ခုကို အသစ်ထည့်ပေးလိုက်ပါတယ်။ အဲဒီလုပ်ဆောင်ချက်လေးက မိမိတစ်ရက်ကို ဖုန်းကို ဘယ်နှခါဖွင့်လိုက်သလဲ၊ ဘယ်အက်ပ်ကို ဘယ်နှခါ၊ ဘယ်လောက်ကြာကြာသုံးထားသလဲဆိုတာကို စောင့်ကြည့်ပေးထားမှာဖြစ်ပါတယ်။ ပြပေးတဲ့ပုံစံပြဇယားမှာလည်း နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ဆိုပြီး အနှစ်ချုပ်ပုံစံနဲ့ ပြပေးထားမှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေဟာ မိမိတို့ရဲ့နေ့စဉ်စမတ်ဖုန်းအသုံးပြုမှုပုံစံကို အလွယ်တကူ သုံးသပ်ကြည့်လို့ရပြီဖြစ်ပါတယ်။

ကဲ... အဲဒီတော့ အထဲမှာပါတဲ့လုပ်ဆောင်ချက်ဘေးတွေကို တစ်ချက်လောက် ကြည့်လိုက်ကြရအောင်။

မိမိရဲ့ Screen time (ဖုန်းအသုံးပြုမှုကြာချိန်)ကို ဘယ်လိုကြည့်ရမလဲ။

  • ဆက်တင်ထဲဝင်ပါ။
  • System settings (စနစ်ဆက်တင်များ) ဆိုတဲ့အပိုင်းထဲမှာ Screen time ဆိုတဲ့စာကို တွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။



အပေါ်ဆုံးနားလေးမှာတော့မိမိရဲ့တစ်‌နေ့တာမှ ဖုန်းကြည့်ရင်းနဲ့၊ ဖုန်းအသုံးပြုရင်းနဲ့ပဲ ကုန်ဆုံးသွားတဲ့အချိန်ပမာဏကို တွေ့ရပါလိမ့်မယ်။ အဲဒါအပြင် လွန်ခဲ့တဲ့တစ်ပါတ်ကနေ လွန်ခဲ့တဲ့တစ်လအထိ အချက်အလက်တွေကိုပါ တွေ့နိုင်ပါတယ်။ သုံးစွဲသူတွေ ကြည့်ရှုရလွယ်ကူအောင်၊ နားလည်လွယ်အောင်လို့ အခြေပြဇယားလေးနဲ့ပါ ပြပေးထားပါသေးတယ်။ တပါတ်အတွင်းနဲ့ တစ်လအတွင်း‌က တစ်ရက်ချင်းစီအတွက်ကိုပါ ဖုန်းသုံးစွဲမှုကြာချိန်တွေကို အခြေပြဇယားပေါ်မှာပဲ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။


အက်ပ်တွေရဲ့ Screen Time

ဒီနေရာမှာတော့ တစ်နေ့တာအတွင်း အက်ပ်တစ်ခုချင်းစီကို အသုံးပြုထားခဲ့တဲ့ကြာချိန်ကို ပြသပေးထားမှာပဲဖြစ်ပါတယ်။ ကြာချိန်ကိုသာမက အဲဒီအက်ပ်ကို ဘယ်အချိန်မှာအသုံးပြုခဲ့တယ်ဆိုတာကိုပါ ကြည့်ရှုနိုင်မှာပါ။ နောက်ပြီး ပြီးခဲ့တဲ့ (၇) ရက်အတွင်းမှာ ဘယ်အက်ပ်ကိုတော့ ဘယ်ရက်မှာ ဘယ်လောက်ကြာကြာ အသုံးပြုခဲ့တယ်ဆိုတဲ့ အချက် အလက်တွေကိုပါ သိနိုင်မှာပဲဖြစ်ပါတယ်။


Unlock ပြုလုပ်တဲ့အချက်အလက်နဲ့ အသိပေးချက်များ
  • မိမိဟာ ဒီနေ့မှာ သို့မဟုတ် ကုန်ခဲ့တဲ့ (၇) ရက်အတွင်းမှာ ဖုန်းကို ဘယ်နှကြိမ်လောက် unlock လုပ်ခဲ့တယ်ဆိုတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာလည်း ပုံလေးနဲ့လှလှပပလေးကို ပြပေးထားတာကို မြင်ရမှာဖြစ်ပါတယ်။ အဲဒီအခြေပြဇယားကနေ တစ်ပါတ်အတွင်းမှာရှိတဲ့ တစ်ရက်ချင်းစီအလိုက်အချက်အလက် တွေကိုလည်း ‌တွေ့ရမှာဖြစ်ပါတယ်။
  • အောက်ဆုံးမှာတော့ တစ်ရက်အတွင်းမှာ လက်ခံရရှိခဲ့တဲ့အသိပေးချက်တွေကို တွေ့နိုင်ပါတယ်။ အသိပေးချက်တွေကိုလည်း အက်ပ်တစ်ခုချင်းအလိုက် ခွဲခြားပြီးကြည့်နိုင်ပါတယ်။ ပုံထဲမှာပြထားတဲ့အတိုင်းဆိုရင်တော့ QQ အက်ပ်ကနေ အသိပေးချက် (၈၀) ခုနဲ့ Chrome browser ကနေ အသိပေးချက် (၁၆) ခု ဝင်ထားတာကို တွေ့ရမှာပါ။


Screen Time သတိပေးချက်

MIUI မှာပါတဲ့ Screen Time လုပ်ဆောင်ချက်မှာ အချိန်ကိုကန့်သတ်ပေးထားတာမျိုးတွေလည်း လုပ်လို့ရပါတယ်။ မိမ်သတ်မှတ်ပေးထားတဲ့အချိန်ကန့်သတ်ချက်ကို ရောက်တာနဲ့ "You have been using your device for xx: xx today. Have some rest!”(သင်သည် သင့်စက်အား ယနေ့တွင် xx:xx နာရီကြာအောင် အသုံးပြုပြီးပါပြီ။ ခေတ္တအနားယူပါ) ဆိုတဲ့ သတိပေးစာသားကို ပြသပေးလာမှာပဲဖြစ်ပါတယ်။ အဲဒီလိုပြပေးလာရင်တော့ နောက်ထပ်တစ်ခါရီထပ်တိုးပြီးသုံးမလား၊ ခဏတဖြုတ် အနားယူမလားဆိုတာကတော့ မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်းပါပဲ။ နောက်ပြီးတော့ ရုံးဖွင့်ရက်အတွက် အချိန်ကန့်သတ်ချက်ကတစ်ခု၊ ရုံးပိတ်ရက်တွေအတွက် အချိန်ကန့်သတ်ချက်ကတစ်ခုဆိုပြီး ခွဲခြားသတ်မှတ်ပေးထားနိုင်ပါသေးတယ်။


Screen Time လုပ်ဆောင်အကြောင်းကတော့ ဒီလောက်ပါပဲ။ တစ်ခုသိထားရမှာက ဒီလုပ်ဆောင်ချက်ဟာ အခုအချိန်အထိ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိနေသေးတယ်ဆိုတာနဲ့ Android Pie ရရှိထားတဲ့စက်တွေအတွက်ပဲ Beta ROM တွေထဲမှာ ထည့်ပေးထားသေးတယ်ဆိုတဲ့အချက်ကိုပါ။

ကဲ... အဲဒီတော့ မိမိရဲ့စမတ်ဖုန်းအပေါ် အလွန်အကျွံအသုံးပြုနေတာကို လျှော့ပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ပဲ ပိုပြီးအချိန်ကုန်လွန်စေရအောင် ကြိုးစားကြည့်ကြပါ။

Crd: 👇👇👇👇👇


Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2