Posts

Showing posts from September, 2017

MIUI 9 သုံးသပ်ချက် (၁) : မိမိနှစ်သက်ရာ Home page ကို ပုံသေသတ်မှတ်ထားနိုင်မည့် Default Home Screen Settings လုပ်ဆောင်ချက်အသစ်

Image
မင်္ဂလာပါ... မီဖန်များခင်ဗျ။ Xiaomi ကနေ သူတို့ရဲ့ကိုယ်ပိုင် UI တစ်ခုဖြစ်တဲ့ MIUI မျိုးဆက်သစ် MIUI 9 ကို ဇူလိုင်လ ၂၆ ရက်နေ့မှာ မိတ်ဆက်ပြသသွားခဲ့ပြီးဖြစ်တာ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ မိတ်ဆက်ပွဲအပြီးမှာလည်း ပထမဆုံးအပ်ဒိတ်ရမယ့်စက်တွေဖြစ်တဲ့ Mi 6 နဲ့ Redmi Note 4/4X Qualcomm အတွက် MIUI 9 China Beta ROM ကို Developer တွေအတွက် ထုတ်ပေးခဲ့ပြီး စမ်းသပ်မှုတွေပြီးသွားတဲ့ နှစ်ပတ်အကြာ ဩဂုတ်လ ၁၁ ရက်နေ့မှာ Public Beta ROM အနေနဲ့ ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယအသုတ်အနေနဲ့လည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့မှာ Mi2A, Mi 3/4 ကလွဲရင် ကျန်တဲ့ Mi series တွေအတွက် China Beta ရော Global Beta ကိုပါ Public release ထုတ်ပေးခဲ့ပြီးပါပြီ။ တတိယအသုတ်ထဲမှာပါတဲ့ ကျန်တဲ့ Mi devices တွေနဲ့ Redmi devices တွေအတွက်လည်း Closed Beta စမ်းသပ်တာတွေ လုပ်နေပြီပဲဖြစ်ပါတယ်။ MIUI 9 မရသေးတဲ့သူတွေလည်း သုံးချင်နေကြလိမ့်မယ်ဆိုတာ သိပါတယ်။ ဒီတစ်ပတ်သောကြာနေ့မှာလည်း MIUI 9 Global Beta Update ကို ကျန်တဲ့စက်တွေအတွက် ထုတ်ပေးနိုင်ပါလိမ့်မယ်။ အခု ကျွန်တော်ပြောပြပေးမှာကတော့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့တဲ့ ဒီတစ်ပတ်အပ်ဒိတ်မှာ ပါလာမယ့် C