MIUI 9 သုံးသပ်ချက် (၁) : မိမိနှစ်သက်ရာ Home page ကို ပုံသေသတ်မှတ်ထားနိုင်မည့် Default Home Screen Settings လုပ်ဆောင်ချက်အသစ်



မင်္ဂလာပါ... မီဖန်များခင်ဗျ။
Xiaomi ကနေ သူတို့ရဲ့ကိုယ်ပိုင် UI တစ်ခုဖြစ်တဲ့ MIUI မျိုးဆက်သစ် MIUI 9 ကို ဇူလိုင်လ ၂၆ ရက်နေ့မှာ မိတ်ဆက်ပြသသွားခဲ့ပြီးဖြစ်တာ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ မိတ်ဆက်ပွဲအပြီးမှာလည်း ပထမဆုံးအပ်ဒိတ်ရမယ့်စက်တွေဖြစ်တဲ့ Mi 6 နဲ့ Redmi Note 4/4X Qualcomm အတွက် MIUI 9 China Beta ROM ကို Developer တွေအတွက် ထုတ်ပေးခဲ့ပြီး စမ်းသပ်မှုတွေပြီးသွားတဲ့ နှစ်ပတ်အကြာ ဩဂုတ်လ ၁၁ ရက်နေ့မှာ Public Beta ROM အနေနဲ့ ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယအသုတ်အနေနဲ့လည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့မှာ Mi2A, Mi 3/4 ကလွဲရင် ကျန်တဲ့ Mi series တွေအတွက် China Beta ရော Global Beta ကိုပါ Public release ထုတ်ပေးခဲ့ပြီးပါပြီ။ တတိယအသုတ်ထဲမှာပါတဲ့ ကျန်တဲ့ Mi devices တွေနဲ့ Redmi devices တွေအတွက်လည်း Closed Beta စမ်းသပ်တာတွေ လုပ်နေပြီပဲဖြစ်ပါတယ်။ MIUI 9 မရသေးတဲ့သူတွေလည်း သုံးချင်နေကြလိမ့်မယ်ဆိုတာ သိပါတယ်။ ဒီတစ်ပတ်သောကြာနေ့မှာလည်း MIUI 9 Global Beta Update ကို ကျန်တဲ့စက်တွေအတွက် ထုတ်ပေးနိုင်ပါလိမ့်မယ်။ အခု ကျွန်တော်ပြောပြပေးမှာကတော့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့တဲ့ ဒီတစ်ပတ်အပ်ဒိတ်မှာ ပါလာမယ့် Changelog နဲ့ပက်သက်ပြီး သုံးသပ်ပြောပြပေးသွားမှာပါ။

Home Screen

MIUI 9 မှာ အက်ပ်တွေကို ပိုပြီး စုစုစည်းစည်းဖြစ်သွားအောင်နဲ့ အက်ပ်တွေကို Home page တစ်ခုကနေတစ်ခု ပြောင်းရွှေ့တဲ့နေရာမှာ ပိုပြီးလွယ်ကူအောင် ပြုလုပ်ထားတယ်ဆိုတာကို သင်တို့လည်း ကြားမိကြပါလိမ့်မယ်။ တကယ်လည်း အရင်ကထက်စာရင် ပိုပြီးလွယ်ကူရှင်းလင်းသွားပါတယ်။

အခုတစ်ပတ်အပ်ဒိတ်မှာတော့ Home screen ဆက်တင်နဲ့ပက်သက်ပြီး နောက်ထပ်လုပ်ဆောင်ချက်အသစ်တစ်ခုကို ထပ်ထည့်ပေးထားပါတယ်။ အရင် MIUI 8.5 နဲ့အောက်မှာတော့ Home page တစ်ခုကို ပုံသေမျက်နှာပြင်အဖြစ် သတ်မှတ်နိုင်ဖို့အတွက် Home screen ပေါ်မှာ လက်ချောင်းသုံးချောင်းနဲ့ပွတ်ဆွဲပြီး ကိုယ်လိုချင်တဲ့စာမျက်နှာကို ရွေးချယ်ပေးလိုက်ရပါတယ်။ အခု MIUI 9 မှာတော့ Menu ခလုတ်ကို ကြာကြာနှိပ်ထားရင် ဆက်တင်ခလုတ်ကို တွေ့ပါလိမ့်မယ်။ အဲ့ဒီဆက်တင်ကို နှိပ်လိုက်ရင် Default Home screen settings ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီကမှတစ်ဆင့် မိမိနှစ်သက်ရာ Home page ကို ပုံသေအဖြစ် ရွေးချယ်သတ်မှတ်နိုင်ပါပြီ။ မြင်သာအောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်။





Original Thread
👇👇👇👇👇

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2