MIUI 9 Global Beta ROM 7.8.10 Changelog Preview: A Lightening Fast System


MIUI 9 Global Beta ROM ကို လာမယ့် သောကြာနေ့ ၁၁ ရက်နေ့မှာ ပထမဆုံးအနေနဲ့ Redmi Note 4/4X Qualcomm (Code name - Mido) နဲ့ Mi 6 တို့အတွက် ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ လက်ရှိ MIUI 8 Global Beta ROM အသုံးပြုနေတဲ့သူများကတော့ သောကြာနေ့ကျရင် Updater ကနေ စစ်ကြည့်ပြီး ရရင် OTA Update တန်းတင်လို့ ရပါပြီ။ Stable ROM အသုံးပြုနေတဲ့သူတွေကတော့ MIUI 9 Global Beta ROM ကို အသုံးပြုချင်ရင် Bootloader Unlock အရင်လုပ်ပြီးမှ Mi Flash tool ကနေ Clean all နဲ့ Fastboot ROM တင်ပြီး အသုံးပြုနိုင်ပါတယ်။

MIUI 9 Global Beta ROM ရမယ့် ဒုတိယအသုတ်မှာတော့ Mi Note 2 / Mi 5 / Mi 5s / Mi 5s Plus / Mi Max 2 / Mi Max နဲ့ Redmi 4/4X တို့ ပါဝင်မှာဖြစ်ပြီး ရရှိမယ့်ရက်ကိုတော့ ကြေငြာခြင်း မရှိသေးပါဘူး။

MIUI 9 Global Beta ROM ရမယ့် တတိယအသုတ်မှာတော့ Redmi 2 / Redmi 2 Prime / Mi 3 / Mi 4 / Redmi Note 3 Qualcomm / Redmi Note 3 Special Edition / Redmi Note 4 MTK / Mi 4i / Redmi Note 2 / Redmi Note Prime / Mi 2/2S /  Mi Note / Redmi 3/Prime / Redmi 3S/Prime နဲ့ Redmi 4A တို့ ပါဝင်မှာဖြစ်ပြီး ဒီစက်တွေအတွက် ရရှိမယ့်ရက်ကိုလည်း ကြေငြာခြင်း မရှိသေးပါဘူး။


လျှပ်စီးလက်သလို ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နဲ့ အသုံးပြုနိုင်မယ့် အန်းဒရွိုက်အခြေပြု MIUI 9 စက်လည်မှုစနစ်
  • စနစ်ကို ချောမွေ့ပြေပစ်ပြီး အသုံးပြုရတာ ပေါ့ပါးသွက်လက်နေစေမယ့် ပြင်ဆင်မှုတွေနဲ့ ဘယ်တုန်းကနဲ့မှမတူတဲ့ MIUI 
  • မျက်လုံးထဲမှာ အမြင်ဆန်းသစ်စေမယ့် အသစ်မွမ်းမံထားတဲ့ Icon တွေ
  • အဖွင့်အပိတ်တွေမှာ လှလှပပနဲ့ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင် မွမ်းမံထားတဲ့ App တွေ Animation 
  • အလွယ်တကူ ပြင်ဆင်သတ်မှတ်နိုင်တဲ့ Home screen editing 
  • မျက်နှာပြင်တစ်ခုတည်းမှာပဲ App နှစ်ခု တစ်ပြိုင်တည်း အသုံးပြုနိုင်မယ့် Split screen feature
  • အသံအတိုးအချဲ့ခလုတ်လေးကို နှိပ်လိုက်ရုံနဲ့ ဖုန်းကို အသံပဲ တိုးထားမလား၊ တစ်ခါတည်း Silent mode ထားမလားဆိုတာကို ရွေးချယ်နိုင်တဲ့လုပ်ဆောင်ချက်
  • လိုချင်တဲ့စာတိုတွေကို အက်ပ်ထဲဝင်လိုက်တာနဲ့ ပြန်လည်ရှာဖွေနိုင်ပြီး သွင်ပြင်ကိုပါ ဆန်းသစ်ထားတဲ့ Messaging app

အခြားသော ပါဝင်မယ့် ပြောင်းလဲမှုအသေးစိတ်ကိုတော့ သောကြာနေ့မှာရောက်မှ ပြောပြပေးသွားမှာ ဖြစ်လို့ သောကြာနေ့ကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြရအောင်ပါ။


Original Thread
👇👇👇👇👇

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2