MIUI 9 အား အကြိုစမ်းသပ်သူများအား ခေါ်ယူခြင်း


Xiaomi ချစ်သူများအတွက် MIUI 9 ကို Mi 5x ဆိုတဲ့ စမတ်ဖုန်းအသစ်နဲ့ အတူ 26.7.2017 ရက်နေ့မှာ စတင် မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။

ဒီ MIUI 9 ကို မိတ်ဆက်ပွဲ ပြုလုပ်ပီး မှ ဖုန်းတွေကို update ထုတ်ပေးမှာဖြစ်ပါတယ်။ ဒါဆို MIUI 9 က တမ်းရမှာလားဆိုတော့ ချက်ချင်းမရပါဘူး ။ ဖုန်းအမျိုးအစားပေါ်မူတည်ပီး အချိန်အနည်းငယ် စောင့်ရပါမယ် ။

ဒီတော့ ခု xiaomi က MIUI 9 အကြိုစမ်းသပ်သူတွေ ကို ခေါ်ယူ‌နေပါတယ်။ အကြိုစမ်းသပ်သူဆိုတာကတော့ ပုံမှန်အသုံးပြုသူတွေ MIUI 9 မရသေးခင်မှာ ဒီ အကြိုစမ်းသပ်သူတွေက ‌ဦးဆုံးရရှိမယ့်သူတွေပဲဖြစ်ပါတယ်။
ဒီတော့ သိချင်မယ် သိသင့်တယ်ထင်တာလေးတစ်ချို့ကို အမေးအဖြေ သဘောလေး ရေးပေးလိုက်တယ်

မေး။ ဒါဆိုအကြိုစမ်းသပ်သူ ဖြစ်ချင်တယ် ဘယ်လိုလုပ်ရမလဲ ?
ဖြေ။  ဟုတ်ကဲ့ ။ ဖြစ်စေ၊ ဥုံဖွဆိုပီး မဖြစ်ပါဘူး ခင်ဗျာ ။ လျှောက်လွှာ တင်ရပါမယ်။

မေး။ လျှောက်လွှာတင်လိုက်ရင်ဖြစ်ပီလား ? 
ဖြေ။  လျှောက်တဲ့သူတွေ ဒီလောက်အများကြီးဗျာ ။အကုန်ရွေးမလားဗျ။ သူ့လိုအပ်ချက်နဲ့ကိုက်တဲ့သူတွေပဲ ရမှာပေါ့ ။

မေး။ သူတို့ကရွေးတာနဲ့ MIUI 9 ဖြစ်သွားရောလား?
ဖြေ။
 ၁. မိမိသုံးနေတဲ့ rom ဟာ China Beta Rom ဖြစ်ရပါမယ်။ဘာလို့လဲဆိုတော့ ခုပထမဆုံးပေးတာ china beta rom ကို အရင်ပေးတာမို့ပါ။
၂.  ရွေးချယ်ခံရတဲ့သူတွေကို MIUI 9 ကို အကြိုပေးပီဆိုတာနဲ့ Updater app ကနေ မြှင့်ရုံပါပဲ။ (ဖုန်းချင်းအတူတူသူများတွေ MIUI9 မရသေးခင် ကိုယ်ကကြိုသုံးနေရမှာပေါ့ဗျာ)

မေး ။ ဘယ်သူတွေ လျှောက်လို့ရမလဲ?
ဖြေ။ ဒီအောက်ကဖုန်းပိုင်ရှင်တွေ လျှောက်နိုင်ပါတယ်
Mi 6, Mi 5s Plus, Mi 5s, Mi 5c, Mi 5, Mi 4S, Mi 4c, Mi 4, Mi 3, Mi 2/2S, Mi MIX, Mi Max 2, Mi Max, Mi Note 2, Mi Note/Pro, Mi Pad 2, Mi Pad 1, Redmi Note 4X (MTK), Redmi Note 4X (SD), Redmi Note 4, Redmi Note 3 (MTK), Redmi Note 3 (SD), Redmi Note 2, Redmi Note, Redmi Pro, Redmi 4X, Redmi 4A, Redmi 4, Redmi 4 Prime, Redmi 3S/Prime, Redmi 3, Redmi 2A, Redmi 2/Prime, Redmi 1S, Redmi 1
(အကုန်လုံးနီးပါးလောက်ပဲ 😀😀)

-QQ Group မှာပြောဖို့ဆိုဖို့ eng လိုလေး နည်းနည်းပါးပါး ဆိုရပီ :3

မေး ။ ဟာဒါဆို သာသာယာယာလေးပဲ သူများတွေ ထက်ထူးရတာပေါ့ ?
ဖြေ။ တကယ်လို့ ကိုယ့်ကို ရွေးတယ်ပဲထား။ အရွေးခံရတဲ့သူတွေက ဒါလေးတွေလုပ်ရပါမယ်။

၁. QQ acc သုံးတတ်ရပါမယ်။
၂. Update က တစ်ပတ်ကို သုံးခါနဲ့အထက် ပေးပါမယ်။ပေးတိုင်းလုပ်ရပါမယ်။
၃. ရွေးချယ်ခံရတဲ့သူတွေချည်းစုထားတဲ့ QQ group မှာ ဆွေးနွေးခွင့်ရပါမယ်။(ပညာရတာပေါ့)
၄. Update မှာ ဘာ error ရှိတယ်၊ ဘာ bug တွေတွေ့တယ် ဆိုပီး report လုပ်ဆွေးနွေးရပါမယ်။
၅. အပတ်စဉ် forum က ဒီတစ်ပတ် update ကို recommend လုပ်/မလုပ် ပေးရမယ့် poll တွေမှာ ပူးပေါင်းပေးရပါမယ်။

တကယ်လို့ ရွေးချယ်ခံရပီးမှ ၊ အပေါ်က အချက်တွေကို မလိုက်နာရင် ထုတ်ပါမယ်။

မေး။ မင်းဟာက ရွေးဖို့ကလည်းမသေချာ၊ အရွေးခံရရင်လည်း လုပ်ရမှာတွေက များလိုက်တာ။ဒီ update လေး ကြိုရမှာလေးတစ်ခုတည်းနဲ့။
ဖြေ ။ အရွေးချယ်ခံရတယ်။ သူတို့လိုအပ်ချက်တွေအတိုင်းလည်း လိုက်နာတယ်ဆိုရင် ၊ကိုယ့်ရဲ့အခွင့်အရေးတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

၁. MIUI official အဖွဲ့နဲ့ တိုက်ရိုက် ဆက်သွယ်လို့ရပါမယ်။
၂. လိုအပ်ချက်တွေကိုလည်း လိုက်နာတယ်၊ ထူးချွန်စွာလည်းဆွေးနွေးတယ်၊ ကြိုးစားတယ်ဆိုရင် ၊ xiaomi ကဆုပေးပါတယ်။ (ဘာဆုလဲတော့မမေးနဲ့ Mi note book , တို့ Mi 6 တို့လို ဖုန်းတွေ အမှန်အကန်ပေးတာ)
၃. Xiaomi က ပွဲတွေ အခမ်းအနားတွေမှာ တက်ချင်တယ်ဆို ဦးစားပေးရပါမယ် :3
၄. en.miui.com မှာ permission 89အထိ ရှိတဲ့ post တွေကို ဖတ်ခွင့်ရှိပါမယ်။
၅. အပတ်စဉ် သူများထက်ထူးပီး update တွေ စောရပါမယ် (China Beta Rom သမားတွေပဲနော်)
၆. MIUI forum ရဲ့ သေချာတဲ့ သတင်းအရင်းအမြစ်တွေလည်း စောစောသိရမယ်

မေး ။ အေးဒါဆိုရင်တော့မဆိုးဘူးဟ ။ လိုက်နာမယ်ကွာ။ ခုငါက ဘယ်လိုလျှောက်ရမတုန်းပြောပြ။
ဖြေ။  အပေါ်က ပြောတာတွေလည်းလိုက်နာမယ် ဆိုရင် လျှောက်လို့ရပါတယ်။ ရွေးတာမရွေးတာတော့ မတတ်နိုင်ဘူးဗျာ ။ လျှောက်ရမှာ ကိုယ့်တာဝန်ပဲဆိုတော့ လျှောက်သာလျှောက်။

လျှောက်မလို့ ဘယ်လိုလျှောက်ရမတုန်း အစဆုံးပြော ။

ဖြေ ။ ပထမဆုံး MIUI Forum app ကိုဒေါင်းဗျာ
https://play.google.com/store/apps/details?id=com.miui.enbbs

ပြီးရင် ပုံထဲကအတိုင်း  Recruitment ဆိုတာနှိပ် ။


Device ၊ time range ကိုရွေး ၊  ဘာကြောင့်လျှောက်ချင်တာတုန်း ဆိုတဲ့ Reason ရေး ပီးရင် submit ဆိုတာကိုသာနှိပ်လိုက် ။
Submitted ဆိုပီးပြနေရင် လျှောက်တာပီးပီ။

လျှောက်ရမယ့် နောက်ဆုံးနေ့က 1.8.2017 ထိပဲ နော်။

မေး ။ လျှောက်တာကတော့ ဟုတ်ပါပီ ၊ ကိုယ့်ကိုရွေးမရွေး ဘယ်လိုသိရမတုန်း?
ဖြေ။ အရွေးခံရရင် miui forum appမှာ message ပို့ပေးလိမ့်မယ်။

အရွေးခံရတဲ့ ပထမတစ်သုတ် ကို 25.7.2017 ရက်နေ့မှ စကြေငြာပါမယ်။ ပထမတစ်သုတ်တည်းမှာ မပါလည်း စိတ်မပူနဲ့ ၊ ကျန်တဲ့သူတွေကို ရွေးချယ်ခံရရင်  ထပ်ထပ်ကြေငြာပေးသွားမှာ ။(message ,လေးတော့ ဝင်စစ်ပေါ့)

လျှောက်တဲ့လူတွေက များတော့ အသုတ်လေးတွေ ခွဲပီး ကြေငြာပေးရတာ ။

ပထမဆုံး MIUI 9 စရမယ့်သူတွေက Mi6 , Redmi note 4 Qualcomm , Redmi note 4x Qualcomm တွေပါ။ )

အရေးကြီးတာလေးတစ်ချက်မှတ်ထားပေးဦး 
အရင်ကတည်းက Special team member ဖြစ်ပီးစားလူတွေက ထပ်လျှောက်ဖို့ မလိုဘူး ။ သူတို့က ရပီးသားတွေ 😍
Special team member ဆိုတာက MIUI forum က (Super Moderators/ Moderators/ Intern Moderators/ Resource/ App Review/ Beta/ Device/ News/ Porting/ Fan Site/ Designer/ Photography Team members) တို့ကိုပြောတာ။

Credit: Xiaomi Mi 5s Tutorials - Myanmar

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2