Smart Assistant ကို အဆင့်မြှင့်ထားတဲ့ MIUI 9 မှာ ပါဝင်လာမယ့် Quick Card


Xiaomi ရဲ့ CEO ဖြစ်သူ လေကျွင်းအဆိုအရတော့ MIUI 9 ဟာ ပေါ့ပေါ့ပါးပါး၊ သွက်သွက်လက်လက်နဲ့ စွမ်းအင်ခြွေတာပေးနိုင်ဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ MIUI Developer တွေဟာ MIUI 9 မှာ လုပ်ဆောင်ချက်အသစ်တွေ ထပ်မံထည့်သွင်းသွားဖို့ ကြိုးစားနေကြတဲ့အပြင် CEO လေးကျွင်းရဲ့ ရည်မှန်းချက်အောင်မြင်အောင်ပါ လုပ်ဆောင်နေကြရပါတယ်။ လက်ရှိ ထွက်ရှိထားတဲ့ MIUI 8 အထိ MIUI Rom တွေမှာ အသုံးနည်းတဲ့လုပ်ဆောင်ချက်တွေကို ဖယ်ရှားသွားမှာ ဖြစ်တဲ့အတွက်ကြောင့် နဂိုထက်တော့ ပိုပြီး ပေါ့ပါးသွားမှာ သေချာပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ MIUI 9 မှာ စနစ်အက်ပ်တွေကိုပါ Root access ရရှိစရာမလိုဘဲ သုံးစွဲသူက ဖျက်ပစ်နိုင်ပါတယ်တဲ့။


MIUI 8 Alpha Rom တွေဟာဆိုရင် Developer တွေအတွက် နောက်ထပ်ထွက်ရှိလာမယ့် MIUI 9 Rom မှာ ပါဝင်လာမယ့် လုပ်ဆောင်ချက်တွေ၊ စနစ်တည်ငြိမ်မှုရှိမရှိကို စမ်းသပ်သုံးစွဲပေးရတဲ့ Rom တွေပါ။ တကယ်လို့ သင်ဟာလည်း MIUI 8 Alpha Rom Beta tester တစ်ယောက်ဆိုရင် MIUI 9 နဲ့ပက်သက်တဲ့ သဲလွန်စလေးတွေကို တွေ့နေရမှာ အသေအချာပါပဲ။ သတိပြုမိစရာ ပြောင်းလဲမှုတစ်ခုကတော့ MIUI 8 မှာ လက်ရှိပါဝင်နေတဲ့ Smart assistant လုပ်ဆောင်ချက်ကို MIUI 9 မှာ Quick card ဆိုပြီး နာမည်ပြန်ပြောင်းထားတာပါပဲ။

Home screen ရဲ့ Main page ကနေ ညာဘက်ကို ပွတ်ဆွဲလိုက်ရင် Smart assistant ကို တွေ့ရပါတယ်။ Quick card လုပ်ဆောင်ချက်ဟာ သုံးစွဲသူတွေအဆွက် အသုံးဝင်စေမယ့် သတင်းအချက်အလက်တွေကို တစ်ပြိုင်တည်း သိရှိစေနိုင်ပါတယ်။ အသုံးပြုတာများတဲ့ အက်ပ်တွေကိုလည်း တစ်ချက်တို့ထိရုံနဲ့ ဖွင့်နိုင်ပါတယ်။ MIUI 9 မှာ နာမည်ပြောင်းထားတဲ့ Quick card မှာဆိုရင် သုံးစွဲသူစိတ်ကြိုက် ပြုပြင်ပြောင်းလဲနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း အများကြီးပါဝင်လာပါတယ်။

Shortcut



MIUI 8 မှာတုန်းက သင်ဟာ Shortcut အနည်းငယ်ကိုသာ ရွေးချယ်အသုံးပြုနိုင်ခဲ့တာဖြစ်ပြီး အများစုဟာလည်း ငွေပေးချေမှုဆိုင်ရာတွေပဲ ဖြစ်နေတတ်ပါတယ်။ တကယ်လို့ သင်ဟာ တရုတ်နိုင်င့မှာ နေထိုင်တဲ့သူဖြစ်ရင် သို့ တရုတ်နိုင်ငံကို အလည်လာတဲ့သူဖြစ်ရင် အဲ့ဒီ Shortcut တွေဟာ အသုံးဝင်ကောင်း ဝင်နိုင်ပါတယ်။ MIUI 9 မှာတော့ Developer တွေဟာ အဲ့ဒါထက်ပိုပြီး အသုံးဝင်တဲ့ နေ့စဉ်လုပ်ဆောင်မှုတွေမှာပါ အသုံးချနိုင်တဲ့ Shortcut တွေအဖြစ် ပြန်လည်ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

တကယ်လို့ သင်ဟာ Scientific calculator ဖွင့်သုံးချင်တယ်ဆိုပါစို့။
ပုံမှန်အတိုင်းဆိုရင် Tool folder> Calculator > more settings ကို နှိပ်ပြီးမှ Scuentific calculator ကို ရွေးပြီး အသုံးပြုနိုင်မှာပါ။
Quick card ကို သုံးမယ်ဆိုရင်တော့
Home screen ရဲ့ Main page ကနေ ညာဘက်ကို ပွတ်ဆွဲလိုက်ပြီး Quick card ထဲမှာရှိတဲ့ Scientific Calculator Shortcut ကို တစ်ချက်နှိပ်ပြီး အသုံးပြုရုံပါပဲ။

Jot Down A Note Instantly



စိတ်ကူးကောင်းလေးတစ်ခုလောက် ပေါ်လာရင် ချက်ချင်း ချမှတ်နိုင်အောင် လုပ်ဆောင်ပေးတဲ့ လုပ်ဆောင်ချက်လေးပါ။

Ride-Hailing and Map Suggestions



ယာဉ်ကြောပိတ်ဆို့မှုတွေကို မုန်းနေပါသလား။ အပြင်မထွက်ခင်နဲ့ ကားမောင်းနေတုန်းမှာ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေကို စစ်ဆေးကြည့်ချင်ပါသလား။ Quick card ဟာ ကြာချိန်ကို အနီးစပ်ဆုံး တွက်ချက်ပေးမှာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေကနေ ရှောင်ရှားနိုင်မယ့် အကောင်းဆုံးသော လမ်းကြောင်းကို ပြသပေးနိုင်ပါလိမ့်မယ်။

Sports and Stock Market
အားကစားကဏ္ဍနဲ့ ‌စတော့ဈေးကွက်


ဒါကတော့ အားကစားပွဲတွေ ကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေနဲ့ စတော့ဈေးကွက်ကို စိတ်ဝင်စားတဲ့သူတွေ အတွက်ပေါ့။ အားကစားပွဲတွေနဲ့ပက်သက်တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိစေနိုင်ပါတယ်။

My Favorite



စာဖတ်တယ်ဆိုတာ အလေ့အကျင့်ကောင်းတစ်ခုပါပဲ။ သင် အင်တာနက်အသုံးပြုနေစဉ်မှာ တွေ့ခဲ့ရတဲ့ သင်နှစ်သက်တဲ့ ဆောင်းပါးလေးတွေကို သိမ်းထားချင်တယ် ဆိုပါစို့။ သင်ဟာ Quick card ထဲမှာပါတဲ့ My Favorite card ကိုသုံးပြီး သိမ်းဆည်းထားနိုင်ပါပြီ။ သင်ဟာ ဆောင်းပါးတစ်ပုဒ်ကို My Favorite ထဲ ထည့်လိုက်ပြီဆိုတာနဲ့ သိမ်းဆည်းပြီးကြောင်း အသိပေးချက်တစ်ခု ပြပေးပါလိမ့်မယ်။
ဒီလုပ်ဆောင်ချက်က တရုတ်နိုင်ငံထုတ် App အခုသုံးဆယ်ကျော်လောက်ကို ထောက်ပံ့ပေးထားတဲ့အတွက် အက်ပ်တွေကနေ သိမ်းလိုက်တဲ့ ဆောင်းပါးတွေကို ပြန်ဖတ်ဖို့ အက်ပ်တစ်ခုချင်းစီ လိုက်ဖွင့်ဖတ်ရတဲ့ဒုက္ခကနေ ဝေးသွားစေပါတယ်။

My Parcel



E-commerce (အွန်လိုင်းကနေ ရောင်းဝယ်ဖောက်ကားခြင်း) ဆိုတာက တရုတ်နိုင်ငံမှာ ကြီးထွားလာတဲ့ ဈေးကွက်တစ်ခုပါ။ သင်ဟာ သင်လိုချင်တဲ့ပစ္စည်းတွေကို နာမည်ကြီး E-Commerce ဝဘ်ဆိုဒ်တွေကနေ သင့်တော်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ Alibaba, Tmal, JD ဆိုတာ နာမည်ကြီး E-Commerce တွေပါပဲ။ သင်မှာယူလိုက်တဲ့ ပါဆယ်တွေကို သင့်ဆီ Courier service တွေကတစ်ဆင့် ပို့ပေးနိုင်ပါတယ်။ ဒါပေမယ့် Courier service လုပ်တဲ့ ကုမ္ပဏီတွေကလည်း E-Commerce ပလက်ဖောင်းတွေပေါ်လိုက်ပြီး သတ်မှတ်ချက်အမျိုးမျိုး ရှိပါတယ်။ အဲ့လို သတ်မှတ်ချက်တွေ အမျိုးမျိုးရှိနေတဲ့ ဝန်ဆောင်မှုတွေ၊ ဈေးနှုန်းတွေကို တစ်နေရာတည်းမှာစုပြီး ကြည့်ရှုလိုပါသလား။ Quick card မှာ အဲ့ဒီလုပ်ဆောင်ချက် ပါဝင်လာပါပြီ။

My Expenses
ဝင်ငွေထွက်ငွေ မှတ်သားပေးနိုင်ခြင်း


My Expenses ဆိုတာက Quick card မှာ အသစ်မိတ်ဆက် ထည့်သွင်းပေးထားတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ My Expenses ကိုသုံးပြီး သင့်ဝင်ငွေထွက်ငွေကို မှတ်သားထားနိုင်ပါတယ်။ အက်ပ်ကို သင့်ရဲ့ဘဏ်ကဒ်၊ WeChat Wallet နဲ့ Alipay တို့နဲ့ ချိတ်ဆက်ပေးလိုက်တာနဲ့ တစ်ရက်ကို သင်ဘယ်လောက် အသုံးစာရိတ်ရှိတယ်၊  ဘယ်လောက် ဝင်ငွေရှိတယ်ဆိုတာကို အလိုအလျောက် စာရင်းမှတ်သား သိမ်းဆည်းထားပြီး သင်ပြန်ကြည့်ချင်တဲ့အခါ စာရင်းနဲ့ ပြန်လည်ပြသပေးမှာပဲ ဖြစ်ပါတယ်။

မှတ်ချက်
  • အပေါ်မှာ ပြောပြခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ MIUI China Rom တွေ အတွက်သာ ဖြစ်ပါတယ်။
  • အဲ့ဒီလုပ်ဆောင်ချက်တွေနဲ့ ပက်သက်ပြီး MIUI ကနေ တရားဝင်ထုတ်ပြန်ချက် ဘာမှ မလုပ်ရသေးပါဘူး။

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2