MIUI 9 မိတ်ဆက်ပွဲ အကြိုသုံးသပ်ချက်: Themes၊ Lock Screen အသစ်၊ Split-Screen လုပ်ဆောင်ချက်အသစ်နဲ့ ရိုးရှင်းပြည့်စုံတဲ့ ROM


ဒီတစ်ပတ်ထဲမှာတော့ အံ့ဩစရာကောင်းတဲ့ တစ်စုံတစ်ခုဟာ တကယ်ပဲ ဖြစ်လာတော့မှာပါ။ Mi 5X နဲ့ MIUI 9 ကို Xiaomi ကနေ မိတ်ဆက်မယ့်ရက်ဟာ ရက်အနည်းငယ်သာ လိုပါတော့တယ်။ လာမယ့် ၂၆ ရက်နေ့ တရုတ်စံတော်ချိန်နဲ့ ၁၄:၀၀ နာရီ (GMT+8) (မြန်မာစံတော်ချိန်နဲ့ဆို နေ့လည် ၁၂:၃၀ နာရီ (GMT+6:30)) မှာ မိတ်ဆက်ပွဲ ပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ MIUI 9 နဲ့ပက်သက်ပြီး လက်ရှိအချိန်အထိ ကျွန်တော်တို့ သိထားသမျှအချက်လေးတွေ ပြန်စုပြီး တင်ပြပေးလိုက်ပါတယ်။

၁။ MIUI 9 Themes: Default theme အပြင် နောက်ထပ် Theme အသစ်သုံးခု ထပ်ထည့်ပေးထားခြင်း

MIUI 9 မှာတော့ Default theme တစ်ခုအပါအဝင် 无界 (No Boundary)၊  幻彩 (Color Fantasy) နဲ့ 炫黑 (Cool Black) ဆိုပြီး နောက်ထပ် Theme အသစ်သုံးခုပါ ထပ်ထည့်ပေးထားပါတယ်။ Theme တစ်ခုချင်းစီရဲ့ နမူနာပုံစံတွေကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်။ Home screen ပေါ်မှာ ကြည့်ရတာ ပိုပြီးအမြင်ရှင်းအောင်လို့ Dock မှာပါတဲ့ Icon တွေကို Label စာသားတွေ ပြပေးတော့မှာ မဟုတ်ပါဘူး။ Theme တစ်ခုချင်းစီအတွက် လက်ရှိပေးထားတဲ့ အင်္ဂလိပ်နာမည်တွေကတော့ အတည်မဟုတ်သေးဘူးလို့ သိရပါတယ်။


无界 (No Boundary)


幻彩 (Color Fantasy)


炫黑 (Cool Black)


Default Theme

၂။ Mi 6, Redmi Note 4 Qualcomm / Redmi Note 4X တို့ဟာ MIUI 9 အတွက် Beta update ကို ပထမဆုံးရရှိမယ့်စက်တွေ ဖြစ်ပါတယ်။

MIUI 9 ဟာ အသုံးပြုသူတွေအတွက် ချို့ယွင်းမှုအနည်းဆုံး၊ တည်ငြိမ်မှုအရှိဆုံးနဲ့ Battery စွမ်းအင်ကို ‌အကောင်းဆုံးထိန်းညှိပေးနိုင်ပြီး ချောချောမွေ့မွေ့ လည်ပတ်နိုင်တဲ့စနစ်တစ်ခုဖြစ်အောင်လို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပထမဆုံး MIUI 9 Update ကို ကန့်သတ်ထားတဲ့ စက်မော်ဒယ်အချို့အတွက်သာ ထုတ်ပေးသွားမှာဖြစ်ပြီး နောက်ထပ်စက်တွေကိုတော့ နောက်ပိုင်းကျမှ ဖြည်းဖြည်းချင်း ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ Update ပေးတဲ့နေရာမှာလည်း သူ့အသုတ်နဲ့သူ တစ်ဆင့်ချင်းစီ ထုတ်ပေးသွားမှာပါ။

Mi 6, Redmi Note 4 Qualcomm / Redmi Note 4X တို့ဟာ MIUI 9 အတွက် Beta update ကို ပထမဆုံးရရှိမယ့် အသုတ်ဖြစ်ပြီး ဒုတိယအသုတ်မှာတော့ ကျန်တဲ့စက် တော်တော်များများကို ထောက်ပံ့ပေးသွားမှာပါ။ Mi 2/2S ကတော့ MIUI 9 Update ကို နောက်ဆုံးမှ ရရှိမယ့်စက်ပဲ ဖြစ်ပါတယ်။ MIUI 9 ကို သူများထက်စောပြီး အသုံးပြုချင်ရင်တော့ အောက်ကပေးထားတဲ့လင့်ခ်ကနေ ဝင်ပြီး Beta tester တစ်ယောက်အဖြစ် လျှောက်ထားလို့ ရပါတယ်။

၃။ Lock screen shortcut အတွက် ပုံစံအသစ်ဖြင့် ရေးဆွဲထားခြင်း


ယခုခေတ်ကြီးထဲမှာ လက်ဗွေစနစ်ဟာ ခေတ်စားနေတဲ့နည်းပညာတစ်ခု ဖြစ်နေပါတယ်။ အခုအချိန်မှာ ထွက်သမျှဖုန်းအသစ်တွေအားလုံးနီးပါး လက်ဗွေစနစ်ကို ထောက်ပံ့ပေးထားကြပါပြီ။ Screen အရှေ့ဘက်မှာ လက်ဗွေစနစ် တပ်ဆင်ထားတဲ့ Mi device တွေကို အသုံးပြုနေတဲ့သူတွေအတွက်ကတော့ Lock screen ကနေ ဓာတ်မီး (Torch) ကို တိုက်ရိုက်ဖွင့်ဖို့အတွက် အခြားသော Mi device တွေလို Home screen ကို ကြာကြာနှိပ်ထားလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ လက်ဗွေစနစ်ကို ဖုန်းရှေ့မျက်နှာပြင်မှာရှိတဲ့ Home button ထဲမှာ တပ်ဆင်ထားတဲ့စက်တွေမှာ Home button ကို ကြာကြာနှိပ်ထားလိုက်ရင် ဖုန်းကို Lock ဖွင့်ပေးမှာ ဖြစ်လို့ပါ။

အခု MIUI 9 မှာတော့ Lock screen ရဲ့ ညာဘက်ကို ပွတ်ဆွဲလိုက်ရင် Torch ခလုတ်ကိုတွေ့ရမှာဖြစ်ပြီး အဆင်ပြေပြေ အသုံးပြုနိုင်သွားမှာပဲ ဖြစ်ပါတယ်။ Mi Home၊ Mi Remote၊ Mi Pay၊ Transport Card နဲ့ Torch တို့လိုမျိုး အသုံးဝင်ပြီး အသုံးများတဲ့ Shortcut တွေကို တစ်နေရာတည်းမှာ အသုံးပြုနိုင်တော့မှာပဲ ဖြစ်ပါတယ်။

၄။ Split Screen Feature


Split screen feature ကိုတော့ မေလ ၂၅ ရက်နေ့မှာ ပြသခဲ့တဲ့ Mi Max 2 မှာ စတင်မိတ်ဆက်ပေးခဲ့ပါပြီ။ ဒီလုပ်ဆောက်ချက်ကို MIUI 8 Alpha ROM အသုံးပြုထားတဲ့ Mi 5 တွေအပေါ်မှာ စမ်းသပ်အသုံးပြုနေပြီး Mi 6 နဲ့ Mi Max 2 အတွက်ကတော့ MIUI 8 7.7.13 Public Beta ROM မှာ စတင်ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Android 7.0 နဲ့အထက် အသုံးပြုထားတဲ့ Mi devices တွေမှာတော့ MIUI 9 update နဲ့အတူ ဒီ Split screen လုပ်ဆောင်ချက်ကို တစ်ပါတည်း ကျိန်းသေအသုံးပြုနိုင်မယ်လို့ အတည်ပြုပြောထားပါတယ်။ အဲ့ဒီစက်တွေကတော့ Mi6၊ Mi MIX၊ Mi Note 2၊ Mi Max၊ Mi Max 2၊ Mi 5၊ Redmi Note 4X တို့ပဲ ဖြစ်ပါတယ်။ Split screen feature ကို အသုံးပြုလို့ရနိုင်မယ့် ကျန်တဲ့စက်တွေကိုတော့ ၂၆ ရက်နေ့ မိတ်ဆက်ပွဲအပြီးမှာ ထပ်ပြီး ပြောပြပေးသွားပါ့မယ်။

၅။ ရိုးရှင်းပြီး ပြည့်စုံကောင်းမွန်တဲ့ စနစ်တစ်ခု

Orange Friday ဆိုတဲ့ စကားလုံးကို ကြားဖူးပါသလား။ Orange Friday ဆိုတာ Mi devices တွေအတွက် အပတ်စဉ် China/Global Beta ROM ကို ထုတ်ပေးနေကျ သောကြာနေ့ကို ရည်ညွှန်းခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ နောက်ဆုံးပေါ်လုပ်ဆောင်ချက်တွေနဲ့ ချို့ယွင်းချက်တွေပြင်ဆင်ထားတဲ့ Beta ROM ကို အပတ်စဉ်သောကြာနေ့တိုင်း အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ တွက်ချက်ထားသလောက်ကတော့ အပတ်စဉ် Update တွေထုတ်ပေးနေခဲ့တာဟာ ခုချိန်ထိဆိုရင် ရက်သတ္တပါတ်ပေါင်း ၃၄၀ ရှိသွားခဲ့ပါပြီ။ နောင်လည်း ဆက်ပြီး ထုတ်ပေးနေဦးမှာပါပဲ။

အရင်ကပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ဟာ ROM ထဲမှာ လုပ်ဆောင်ချက်အသစ်တွေ ထပ်ထပ်ပြီး ထည့်ပေးသွားတဲ့အတွက် ROM တွေရဲ့ ဖိုင်အရွယ်အစားဟာ တဖြည်းဖြည်းနဲ့ ပိုပိုများလာပြီး မလိုအပ်တဲ့၊ အသုံးပြုတာနည်းတဲ့ လုပ်ဆောင်ချက်တွေပါ တဖြည်းဖြည်း များပြားလာပါတယ်။ ဒါကြောင့် ROM ကို ပိုပြီး ရိုးရိုးရှင်းရှင်းနဲ့ အကောင်းဆုံးဖြစ်သွားအောင်လို့ Child Mode၊ WiWide၊ Contact Card၊ Showtime (Caller Profile Video) နဲ့ အချို့သော လုပ်ဆောင်ချက်တွေကို MIUI 9 မှာ ဖယ်ရှားပစ်လိုက်တော့မှာပဲ ဖြစ်ပါတယ်။

၆။ နောက်ထပ်ပါဝင်လာမယ့် နည်းပညာတွေနဲ့ လုပ်ဆောင်ချက်များ

ဒီအကြောင်းကိုတော့ MIUI 9 မိတ်ဆက်ပွဲမှာ ထပ်ပြီး ပြောပြပေးသွားမှာပါ။

၇။ MIUI 9 အတွက် အကြိုစမ်းသပ်သုံးစွဲသူတစ်ယောက်အဖြစ် စာရင်းပေးချင်ပါသလား။

MIUI 9 China ROM အတွက် စမ်းသပ်သုံးစွဲသူတွေကို ခေါ်ယူနေပါတယ်။ လိုအပ်တဲ့အချက်အလက်တွေနဲ့ ထောက်ပံ့ပေးထားတဲ့ စက်တွေနဲ့ ပက်သက်တဲ့အခက်အလက်တွေအတွက် အောက်ကလင့်ခ်ကနေ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။







အပေါ်ကပုံတွေကတော့ အသစ်မိတ်ဆက်ပေးမယ့် Mi 5X ရဲ့ ပုံတွေပါ။ ကဲ.... ဇူလိုင်လ ၂၆ ရက်နေ့ပွဲအတွက် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေလိုက်ကြရအောင်။

Original Thread
👇👇👇👇👇

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2