MIUI 9 မှာ ပါဝင်လာမယ့် Official Theme နမူနာပုံစံ

အောက်မှာပြထားတဲ့ ပုံတွေကတော့ MIUI 9 မှာ ပါဝင်လာမယ့် Official Theme တစ်ခုကို နမူနာအနေနဲ့ ပြသပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ MIUI ကနေ MIUI 9 ရဲ့ ဒီဇိုင်းပိုင်းနဲ့ပက်သက်ပြီး ကျွန်တော်တို့ကို ထုတ်ဖော်ပြောကြားခွင့် ပေးလိုက်ပါပြီ။ MIUI 9 မှာတော့ Default Theme တစ်ခု အပါအဝင် နောက်ထပ် Theme အသစ်‌သုံးခုကိုပါ ထပ်ထည့်ပေးထားတာဖြစ်လို့ စုစုပေါင်း Theme လေးခု တရားဝင်ပါဝင်လာမှာ ဖြစ်ပါတယ်။ Dock ဒီဇိုင်းကလွဲလို့ MIUI 8 နဲ့ MIUI 9 ကြားမှာ အခြားသော UI ဒီဇိုင်းတွေကို သိသိသာသာကြီး ပြောင်းလဲမှုမလုပ်ထားတာကို တွေ့ရပါတယ်။ တကယ်လို့ တရားဝင်ပုံသေပါဝင်လာတဲ့  Theme လေးခုကို မကြိုက်ရင်လည်း Theme စတိုးပေါ်မှာရှိတဲ့ Theme တွေထဲကနေ မိမိကြိုက်နှစ်သက်ရာကို ဒေါင်းလုဒ်ရယူ အသုံးပြုနိုင်ပါသေးတယ်။



အပေါ်ပုံတွေဟာ MIUI 9 မှာ အသစ်ထပ်ထည့်ထားတဲ့ သင်းမ်သုံးခုထဲက တစ်ခုဖြစ်ပါတယ်။ ပုံထဲမှာ တွေ့ရတဲ့အတိုင်း လက်ရှိ MIUI 8 မှာ အသုံးပြုနေတဲ့ လေးထောင့်ဆန်ဆန် Icon တွေကို Icon အသစ်တွေနဲ့ အစားထိုးထားပါတယ်။ MIUI 9 ROM ကို တင်ပြီးလို့ ပထမဆုံးအကြိမ် Set up လုပ်တဲ့အချိန်မှာ မိမိကြိုက်နှစ်သက်ရာ  Theme  တစ်ခုကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ MIUI 9 ကို မိတ်ဆက်ပြသပြီးသွားတာနဲ့ MIUI  9 မှာ ပါဝင်လာမယ့် Theme အသစ်တွေကို ဖိုရမ်မှာ တင်ပေးသွားမှာဖြစ်လို့ ဒေါင်းလုဒ်ရယူ အသုံးပြုနိုင်မှာပါ။

Original Thread
👇👇👇👇👇

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2