ပေါက်ကြားလာတဲ့ MIUI 9 မှာ ပါဝင်လာမယ့် Lock screen အကြောင်း



Mi ဖုန်းတွေအတွက် မျှော်လင့်စောင့်စားနေရတဲ့ System update ကြီးတစ်ခုဖြစ်တဲ့ MIUI 9 ကို MIUI ကနေ ဩဂုတ်လ ၁၆ ရက်နေ့ မတိုင်ခင်မှာ စတင်မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ MIUI 1 ကနေ စတင်ပြီးတော့ MIUI ဟာ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ လူသန်းပေါင်း ၂၀၀ ကျော်လောက်အတွက် စိတ်ကျေနပ်စရာ စက်လည်ပတ်မှုစနစ်တစ်ခုအဖြစ် ရပ်တည်နေခဲ့တာပါ။ အသစ်ထွက်ရှိလာမယ့် MIUI 9 မှာဆိုရင်လည်း ဘက်ထရီသုံးစွဲမှု ပိုခံအောင်၊ ချော့မွေ့ပြေပြစ်သွက်လက်စွာ အလုပ်လုပ်ဆောင်နိုင်အောင်ဆိုပြီး ပိုပြီးအဆင့်မြင့်တဲ့ မွမ်းမံမှုတွေ လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။


MIUI 9 ကို စတင်မိတ်ဆက်တော့မယ့်အချိန်ဟာလည်း သိပ်မကြာတော့ပါဘူး။ ကျွန်တော်တို့လည်း ခင်ဗျားတို့လိုပဲ စိတ်လှုပ်ရှား ရင်ခုန်နေကြတာပါ။ MIUI ဟာ Weibo ရဲ့ အမေးအဖြေကဏ္ဍမှာ ဆွေးနွေးနေရင်းနဲ့ MIUI 9 ရဲ့ Lock screen ပုံစံအသစ်ကို ထုတ်ဖော်ပြသ‌လိုက်ပါတယ်။ အောက်ပုံလေးဟာ MIUI 9 မှာ ပြောင်းလဲသွားမယ့် Lock screen ပေါ်က Shortcut နေရာချထားရှိပုံ ပုံလေးပါ။


MIUI 8 မှာ Rom တင်ပြီးပြီးချင်း တွေ့ရမယ့် ပုံသေသတ်မှတ်ထားတဲ့ Lock screen shortcut တွေက မျက်နှာပြင်ရဲ့ ညာဘက်မှာဆိုရင် ကင်မရာအက်ပ်ဖြစ်ပြီး ဘယ်ဘက်မှာတော့ Mi Home အက်ပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းလဲလိုက်တဲ့ MIUI 9 ရဲ့ Lock screen မှာ ပုံသေသတ်မှတ်ချက်အနေနဲ့ ထားရှိမယ့် Shortcut တွေကတော့ Mi Home ၊ Mi Remote ၊ Mi Pay နဲ့ Mi Transport တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အပေါ်က Shortcut တွေရဲ့အောက်မှာ Torch (ဓါတ်မီး) ကိုလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Lock screen ပေါ်လာတာနဲ့ Shortcut တွေကို တစ်ခါတည်း ပြပေးထားမှာ မဟုတ်ပါဘူး။ အဲ့ဒီ Shortcut တွေထားတဲ့ နေရာကို သွားဖို့က Lock screen ပေါ်မှာ ဘယ်ဘက်ကနေ ညာဘက်ကို ပွတ်ဆွဲပေးရမှာပါ။ နောက်ပြီး Lock screen အတွက် နောက်ခံပုံကိုလည်း မိမိနှစ်သက်ရာ သတ်မှတ်ထားရှိနိုင်ပါတယ်။

မှတ်ချက်။            ။ အပေါ်မှာပြောခဲ့တဲ့အချက်တွေက MIUI China ROM တွေအတွက် ဖြစ်ပါတယ်။

MIUI 9 နှင့်ပက်သက်ပြီး နောက်ထပ်ဖတ်ရှုလိုပါက အောက်ပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
👇👇👇👇👇



Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2