သက်ဆိုင်ရာ Device အလိုက် MIUI 9 China/Global Developer ROM Update ထွက်ရှိမည့်ရက်များအား Xiaomi မှ တရားဝင်ထုတ်ပြန်ကြေငြာ (Release Schedule for MIUI 9 China/Global Developer ROM)


MIUI 9 ကို စတင်စမ်းသပ်နေတဲ့ကာလ ရောက်ပြီဖြစ်တဲ့အတွက်ကြောင့် MIUI 9 China/ Global Developer ROM တွေအတွက် အပတ်စဉ်ထုတ်ပေးနေကျဖြစ်တဲ့ Beta update တွေကို ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ပါတယ်။ ROM အားလုံးအတွက် Update တွေအားလုံးကို ဩဂုတ်လထဲရောက်မှ ပုံမှန်အတိုင်း အောက်မှာဖော်ပြထားတဲ့ အချိန်စာရင်းအတိုင်း ဖြည်းဖြည်းချင်း ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

MIUI 9 China Beta ROM Public release အတွက်က
၈ လပိုင်း ၁၁ ရက်နေ့မှာ
Mi 6, Mi 5X, Redmi Note 4X Qualcomm

၈ လပိုင်း ၂၅ ရက်နေ့မှာ
Mi Mix, Mi Note 2, Mi 5, Mi 5s, Mi 5s Plus, Mi 5c, Mi Max 2, Mi Max, Mi 4s, Mi 4c, Redmi Note 4X Standard Edition, Redmi 4x

၉ လပိုင်း လကုန်ခါနီးလောက်မှာ
Mi1/ 1S/ 2A မှလွဲပြီး ကျန်တဲ့ Mi နဲ့ Redmi အားလုံး

MIUI 9 Global Beta ROM Public release အတွက်က
၈ လပိုင်း ၁၁ ရက်နေ့မှာ
Mi 6 နဲ့ Redmi Note 4 Qualcomm / Redmi Note 4X

၈ လပိုင်း ၂၅ ရက်နေ့မှာ
Mi Note 2, Mi 5, Mi 5s, Mi 5s Plus, Mi Max 2, Mi Max 32G, Mi Max 64G/128G နဲ့ Redmi 4 (India Version) / Redmi 4X

၉ လပိုင်း ကုန်ခါနီးလောက်မှာ
Redmi 2, Redmi 2 Prime, Redmi 3/Prime, Redmi 3S/Prime, Redmi 4A, Redmi 4 Prime, Redmi Note Prime, Redmi Note 2, Redmi Note 3 Qualcomm, Redmi Note 3 Special Edition, Redmi Note 4 MTK, Mi 2/2S, Mi 3, Mi 4, Mi 4i, Mi Note နဲ့ Mi MIX

ခုလက်ရှိမှာလည်း MIUI 9 Beta tester အကြိုစမ်းသပ်သုံးစွဲသူများကို ခေါ်‌ယူနေပါပြီ။ စမ်းသပ်သုံးစွဲသူတစ်ယောက်အဖြစ် စာရင်းပေးလိုပါက အောက်မှာပေးထားတဲ့လင့်ခ်ကနေ လိုအပ်တဲ့အချက်အလက်တွေ ဖတ်ရှုလေ့လာပြီး စာရင်းသွင်း လျှောက်ထား‌နိုင်နေပါပြီ။ နောက်ပြီး လက်ရှိအချိန်အထိ စာရင်းပေးထားတဲ့လူတွေထဲကမှ ပထမအသုတ်ကိုလည်း ရွေးချယ်ပြီး ဖြစ်ပါတယ်။ ရွေးချယ်ခံရသူတွေဟာ ပထမဆုံးသော MIUI 9 Closed China Developer ROM update ကို မနက်ဖြန် ၂၇ ရက်နေ့မှာ စတင်ရရှိကြမှာပဲ ဖြစ်ပါတယ်။

မှတ်ချက်။       ။
၁။  MIUI 9 China ROM နဲ့ Global ROM မှာပါတဲ့ လုပ်ဆောင်ချက်တွေဟာ အနည်းငယ် ခြားနားနေနိုင်ပါလိမ့်မယ်။ လက်ရှိအချိန်အထိ အချို့သော လုပ်ဆောင်ချက်တွေဟာ China ROM တွေမှာပဲ အသုံးပြုနိုင်သေးတာ ဖြစ်ပါတယ်။ Global ROM မှာပါဝင်လာမယ့် လုပ်ဆောင်ချက်တွေကိုတော့ မကြာခင် ထပ်မံထုတ်ပြန်ပေးသွားမျာ ဖြစ်ပါတယ်။ ဆက်လက်စောင့်နေပေးကြပါဦး။
၂။ ထောက်ပံ့ပေးထားတဲ့ စက်စာရင်းကလည်း အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။ နောက်ထပ် အချက်အလက်တွေ သိရရင် ထပ်ပြီး ပြောပြပေးသွားပါ့မယ်။


Original Thread
👇👇👇👇👇

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2