ဇူလိုင် ၂၆ ရက်နေ့မှာ မိတ်ဆက်ပြသမယ့် Xiaomi Mi 5X ရဲ့ Specification များ ထွက်ပေါ်


Xiaomi ကနေ နောက်ထပ် ထပ်ထုတ်လာမယ့်၊ လာမယ့် ၂၆ ရက်နေ့မှာ ပွဲထုတ်ပြသမယ့် စမတ်ဖုန်းတစ်မျိုးကတော့ ကြော်ငြာပိုစတာအနေနဲ့ ထွက်ပေါ်လာပါပြီ။ 5X လို့ နာမည်ပေးထားတဲ့ Device ရဲ့ Specification တွေလည်း ပေါက်ကြားလာပြီပဲ ဖြစ်ပါတယ်။


Mi 5X ရဲ့ မျက်နှာပြင်ဟာ Full HD Display screen နဲ့  ထောင့်ဖြတ်အကျယ် ၅.၅ လက်မ ရှိပါလိမ့်မယ်။  Mi 5X ကို Premium နဲ့ Standard ဆိုပြီး Varient နှစ်မျိုးနဲ့ ထုတ်ထားပါတယ်။ Premium Varient မှာတော့ RAM 6 GB ROM 64 GB SnapDragon 660 SoC ပါဝင်မှာဖြစ်ပြီး Standard Varient မှာတော့ RAM 4 GB ROM 32 GB SnapDragon 625 SoC ဆိုပြီး ပါဝင်မှာ ဖြစ်ပါတယ်။ ခန့်မှန်းခြေ ဈေးနှုန်းအနေနဲ့ Premium version ကိုတော့ 1999 ယွမ် (295 ဒေါ်လာနီးပါး) ကျသင့်မှာဖြစ်ပြီး Standard version ကတော့ 1499 ယွမ် ကျသင့်မှာ ဖြစ်ပါတယ်။


Mi 5X ကို အနက်ရောင်၊ ရွှေရောင်နဲ့ ပန်းနုရောင်ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာပါ။ Mi5 မှာလိုမျိုး Screen ရှေ့မှာ Home button ပါဝင်လာခြင်း မရှိဘဲ ပါနေကျ Physical button သုံးခုပဲ ပါပါတယ်။ Camera အနေနဲ့ကတော့ 12 Megapixel Dual camera Dual LED တပ်ဆင်ပေးထားပါတယ်။ Fingerprint ကိုတော့ ဖုန်းရဲ့နောက်ကျောဘက်မှာပဲ ထားပေးထားပါတယ်။

Mi 5X ကို Android 7.1.1 ပေါ် အခြေခံထားတဲ့ MIUI 9 နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။


Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2