Android OS သုံး Unicode <=> Zawgyi ကွန်ဗာတာများ

(Myanmar Unicode Converter For Android)

Android user တွေအနေနဲ့Zawgyi to Unicode,Unicode to Zawgyi ပြောင်းလဲပေးနိုင်မယ့် Converter လေးတွေကိုစုစည်း တင်ပေးထားပါတယ်။ ကြိုက်နှစ်သက်ရာ Converter ကို ရွေးချယ်၍ စမ်းသပ်အသုံးပြုနိုင်ပါပြီ။ Up To Date ဖြစ်စေရန် Google Play Store လင့်များနှင့်ချိတ်ဆက်ပေးထားပါတယ်။

(1) MM Font Converter



Setting ထဲမှ Pop Up ကို onပေးရုံဖြင့်Converter ထဲသို့ဝင်ရောက်ပြောင်းလဲရန်မလိုဘဲမိမိပြောင်းလိုသောစာကိုcopyလုပ်လိုက်ရုံဖြင့်ယူနီကုဒ်အဖြစ်ပြောင်းလဲထားသောစာများကိုဖုန်းscreenတွင် pop up အနေဖြင့်တန်းပေါ်လာမည်ဖြစ်သည်။Andriod version 2.3.3နှင့်အထက်ဖုန်းတွေမှာအသုံးပြုလို့ရပါတယ်။

(2) Zaw Vs Uni Converter




Offline Converter အမျိုးအစားဖြစ်ပြီး Android Version 4.0.3 မှစ၍အသုံးပြုနိုင်ပါသည်။ဇော်ဂျီနဲ့ရေးထားသောစာများကိုcopyလုပ်ပြီးပထမဇယားကွက်တွင်pasteပေးခြင်းဖြင့်ဇော်ဂျီစာများကိုယူနီကုဒ်အဖြစ်ဒုတိယဇယားကွက်တွင်အလိုအလျောက်ပြောင်းလဲသွားမည်ဖြစ်သည်။

(3) U Zaw Converter




Pyaung(ဇော်,ယူ) Converter ရဲ့ update version ဖြစ်ပါတယ်။Andriod version 4.1နှင့်အထက်ဖုန်း တွေမှာအသုံးပြုလို့ရပါတယ်။ဒီ converter လေးရဲ့ ထူးခြားချက်က ဘယ် Font ကိုပဲဖြစ်ဖြစ် Copy လုပ်ပြီး Convert လုပ်ချင်ရင် Apps ထဲဝင်စရာမလိုပဲ Notification ဒါမှမဟုတ် AlertDialog လေးနဲ့ ပြပေးမှာပါ။

(4) Rabbit Zawgyi <=> Unicode



Offline Converter အမျိုးအစားဖြစ်ပြီး Android Version 4.3 မှစ၍အသုံးပြုနိုင်ပါသည်။Zawgyito Unicode,Unicode to Zawgyi သို့လျင်မြန်စွာပြောင်းလဲပေးနိုင်သည့် Converter လေးတစ်ခု ဖြစ်ပါသည်။https://github.com/saturngod/Rabbit တွင်လည်း open source အနေနဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

(5) PL Converter



အသစ်ထွက်ရှိလာတဲ့ယူနီကုဒ်−ဇော်ဂျီကွန်ဗက်တာ(PL Converter)လေးဖြစ်ပါတယ်။ ဗမာစာအပြင် ရှမ်းတိုင်းရင်းသား ဘာသာစကားပါ ထည့်သွင်းထားပါတယ်။Andriod version 4.1နှင့်အထက်ဖုန်း တွေမှာအသုံးပြုလို့ရပါတယ်။


Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2