MIUI မှာ ပါဝင်လာတဲ့ Split Screen လုပ်ဆောင်ချက်ကို သုံးသပ်ခြင်း

သတိပြုရမှာက အောက်မှာရေးထားတဲ့လုပ်ဆောင်ချက်ဟာ MIUI Alpha/Experimental ROM မှာပဲ ရသေးတာဖြစ်ပါတယ်။ ဘယ် Beta/Developer ROM ရော Stable ROM မှာမှ မရသေးပါ။ နောက်ပြီး စက်အချို့ကိုသာ ထောက်ပံ့ပေးထားပါသေးတယ်။ ဒီပို့စ်ဟာ လုပ်ဆောင်ချက်အသစ်နဲ့ပက်သက်ပြီး သိထားရအောင်သာ ရည်ရွယ်ပါတယ်။

Mi Max 2 ကို ပွဲထုတ်ခဲ့တုန်းက လေးကျွင်းဟာ MIUI မှာ Split Screen လုပ်ဆောင်ချက်ကို ထည့်ပေးဖို့ စီစဉ်နေတယ်ဆိုတဲ့အကြောင်းကိုပါ ကြေငြာခဲ့ပါတယ်။ အခုအချိန်မှာတော့ လူတိုင်းအတွက် သတင်းကောင်းတစ်ခုကို ပြောပြပေးပါတော့မယ်။ အဲ့ဒါကတော့ Split Screen view ကို MIUI 8 Experimental ROM တွေမှာ အသုံးပြုနိုင်လာပြီဆိုတဲ့အကြောင်းပါ။ လေးကျွင်းပြောခဲ့ပြီးကတည်းက အကြိုစမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့ကြတာဖြစ်ပြီး အခုအချိန်မှာတော့ MIUI Experimental ROM version 7.6.5 မှာတော့ Split Screen view လုပ်ဆောင်ချက် ပါဝင်လာပြီပဲဖြစ်ပါတယ်။ လုပ်ဆောင်ချက်အသစ်နဲ့ပက်သက်ပြီး အကြမ်းဖျဉ်းအနေနဲ့ အောက်မှာပြောပြပေးပါ့မယ်။

Split Screen View

ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့ဆိုရင် User တွေဟာ Recent app view ထဲဝင်ပြီး Split Screen ကို နှိပ်လိုက်မှသာ အသုံးပြုနိုင်တာဖြစ်လို့ အတော်လေး အဆင်ပြေတဲ့အနေအထားလို့ ပြောလို့ရပါတယ်။ Recent app view ထဲဝင်ပြီး Split Screen ကိုနှိပ်ပြီးတာနဲ့ တစ်ပြိုင်နက်အသုံးပြုချင်တဲ့အက်ပ်နှစ်ခုကို ရွေးပြီး တန်းသုံးလို့ရပါပြီ။ 


Split screen view ကနေ ထွက်ဖို့အတွက်ကတော့ နှစ်နည်းရှိပါတယ်။ ပထမတစ်နည်းက Recent app view ထဲဝင်၊ အပေါ်နားလေးမှာရှိတဲ့ Exit Split screen ကို နှိပ်ပြီး ထွက်တဲ့နည်းလမ်းပါ။ 


Screen ကို ပိုင်းပေးထားတဲ့ Slider bar လေးကို မျက်နှာပြင်ရဲ့ အောက်ဘက်ကိုဖြစ်ဖြစ်၊ အပေါ်ကိုဖြစ်ဖြစ် ပွတ်ဆွဲပေးပြီးတော့လည်း Split Screen view ကနေ ထွက်လို့ရပါတယ်။ လွယ်လွယ်လေးပါ။ ဒီလုပ်ဆောင်ချက်က အသုံးပြုရတာ လွယ်ကူပြီး User တွေ လိုချင်နေတဲ့လုပ်ဆောင်ချက် ဖြစ်နေပေမယ့်လည်း Experimental ROM အတွက် ထောက်ပံ့ပေးထားတဲ့ စက်က အလွန်နည်းနေပါသေးတယ်။ အခုအချိန်မှာတော့ Experimental ROM အသုံးပြုလို့ရတဲ့စက်တွေထဲမှာမှ MI 5 တစ်မျိုးတည်းသာ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ Developer တွေဟာ Developer ROM တွေမှာပါ အသုံးပြုနိုင်အောင် ကြိုးစားနေကြပြီး အခြားစက်တွေမှာပါ အသုံးပြုနိုင်အောင် အကောင်းဆုံးပြုပြင်နေတာဖြစ်လို့ စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါလို့ပဲ တောင်းဆိုပါရစေခင်ဗျ။ အခုအချိန်မှာတော့ စမ်းသပ်ရေးဆွဲနေတဲ့အဆင့်မှာပဲ ရှိနေသေးတာဖြစ်လို့ ချို့ယွင်းချက်လေးတွေတော့ ရှိနေပါတယ်။

၁။ Recent UI

အသစ်ပါဝင်လာတဲ့ Split Screen view နဲ့ လိုက်လျောညီထွေရှိအောင် Recent UI ရဲ့ Animation ကို ပြောင်းလဲထားပါတယ်။ ဒါပေမယ့်လည်း ပိုပြီးကောင်းမွန်မှုရှိအောင် ပြန်လည်သုံးသပ်နေဆဲ ဖြစ်ပါတယ်။

၂။ Animations

ပိုကောင်းတဲ့လုပ်ဆောင်ချက်တွေ လိုအပ်နေသေးတဲ့ Split Screen view နဲ့ Recent UI ကို အသုံးပြုတဲ့အချိန်မှာ Animations အများအပြား အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲ့ဒါတွေကိုလည်း ချောမွေ့ပြေပြစ်မှုရှိအောင် ပြင်ဆင်နေပါတယ်။

၃။ MIUI App များအတွက် ထောက်ပံ့ပေးထားခြင်း

Split Screen view ကို အသုံးပြုတဲ့နေရာမှာ ပိုပြီးကောင်းမွန်တဲ့မြင်ကွင်းပုံစံမျိုး ရနိုင်အောင် ဖန်တီးထားတာဖြစ်တာကြောင့် MIUI မှာပါဝင်ပြီးသား စနစ်အက်ပ်တွေကတော့ ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့ လိုမလိုဆိုတာ Display requirement အရ သူ့ဘာသာသူ ဆုံးဖြတ်ပြီး လုပ်ဆောင်သွားပါလိမ့်မယ်။ ဥပမာပြောရရင် Dialer အက်ပ်အတွက် Split Screen view ကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

၄။ Third-Party App အတွက် ထောက်ပံ့ပေးထားမှု


  • Split Screen view ကို အသုံးပြုနိုင်ဖို့ရာ Third party apps တွေကို နောက်ဆုံးဗားရှင်းအထိ တင်ထားဖို့ လိုပါတယ်။
  • ဒီလုပ်ဆောင်ချက်ကို  အသုံးပြုဖို့ရာ ထောက်ပံ့မှု Application developer တွေရဲ့ ထောက်ပံ့မှု လိုတာကြောင့် တစ်ချို့အက်ပ်တွေဟာ Split Screen လုပ်ဆောင်ချက်ကို အသုံးမပြုနိုင်ပါဘူး။
  • ဂိမ်းတွေဟာ Split Screen view ထဲမှာ ပုံမှန်ဆိုရင်တော့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂိမ်းတွေကို ဒီလိုအသုံးပြုဖို့ ရေးဆွဲထားတာ  မဟုတ်လို့ပါ။ ဒါပေမယ့်လည်း အသုံးပြုချင်တယ်ဆိုရင်တော့ Developer option ထဲမှာ အက်ပ်တွေကို  Force resize လုပ်ဖို့အတွက် ခွင့်ပြုချက်ပေးထားဖို့ လုပ်ဆောင်ချက်ပါပါတယ်။ ဒါပေမယ့် သုံးနေရင်းရပ်သွားတာ၊ Force close ဖြစ်သွားတာတွေတော့ ကြုံရနိုင်ပါတယ်။

ဒီ Split screen view လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးဖို့ရာ ဘာလို့ကြန့်ကြာနေတာလဲဆိုတာ User တွေ သိချင်နေကြမှာပါ။  

၁။ User တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် နေ့စဉ်အသုံးပြုဖို့လိုအပ်တဲ့အရာတွေကို သုသေတနလုပ်နေရတဲ့အတွက်ကြောင့် အချိန်ကုန်နေကြပါတယ်။ 

၂။ လုပ်ဆောင်ချက်အသစ်နဲ့ လိုက်လျောညီထွေမှုရှိအောင် Recent page ကို ပြန်လည်ပြုပြင်ထားပါတယ်။

၃။ မတူညီတဲ့ Android version တွေကို မတူညီတဲ့စက်တွေပေါ်မှာ  အသုံးပြုထားတာဖြစ်တာကြောင့်  စက်တော်တော်များများမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့ အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ (Mi devices တွေဟာ Android version တွေ တစ်လုံးနဲ့တစ်လုံး မတူကြပေမယ့် MIUI Version တူလို့သာ လုပ်ဆောင်ချက်တွေအကုန်နီးပါးကို  စက်အားလုံးမှာ တစ်ထပ်တည်းနီးပါး အသုံးပြုနေနိုင်တာဖြစ်ပါတယ်။ Google ဟာ ဒီ Split Screen view လုပ်ဆောင်ချက်ကို Android 7.0 ကျမှသာ တရားဝင်ထည့်ပေးထားတာဖြစ်ပါတယ်။ Xiaomi ကတော့ Mi devices တွေမှာ MIUI Version သာလျှင် အဓိကကျတယ်လို့ သတ်မှတ်ပြီး ကြိုးစားထားတာဖြစ်လို့ ဒီလုပ်ဆောင်ချက်ကိုလည်း မတူညီတဲ့ Android version တွေမှာ တူညီတဲ့ MIUI Version ကြောင့် ကောင်းကောင်းအသုံးပြုနိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။)

၄။ Split Screen View ထဲကို အဝင်အထွက်တွေအတွက် Animation တွေကို ထောက်ပံ့ပေးနိုင်တဲ့အက်ပ်တွေအားလုံး ချောမွေ့ပြေပြစ်မှုရှိအောင် ပြန်ပြင်ရေးထားရပါတယ်။

ဒီလုပ်ဆောင်ချက်ကို ကောင်းမွန်ပြည့်စုံစွာ အသုံးပြုနိုင်အောင်က နောက်ထပ်အများကြီး ကြိုးစားရပါဦးမယ်။ ဒါကြောင့် စက်အားလုံးအတွက် ဒီလုပ်ဆောင်ချက် တရားဝင်ထွက်လာခဲ့လို့ရှိရင်  သုံးစွဲရင်း  ကြုံတွေ့လာရတဲ့ အခြေအနေတွေကို တုံ့ပြန်အကြံပြုချက်တွေပို့ပေးကြပါလို့ Developer တွေက တိုက်တွန်းထားပါတယ်။

ဒါက MIUI China Forum ထဲက မူရင်းပို့စ်ရဲ့ လင့်ခ်ပါ။
👇👇👇👇👇

ဒါက MIUI Global Forum ထဲက မူရင်းပို့စ်ရဲ့ လင့်ခ်ပါ။
👇👇👇👇👇

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2