BootLoader Unlock လုပ်နည်း (For Redmi 3/Pro, Redmi Note 3/Pro, Mi5/Pro)


၁။ http://en.miui.com/unlock/ ကိုနှိပ်ပြီး Unlock page ထဲကိုဝင်ပါ။ Mi account ဝင်ပေးရမယ့်နေရာကို တွေ့ပါလိမ့်မယ်။ Mi account မဝင်ရသေးရင် Mi account ဝင်ပေးလိုက်ပါ။ (မှတ်ချက်။ ။ ဖြည့်ပေးမယ့် Mi account ဟာ မိမိလက်ရှိသုံးနေတဲ့ ဖုန်းနံပါတ်နဲ့ Bind ထားပြီးသားဖြစ်နေရပါမယ်။)

၂။ Unlock page ထဲရောက်ရင် Unlock Now ဆိုတဲ့ခလုတ်ကို တွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။

၃။ နောက်စာမျက်နှာတစ်ခုမှာ အကွက်လေးတွေ တွေ့ရပါလိမ့်မယ်။ ပထမဆုံးအကွက်ထဲမှာ မိမိနာမည်ကို ဖြည့်ပေးပါ။ ပြီးရင် အောက်က China (+86) ဆိုတဲ့အကွက်ကိုနှိပ်လိုက်ပါ။  Myanmar (+95) ကိုရှာပြီး နှိပ်လိုက်ပါ။ သူ့အောက်ကအကွက်ထဲမှာ မိမိ Mi account နဲ့ Bind ထားတဲ့ ဖုန်းနံပါတ်ကို ရှေ့က 0 ဖြုတ်ပြီး ဖြည့်ပေးပါ (ဥပမာ - 09 123456789 => 9 123456789)။ ပြီးရင် သူ့အောက်က အကွက်ကြီးထဲမှာ ဘာကြောင့် Unlock လုပ်ချင်ရသလဲဆိုတဲ့ အကြောင်းပြချက်ကို ရေးပေးပါ။ ရေးပြီးသွားရင် အောက်က I accept ဆိုတဲ့ စာတန်းရှေ့မှာ အမှန်ခြစ်ကလေး ပေးလိုက်ပါ။ ပြီးရင် Apply Now ကို နှိပ်ပါ။

၄။ နောက်စာမျက်နှာတစ်ခုမှာ စောစောက ဖြည့်ခဲ့တဲ့ ဖုန်းနံပါတ်ဆီ Varification code ပို့ပေးမယ်၊ ဖြည့်ပေးပါဆိုပြီး အကွက်လေးတစ်ခု ပေးထားပါတယ်။ ဖုန်းထဲကို Xiaomi ဆိုတဲ့နာမည်နဲ့ Message ဝင်လာပါလိမ့်မယ်။ အဲ့ Message ထဲက Varification code ကို မှတ်ပြီး စောစောက အကွက်ထဲမှာ ဖြည့်ပေးလိုက်ပါ။ ပြီးရင် Next ကို နှိပ်လိုက်ပါ။

၅။ နောက်စာမျက်နှာတစ်ခုကို ရောက်ရင် BootLoader Unlock လုပ်ဖို့ ခွင့်တောင်းတာ အောင်မြင်ပါပြီ၊ အနည်းဆုံး ၁၀ ရက်စောင့်ပေးပါဆိုပြီး ရေးထားတာ တွေ့ပါလိမ့်မယ်။
ကျွန်တော့်တုန်းကတော့ တစ်ပတ်ပဲကြာပါတယ်။ Xiaomi ဆိုတဲ့နာမည်နဲ့ပဲ Message ပြန်ဝင်ပါတယ်။

ဒါဆိုရင် ပထမတစ်ပိုင်း ပြီးသွားပြီပေါ့။

သူတို့ဆီက BootLoader Unlock လုပ်ခွင့် Message ဝင်လာပြီဆိုတာနဲ့ Messgae ထဲမှာပါတဲ့ Link ကနေ Mi Unlock tool ကိုဒေါင်းပါ။ ပြီးရင် ကွန်ပျူတာထဲကိုကူးပြီး Install လုပ်လိုက်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။ တစ်ခုသတိထားရမှာက ကွန်ပျူတာကို အင်တာနက်ချိတ်ထားဖို့ လိုပါတယ်။

၁။ Mi Unlock tool ထဲမှာ ပထမဆုံးပေါ်လာတဲ့ Page မှာ Accept or Agree ကို နှိပ်ပါ။

၂။ နောက်တစ်မျက်နှာမှာ Xiaomi ကနေ စာပြန်ပို့ထားတဲ့ ဖုန်းနံပါတ်နဲ့ Bind ထားတဲ့ Mi account ကိုဖြည့်ပေးပြီး Sign in ဝင်ပါ။ နောက်ထပ် Page တစ်ခုကို မြင်ရပါလိမ့်မယ်။

၃။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။ Volume Down + Power ကိုတွဲနှိပ်ထားပေးပါ။ Mi Bunny အရုပ်ကလေးကနဲ့ Fastboot ဆိုတဲ့ စာပါတဲ့ Screen ပေါ်လာရင် နှိပ်ထားတဲ့ခလုတ်တွေကို လွှတ်လိုက်လို့ရပါပြီ။

၄။ ပြီးရင် Fastboot အနေအထားနဲ့ ဖုန်းနဲ့ ကွန်ပျူတာကို USB ကြိုးနဲ့ ချိတ်လိုက်ပါ။ ဖုန်းကို Mi Unlock tool ကသိတယ်ဆိုရင် Phone is connected ဆိုတဲ့စာသား ပေါ်လာပါလိမ့်မယ်။ ပြီးရင် အောက်နားလေးမှာပါတဲ့ Unlock ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။

၅။ 0% ကနေစပြီး 100% အထိ Loading လုပ်ပြီး ပြီးသွားရင် Successfully unlock ဆိုတာ ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ BootLoader Unlock လုပ်တာ အောင်မြင်သွားပါပြီ။

၆။ Mi Unlock tool ထဲကနေ Reboot phone ကိုနှိပ်ပြီး ဖုန်းကို Reboot လုပ်ပေးလိုက်ပါ။

ဒါဆိုရင် ဖုန်းကို Bootloader Unlock လုပ်တဲ့အဆင့် ပြီးသွားပါပြီ။ အောက်ကအဆင့်တွေကတော့ Root access လိုချင်ရင် ဆက်လုပ်ရမယ့် အပိုင်းတွေပါ။ Root မဖောက်ချင်ဘူးဆိုရင် ဒီအဆင့်မှာတင် ရပ်လိုက်လို့ ရပါပြီ။ Root access လိုချင်လို့ ဆက်သွားမယ်ဆိုရင် မိမိဖုန်းမှာ China Developer ROM တင်ထားဖို့ လိုပါတယ်။ ဒီ Root access က Xiaomi ရပေးတဲ့ Native Root access ပါ။ 

၇။ စောစောက BLU လုပ်ပြီးလို့ Reboot လုပ်ပြီးပြန်တက်လာရင် Home screen ပေါ်က Security app လေးထဲဝင်ပါ။ BootLoader Unlock မလုပ်ခင်က About root access လို့ပေါ်နေတာကနေ BootLoader Unlock လုပ်ပြီးရင် Allow root access လို့ ပြောင်းသွားပါလိမ့်မယ်။ ဖုန်းကို အင်တာနက်ဖွင့်ပြီး Allow root access ထဲဝင်ပြီး ဆက်လုပ်သွားပါ။ သူဟာသူ Download လုပ်ပြီး Reboot ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင် Root လုပ်တာလည်း ပြီးသွားပါပြီ။

သတိပြုရမှာက
၁။ BootLoader Unlock လုပ်ဖို့ Mi Unlock tool ကိုဖွင့်ထားတဲ့အချိန် တစ်ချိန်လုံး ကွန်ပျူတာကို အင်တာနက်ချိတ်ထားဖို့၊ လိုင်းကောင်းဖို့ လိုပါတယ်။

၂။ နောက်ပြီး BootLoader Unlock မလုပ်ခင် မိမိဖုန်းမှာ Dev rom အရင်တင်ထားပါ။ Dev rom ကနေပဲ Unlock လုပ်လို့ရပါတယ်။ 

(Dev rom တင်ဖို့က http://en.miui.com/extra.php?mod=rom/download&mobile=no ကိုဝင်ပြီး မိမိဖုန်းအမျိုးအစားအလိုက် Dev rom ကိုဒေါင်းပါ။ ပြီးရင် Updater>> Choose update package ကိုနှိပ်ပြီး ဒေါင်းထားတဲ့ Rom ကိုရွေးပေးပါ။ Package မှန်မမှန် သူစစ်ပြီးရင် Reboot လုပ်မလားမေးတယ်။ လုပ်ပေးလိုက်ပါ။ သူ့ဟာသူ ဆက်လုပ်သွားပါလိမ့်မယ်။ မတင်ခင် Data တွေ Backup လုပ်ထားဖို့လိုပါတယ်။ Internal storage ထဲက ဒေတာတွေတော့ မပျက်ပါဘူး။)

မှတ်ချက်။    ။ ခုနောက်ပိုင်း Developer ROM ကနေ မဟုတ်ဘဲ Stable ROM တွေနဲ့လည်း Bootloader Unlock လုပ်လို့ရသွားပါပြီ။

ကျွန်တော့်ဖုန်းက Redmi Note 3 SnapDragon Version ပါ။ ကျွန်တော်ကိုယ်တိုင် အဆင်ပြေပြေ လုပ်ပြီးပါပြီ။

အဆင်ပြေပါစေ။

သင်ဆရာ မြင်ဆရာများအားလုံးကို လေးစားလျှက်........

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2