PK Converter for Android



ယူနီကုဒ်ကနေ ဇော်ဂျီ၊ ဇော်ဂျီကနေ ယူနီကုဒ်စနစ်ကို ပြောင်းလဲဖော်ပြပေးတဲ့ အက်ပ်လေးတစ်ခုပါ။ PK Converter ရဲ့ လုပ်ဆောင်ချက်လေးတွေကတော့:-

၁။ ယူနီကုဒ်စာသားတွေကို ကူးယူပြီး ဇော်ဂျီစာသားအဖြစ်သော် လည်းကောင်း၊ ယူနီကုဒ်လိုရော ဇော်ဂျီဖောင့်အနေနဲ့ရော  စနစ်နှစ်မျိုးစလုံးနဲ့သော် လည်းကောင်း ပြောင်းလဲဖော်ပြပေးနိုင်ပါတယ်။ ပြောင်းထားတဲ့ စာသားတွေကို ကူးယူပြီး မိမိကြိုက်နှစ်သက်ရာ နေရာတွင် ပြန်လည်ကူးထည့် ထားနိုင်ပါတယ်။





၂။ ယူနီကုဒ်နဲ့ ဇော်ဂျီ နှစ်မျိုးတွဲဖော်ပြပေးချင်တယ်ဆိုရင် ယူနီကုဒ်စာသားနဲ့ ဇော်ဂျီစာသားတွေရဲ့ ခေါင်းစဉ်ကို မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်တပ်ပြီး ခွဲခြားဖော်ပြပေးနိုင်ပါတယ်။ အောက်က ပုံလေးတွေကို ကြည့်ကြည့်ပါ။



၃။ ပြောင်းလဲဖော်ပြပေးမယ့် စာသားတွေကို Floating bubble လေးနဲ့ ကြည့်နိုင်တဲ့ လုပ်ဆောင်ချက်ပါ ထည့်ပေးထားတာဖြစ်လို့ အရင်သုံးနေကျ ကွန်‌ဗာတာအက်ပ်တွေလို Floating windows (or) Pop up windows ဖွင့်ပြီး သုံးတဲ့အခါမှာ စာသားတစ်ခုကို ကူးလိုက်တာနဲ့ Pop up windows ကြီးတက်လာလို့ ပြန်ပိတ်ရတာမျိုးတွေ မရှိတော့ဘဲ မိမိစာသားတစ်ခုခုကို ကူးယူလိုက်တာနဲ့ မျက်နှာပြင်ဘေးနားလေးမှာ ပုံထဲကလို App Icon နဲ့ Floating bubble လေးတစ်ခု ပေါ်လာမှာပါ၊ အဲ့ဒါလေးကို နှိပ်လိုက်မှသာ ပြောင်းလဲဖော်ပြပေးထားတဲ့ စာသားတွေကို ဖတ်ရှုရမှာဖြစ်ပြီး မိမိနှစ်သက်ရာပုံစံနဲ့ ပြန်လည်ကူးယူနိုင်မှာဖြစ်လို့ ‌အတော်အတန် အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။



၄။ မိမိရေးသားထားတဲ့ စာသားတွေကိုပဲ ဖြစ်ဖြစ်၊ ပြောင်းလဲဖော်ပြပေးတဲ့ စာသားတွေကိုပဲ ဖြစ်ဖြစ် ယူနီကုဒ် <==> ဇော်ဂျီ အပြန်အလှန် ပြောင်းလဲဖော်ပြပေးတာမျိုး မလုပ်ဘဲ ဓာတ်ပုံအနေနဲ့ပဲ ဖေ့စ်ဘုတ်ပေါ်ကို ပြန်တင်ချင်တယ်ဆိုရင်လည်း အောက်က ပုံလေးထဲကအတိုင်း ‌ဓာတ်ပုံ ပုံလေးကို နှိပ်၊ နောက်စာမျက်နှာတစ်ခုမှာ FB ဆိုတဲ့ခလုတ်လေးကို နှိပ်လိုက်ပြီး ဖေ့စ်ဘုတ်ပေါ်ကို မိမိရေးထားတဲ့စာသားတွေ၊ ပြောင်းလဲဖော်ပြပေးထားတဲ့ စာသားတွေကို ဓာတ်ပုံအနေနဲ့လည်း တိုက်ရိုက်တင်လို့ ရပါတယ်။


ဒီအက်ပ်လေးရဲ့ Developer ကတော့ ဦးဇင်းတစ်ပါးဖြစ်ပါတယ်။ အစက တစ်ကိုယ်ရည်သုံးအဖြစ်သာ ရည်ရွယ်ပြီး ရေးသားအသုံးပြုနေခဲ့တာ ဖြစ်ပေမယ့် မိတ်ဆွေတွေက တောင်းဆိုလွန်းလို့ Public ကို ပြန်ဖြန့်ပေးခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် အခုအချိန် ပလေးစတိုးပေါ်မှာတော့ ရရှိနိုင်ဦးမှာမဟုတ်ပါဘူး။ မကြာခင်အချိန်မှာတော့ ပလေးစတိုးပေါ်ကို တင်ပေးသွားပါမယ်လို့တော့ Developer က ပြောထားပါတယ်။

အသုံးပြုလိုသူများ အောက်မှာပေးထားတဲ့လင့်ခ်ကနေ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။

PK Converter For Android (1.51 MB)
👇👇👇👇👇

Credit: Phyo Kyaw

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2