MIUI 8 မှာ တစ်ပါတည်းပါလာတဲ့ မလိုချင်တဲ့ Gapps နဲ့ Bloatware တွေကို Disable လုပ်ခြင်း



ကဲ.... MIUI Rom တင်ကတည်းက စနစ်ထဲမှာ တစ်ခါတည်းပါလာတဲ့ ကိုယ်အသုံးမလိုတဲ့အက်ပ်တွေကို မတွေ့အောင် ဖျောက်ထားချင်ပါသလား။ ဖျောက်ထားချင်ရက်နဲ့ Root မရှိလို့ စိတ်ညစ်နေပါသလား။ အောက်ကပို့စ်လေးကိုဖတ်ကြည့်ပြီး ဖျောက်ထားလို့ရပါပြီ။



ပထမဆုံး ပို့စ်အောက်ဆုံးမှာ ပေးထားတဲ့ attachment.zip ဖိုင်လေးကို ဒေါင်းလုဒ်ပြုလုပ်ပြီး ဖြည်ထုတ်လိုက်ပါ။ အထဲမှာပါတဲ့ App လေးကို သွင်းပါ။ (ထိုအက်ပ်ကို ပလေးစတိုးကနေလည်း တိုက်ရိုက်ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ 

ဒါကတော့ပလေးစတိုးလင့်ခ်ပါ 
👇👇👇👇👇

အက်ပ်ကို သွင်းပြီးရင် ဖွင့်လိုက်ပါ။ အက်ပ်ထဲမှာ အပေါ်ဘယ်ဘက်ထောင့်နားလေးက Recent activities လို့ပြနေတဲ့ Tab လေးကိုနှိပ်ပြီး ပေါ်လာတဲ့မီနူးထဲက All activities ကို ရွေးပေးပါ။

Settings ဆိုတာလေးကို တွေ့အောင်ရှာပြီး နှိပ်လိုက်ပါ။ ပေါ်လာတဲ့စာတွေထဲကမှ Installed apps ဆိုတာကို နှိပ်ပါ။ (တစ်ခုသတိထားရမှာက Settings ဆိုတာလေးကိုနှိပ်လိုက်ရင် ပေါ်လာမယ့်စာတွေထဲမှာ Installed apps ဆိုတာက လေးခုပါပါတယ်။ ကျွန်တော်တို့ရွေးပေးရမှာက ဒုတိယတစ်ခု သို့ တတိယတစ်ခုကို ရွေးပြီး နှိပ်ရမှာပါ။)



ပြီးတော့ ကိုယ်ပိတ်ချင်တဲ့ (Disable လုပ်ထားချင်တဲ့) အက်ပ်ကို ရွေးပါ။ (နမူနာအနေနဲ့ ပုံထဲမှာ Photos (Google photo) ကို ရွေးထားပါတယ်။)

နောက်စာမျက်နှာတစ်ခုမှာ Disable ကို နှိပ်ပါ။

အောက်နားလေးမှာ Warning box လေးတက်လာရင် Disable app ဆိုတာကို နှိပ်ပေးပါ။

ဒါဆိုရင်တော့ ကိုယ်ပိတ်ထားချင်တဲ့ စနစ်အက်ပ်တွေကို ပိတ်ထားလို့ရပါပြီ။


Attachment.zip အား ဒေါင်းလုဒ်ယူရန်
👇👇👇👇👇👇

မှတ်ချက်။            ။ အကယ်၍ စနစ်ကို မွမ်းမံမှုပြုလုပ်တော့မယ့်အချိန် သို့ ပြဿနာတစ်စုံတစ်ခု ဖြစ်လာခဲ့ရင် အက်ပ်ရဲ့ဆက်တင်းထဲမှာရှိတဲ့ "Reset to default" ဆိုတာလေးကိုနှိပ်ပြီး Enable ပြန်လုပ်ထားနိုင်ပါတယ်။

အောက်မှာပြထားတဲ့ အက်ပ်စာရင်းက ဘယ် MIUI Version မှာမဆို စိတ်ချလက်ချ ပိတ်ထား (Disable လုပ်) လို့ရတဲ့ အက်ပ်စာရင်းပါ။

  • AnalyticsCore
  • ANT HAL Service (Needed for fitness apps)
  • Assistant
  • Baidu IME
  • Baidu Maps
  • BasicDreams
  • Black Hole/Galaxy4
  • Browser
  • Bubble
  • Cell Broadcast
  • Ctrip
  • Discover
  • Drive
  • Feedback
  • Google Play Movies & TV
  • Google Play Music
  • Google Text-to-speech Engine (Disabling this app will also remove that annoying ' Female for English (India) ' notification forever)
  • Hangouts
  • HoloSpiral
  • iQIYI
  • KLO Bugreport
  • KSICiba Engine
  • Live Wallpaper picker
  • mab
  • MagicSmokeWallpapers
  • Mail 
  • Metok
  • Mi Community
  • Mi Credit
  • Mi Home
  • Mi Life
  • Mi Live
  • Mi Mover
  • Mi Pay
  • Mi Play
  • Mi Picks
  • Mi Pub
  • Mi Remote
  • Mi Remote Assistant
  • Mi Store
  • Mi Talk
  • Mi Top-up package
  • Mi Wallet/Payment service
  • MIUI 'Jeejen' apps
  • msa/SystemAd solution
  • NoiseField
  • PhaseBeam
  • Photos
  • Photo Screensavers/PhotoTable
  • Pico TTS
  • Print Spooler
  • QQ Space
  • Reader
  • Search
  • Search Applications provider
  • SVI Settings
  • TalkBack
  • Translation service
  • Video
  • Virtual SIM
  • VisualizationWallpapers
  • Wallpaper Carousel
  • Weibo
  • Whetstone
  • Wireless Display
  • Yellow Pages


ဒါကတော့ ပြုလုပ်ပုံ ဗီဒီယိုလေးပါ။
👇👇👇👇

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2