Redmi Note 5 Pro သုံးသပ်ချက်



အိန္ဒိယနိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်ကို တုန်လှုပ်စေခဲ့တဲ့ Redmi Note 5 ဟာဆိုရင် အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ဖေဖော်ဝါရီ ၁၄ ရက်နေ့က စတင်မိတ်ဆက်ပေးခဲ့ပြီပဲဖြစ်ပါတယ်။

4GB/64GB အတွက်ဆို အိန္ဒိယ ၁၃၉၉၉ ရူပီး ကျသင့်မှာဖြစ်ပြီး 6GB/64GB အတွက်ဆိုရင်တော့ ၁၆၉၉၉ ရူပီးကျသင့်မှာဖြစ်တဲ့အတွက် အတော့်ကိုပဲ သက်သာတဲ့ဈေးနှုန်းလို့ ပြောလို့ရပါတယ်။ Redmi Note 5 Pro ကပေးတဲ့ Specification နဲ့ ဈေးမျိုးနဲ့ အိန္ဒိယဈေးကွက်ထဲမှာ ဘယ်စမတ်ဖုန်းမှ မရှိခဲ့ဖူးသေးပါဘူး။

ပထမဆုံးစတင်ရောင်းချပေးမယ့်ရက်က ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ဖြစ်ပေမယ့် မရောင်းချခင်မှာ သုံးသပ်ချက်ရေးနိုင်အောင် ဖုန်းကိုခေတ္တအသုံးပြုခွင့်ပေးခဲ့တဲ့ Mi Fan Club Mumbai ကိုလည်း ကျေးဇူးတင်ပါတယ်။

Specifications



အပေါ်မှာပြထားတဲ့ Specification တွေကို ကြည့်ပြီးရင်တော့ အခြားအပိုင်းတွေကို ဆက်ကြည့်ကြရအောင်။

Benchmarks

စမတ်ဖုန်းအသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်တာနဲ့ အများစုစိတ်ဝင်တစားနဲ့ စောင့်ကြည့်တတ်တဲ့အချက်တွေထဲက တစ်ခုကတော့ Antutu Benchmark (အကဲဖြတ်အမှတ်) ပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ ကျွန်တော်ဟာ အဲ့လိုအကဲဖြတ်အမှတ်တွေ‌ကို သိပ်ပြီးယုံစားတတ်တဲ့သူတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ခေါက်တော့ မတူဘူးလို့ပဲ ပြောပါရစေတော့။



အပေါ်မှာပြထားတဲ့ ပုံတွေအရတော့ ခင်ဗျားတို့အများစုလည်း ဒီဖုန်းကို စွမ်းဆောင်မြင့်ဖုန်းတစ်လုံးလို့ အမှတ်ပေးမိမှာ သေချာပါတယ်။

စကားမစပ် အကဲဖြတ်အမှတ်တွေအကြောင်း ပြောနေတုန်းမှာပဲ တကယ့်ကို ဆက်စပ်ပြီး အချက်အလက်ပိုပြီးပေးနိုင်တဲ့ တိတိကျကျစစ်ဆေးချက်ပုံလေးကို ထပ်ပြချင်ပါတယ်။ ဒါဟာ သိုလှောင်မှုကိုစစ်ထားတဲ့ အကဲဖြတ်အမှတ်ပါ။ အခြေခံအားဖြင့်တော့ ဒီအမှတ်ဟာ ဖုန်းတွင်းသိုလှောင်မှုရဲ့ လုပ်ဆောင်နိုင်စွမ်းအမြန်နှုန်းကို ဆုံးဖြတ်ပေးတဲ့နေရာ သုံးတဲ့အမှတ်တစ်ခုပါ။ ခင်ဗျားတို့အားလုံး သိထားပြီးတဲ့အတိုင်း ဖုန်းတွင်းသိုလှောင်မှုဆိုတာ စက်တစ်ခုရဲ့အဓိကသိုလှောင်ရာနေရာတစ်ခုပါ။ နောက်ပြီး ဖုန်းတစ်လုံးရဲ့ ဘယ်လောက်မြန်မြန် အလုပ်လုပ်နိုင်သလဲဆိုတဲ့အကြောင်းပြချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဖုန်းတွင်းသိုလှောင်ခန်းက ပြည့်နေမယ်ဆိုရင် ဖုန်းတစ်လုံးကို သူ့ရဲ့ရှိပြီးတဲ့အမြန်နှုန်းအတိုင်း ရနေအောင် မျှော်လင့်လို့မရနိုင်ပါဘူး။



အကဲဖြတ်အမှတ်တွေကတော့ ဖုန်းဟာ လုံလောက်တဲ့အမြန်နှုန်းအတိုင်း အလုပ်လုပ်နေတယ်ဆိုတာကို ပြနေပါတယ်။ တကယ်တော့ စက်ဟာ UFS 2.0 တော့ မဟုတ်ပါဘူး။ ဒါပေမယ့် eMMC 5.0 ဟာ ဘယ်လိုပဲဖြစ်ဖြစ် အဲ့လောက်တော့မဆိုးသေးပါဘူး။

၂၀၁၃ မှာ မိတ်ဆက်ခဲ့တဲ့ eMMC 5.0 ရဲ့ နဂိုမူလ Spec တွေကို ပြန်ကြည့်ကြည့်မယ်ဆိုရင် နှိုင်းယှဉ်ချက်တွေက အောက်မှာမြင်ရတဲ့အတိုင်းပါပဲ။



Build and Body

အခု အကဲဖြတ်အမှတ်တွေကို ကြည့်ပြီးပြီးဆိုရင်တော့ တည်ဆောက်မှုအပိုင်းကို ဆက်ကြည့်ကြရအောင်ပါ။



ဖုန်းဟာ လက်ထဲကိုက်ရတဲ့အရသာဟာ တကယ့်ကို သက်တောင့်သက်တာရှိပါတယ်။ မျက်နှာပြင်အကျယ်ဟာ ၆ လက်မနီးပါး ရှိတယ်ဆိုပေမယ့်လို့ လက်ထဲမှာတော့ အနေတော်လောက်ပါပဲ... လွတ်ကျမှာကို စိုးရိမ်စရာမလိုပါဘူး။ ဖန်သားပြင်ဟာလည်း မာပြီး ကြည်လင်နေပါတယ်။ ဖုန်းကိုယ်ထည်အနောက်ဘက်ကတော့ လုံးဝကြီး သတ္တုကိုယ်ထည်စစ်စစ်ကြီးတော့ မဟုတ်ပါဘူး။ အပေါ်ဘက်နဲ့ အောက်ဘက်ကတော့ အခြားသော Redmi ဖုန်းတွေလိုမျိုး ပလတ်စတစ်နဲ့ပါပဲ။ ကင်မရာကတော့ အပြင်ဘက်ကို ထွက်နေတာကြီးက ဖုန်းရဲ့ ကျောဘက်အလှကို ရုပ်ဆိုးစေပြီး အနည်းငယ် စိတ်ကသိကအောက် ဖြစ်စရာပါ။




ဖုန်းရဲ့နောက်ကျောဘေးဘက်တွေကတော့ Redmi Note 4 သို့မဟုတ် Redmi 4 နဲ့ ယှဉ်မယ်ဆိုရင်တော့ ပိုပြီးကွေးနေပါတယ်။



ဖုန်းရဲ့ အပေါ်ဘက်မှာတော့ Secondary Mic ပေါက်နဲ့ IR ဆင်ဆာကိုပဲ တပ်ဆင်ထားပါတယ်။ အောက်ပိုင်းမှာတော့ ယနေ့အချိန်အထိ အိန္ဒိယနိုင်ငံမှာရောင်းခဲ့ဖူးတဲ့ အခြားသော Redmi Series တွေနဲ့ လုံးဝကို ကွဲထွက်သွားပါပြီ။ အောက်ဘက်မှာ စပီကာပေါက်တစ်ခု ပါပါတယ်။ ကျွန်တော်တို့ သိထားကြတဲ့အတိုင်း စပီကာပေါက်နှစ်ခု ထားတယ်ဆိုတာ အလှပြရုံသက်သက်ပါပဲ။ တစ်ဖက်က မိုက်ခရိုဖုန်းအတွက်ဖြစ်ပြီး နောက်တစ်ဖက်က စပီကာအတွက်ပါ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ စပီကာပေါက်နေရာမှာ စပီကာပဲ ထည့်သွင်းပေးထားပြီး  မိုက်ခရိုဖုန်းအပေါက်နေရာမှာတော့ ဟိုးအရင်ကအတိုင်း အပေါ်ကလေးတစ်ခုသာ တွေ့ကြရမှာပါ။ မိုက်ပေါက်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာဝောာ့ 3.5 mm နားကြပ်ထိုးဖို့အပေါက်နဲ့ အားသွင်းတဲ့ Charging ပေါက် ရှိပါတယ်။ တကယ်တန်းတော့ ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ဖို့အတွက်က သူ့ရဲ့ပြင်ပပုံပန်းသဏ္ဍာန်က အရေးမကြီးပေမယ့်လည်း ကြည့်ရတာ ရုပ်ဆိုးမနေဖို့တော့ လိုတာပေါ့ဗျာ။ (ကျွန်တော်ကတော့ တော်တော့်ကို သဘောကျနေပါပြီ။)


ဖုန်းရဲ့အလေးချိန်ဟာ ၁၈၀ ဂရမ် ရှိလို့ နည်းနည်းတော့ လေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဒီအရွယ်အစားနဲ့ ဖုန်းတစ်လုံးကို ငှက်မွှေးလိုမျိုး ပေါ့ပါးနေမယ်လို့တော့ မျှော်လင့်မထားတာ အမှန်ပါ။ ဖုန်းရဲ့ပုံစံဟာ အနည်းငယ်မာကျောသလိုရှိပြီး တော်ရုံအမြင့်ကနေ ပြုတ်ကျတာလောက်ကိုတော့ ခံနိုင်ရည်ရှိမယ့်ပုံရှိပေမယ့် ပလတ်စတစ်နဲ့ တည်ဆောက်ထားတဲ့ ဖုန်းရဲ့ထိပ်ဘက်နဲ့အောက်ပိုင်းကိုကတော့ အလွယ်တကူ ခြစ်ရာပွန်းရာ ထင်သွား‌နိုင်ပါတယ်။ အဲ့ဒီအစိတ်အပိုင်းတွေဟာ ပလတ်စတစ်နဲ့ပဲ တည်ဆောက်ထားတာဖြစ်လို့ ကာဗာကိုတော့ သေချာရွေးဝယ်ရမှာ အသေအချာပါပဲ။ (ဖုန်းနဲ့တစ်ပါတည်း ပါဝင်လာတဲ့ကာဗာကိုတော့ ခင်ဗျားလည်း သုံးချင်မှာမဟုတ်ပါဘူး။)

Performance (ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်း)

ဖုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကြည့်ရမယ်ဆိုရင် ကျွန်တော် Asphalt 8 ဂိမ်းကို ဆော့ထားတဲ့ ဗီဒီယိုအသေးစားလေးကိုပဲ ကြည့်ကြည့်ပါ။ You Tube မှာတင်ထားတဲ့ ဗီဒီယိုရဲ့ Aspect Ratio ဟာ နည်းနည်းလေးသေးသွားတာကိုတော့ ကြိုပြီးတောင်းပန်ပါရစေ။



ဂိမ်းအတွက် လိုအပ်တဲ့ဖိုင်တွေ ဒေါင်းလုဒ်ချနေတုန်းမှာ မျက်နှာပြင်ပေါ်ကို နိုတီဘားပေါ်လာတာကို ဗီဒီယိုထဲမှာ သတိထားပြုမိပါလိမ့်မယ်။ ကျွန်တော်ဟာ 4G ကွန်ယက်ကို အသုံးပြုနေတာဖြစ်ပြီး ဒေါင်းလုဒ်ပြုလုပ်တဲ့အမြန်နှုန်းဟာလည်း ကျွန်တော့်နိုင်ငံမှာတော့ စိတ်ကျေနပ်စရာပါ။ (ဆိုလိုတာက လိုင်းဆွဲအားကောင်းတယ်ဆိုတဲ့အချက်ပါ။) အဲ့လောက်အမြန်နှုန်းကို ကျွန်တော်အရင်က Redmi Note 3 နဲ့ Redmi Note 4 အသုံးပြုခဲ့တုန်းက မရခဲ့တာ အမှန်ပါ။ ဒါကြောင့် မိတ်ဆက်ပွဲမှာ သူ‌တို့ပြောခဲ့တဲ့ကွန်ယက်အင်တာနာအပိုင်းနဲ့ပက်သက်ပြီး သူတို့ သေချာပြင်ဆင်ထားခဲ့ကြတယ်ဆိုတာကတော့ အမှန်ပဲဖြစ်ပါတယ်။ ကျွန်တော် VoLTE နဲ့ ဗီဒီယိုဖုန်းခေါ်ဆိုမှု လုပ်ကြည့်တဲ့အချိန်မှာလည်း ဗီဒီယို‌ဖုန်းခေါ်ဆိုနေတဲ့ ၈ မိနစ်အတွင်းမှာ ဖုန်းဟာ နွေးတယ်ဆိုရုံလောက်လေးပဲ ပူပါတယ်။ Asphalt 8 ဆော့နေတဲ့အချိန်တုန်းကတော့ နွေးတယ်ဆိုတာကိုတောင် မခံစားခဲ့ရတာပါ။ (တော်စမ်းသပ်သုံးစွဲနေတဲ့အချိန်တစ်လျှောက်လုံးမှာ ဖုန်းရဲ့မျက်နှာပြင်အလင်းအားကို အမြင့်ဆုံးတင်ထားပြီးမှ စမ်းသပ်ခဲ့ပါတယ်။)

Camera (ကင်မရာပိုင်း)

အခုသုံးသပ်ချက်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုပါပဲ။ အားလုံးလည်း ကင်မရာအကြောင်းကို သိချင်နေကြလိမ့်မယ်ဆိုတာ သေချာပါတယ်။

ကင်မရာကလည်း တော်တော်လေးကို ကောင်းတယ်လို့ ပြောလို့ရတဲ့ အနေအထားပါပဲ။

ဓာတ်ပုံအရည်အသွေးဟာလည်း တော်တော့်ကို ကောင်းမွန်ပါတယ်။ Mi Fan Club Mumbai ကနေ မွန်ဘိုင်းမှာ ရိုက်ပြီးပြန်စုစည်းထားတဲ့ ပုံအချို့ကို ပြပေးပါ့မယ်။ ကိုယ်တိုင်သာ ကြည့်ကြည့်လိုက်ပါ။









ဖုန်းက ရိုက်ကူးနိုင်တဲ့ အလင်းရဲ့သိပ်သည်းဆနဲ့ Beautify Mode ကို မြင်တွေ့ရမှာပါ။ Selfie ပုံတွေဟာလည်း ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ပြည့်စုံလွန်းနေပါတယ်။

အောက်ကပုံတွေကတော့ ညနေ ၆ နာရီ‌ နေဝင်ပြီးတဲ့အချိန်နောက်ပိုင်းမှာ Selfie Flash ကိုသုံးပြီး ရိုက်ထားတဲ့ Selfie ပုံတွေပါ။ ကင်မရာဟာ မျှော်လင့်ထားတာထက်ကို ပိုပြီးကောင်းပါတယ်။


(မျက်နှာတွေကိုတော့ ဖျက်ထားပေးရပါတယ်။ ကာယကံရှင်တွေက မဖော်ပြပေးစေချင်တဲ့အတွက်ကြောင့်ပါ။)

Operating System (စက်လည်ပတ်မှုစနစ်) အပိုင်းနဲ့ပက်သက်ပြီး

OS စက်လည်ပတ်မှုစနစ်ပိုင်းနဲ့ပက်သက်လို့ကတော့ အထွေအထူးပြောစရာ မလိုဘူးထင်ပါတယ်။ လက်ရှိမှာတော့ Android 7.1.2 အပေါ်အခြေခံထားတဲ့ MIUI 9 ကို အသုံးပြုထားပြီး Xiaomi ရဲ့ ပေါ်လစီအရတော့ Android O ကို သိပ်မကြာခင်မှာပဲ အဆင့်မြှင့်တင်လို့ ရနိုင်တော့မယ်ဆိုတာ သေချာပါတယ်။

နောက်ပြီး ဖုန်းမှာ မျက်နှာပြင်မှတ်သားပြီး သော့ဖြည်တဲ့စနစ် (Face Unlock) ပါဝင်တဲ့အချက်ဟာလည်း ပထမဆုံးစတင်ရောင်းချတဲ့အချိန်မှာ ခဏလေးနဲ့ရောင်းကုန်သွား‌စေတဲ့အချက်တစ်ခု ဖြစ်ပါတယ်။

ကျွန်တော့်သုံးသပ်ချက်ကို အဆုံးသတ်ရမယ်ဆိုရင် ဒီဖုန်းဟာ ကုန်သွားတဲ့ပိုက်ဆံထက်ကို မယုံနိုင်လောက်အောင် စိတ်ကျေနပ်မှုပြန်ရစေမယ့်ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။ နောက်ပြီး Redmi Note ကို အဆင့်မြှင့်ထားတဲ့ဖုန်းတစ်လုံးကို ရှာနေတယ်ဆိုရင်တော့ ဒီဖုန်းဟာ ခင်ဗျားရှာနေတဲ့ဖုန်းတစ်လုံးဆိုတာကို သေချာပါတယ်။



Credithttp://en.miui.com/thread-1839951-1-1.html

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2