ဇူလိုင်လတွင် ထွက်ရှိလာမည့် MIUI 8 Update တွင် Split-Screen လုပ်ဆောင်ချက် ပါဝင်လာဖွယ်ရှိ



အချိန်အတော်ကြာကြာ မွမ်းမံမှုတွေ လုပ်ခဲ့ပြီးနောက် MIUI ဟာ တဖြည်းဖြည်းနဲ့ ပြည့်စုံကောင်းမွန်တဲ့စနစ်တစ်ခု ဖြစ်လာနေပါပြီ။ ၂၅ ရက်နေ့က Xiaomi ဟာ Mi Max 2 ကို ပွဲထုတ်ပြသခဲ့ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။  ကျွန်တော်တို့အသုံးပြုသူတွေ မျှော်လင့်တောင်းဆိုနေကြတဲ့ 'Split-screen' လုပ်ဆောင်ချက်ကို  Mi Max 2 မှာ ထည့်သွင်းပေးခဲ့ပြီးနောက် နောက်ပိုင်းထွက်ရှိလာမယ့် MIUI 8 အပ်ဒိတ်တွေမှာလည်း မိတ်ဆက်ထည့်သွင်းပေးသွားနိုင်ခြေ ရှိလာပါတယ်။ အနီးစပ်ဆုံးအပ်ဒိတ်ကတော့ လာမယ့် ဇူလိုင်လ နောက်ဆုံးအပတ်လောက်မှာပါ။ အခြားသော Android UI တွေမှာတော့ Android 7 ကစပြီး Split screen လုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့ကြပြီး ဖြစ်တာကြောင့် ‌Xiaomi အနေနဲ့ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးတာဟာ နောက်တောင်ကျနေသေးတယ်လို့ ထင်စရာဖြစ်နေပါပြီး ဒီလိုပါဝင်လာဖို့အတွက်လည်း မီယူအိုင်သုံးစွဲသူတွေဟာ နှစ်ဝက်လောက် တောင်းဆိုမှုတွေ၊ ဖိုရမ်ထဲမှာ ဆန္ဒကောက်ခံမှုတွေ လုပ်ဆောင်ခဲ့ကြရတာပါ။ ဒါပေမယ့် ဒီနေ့မှာတော့ Developer team ကနေ ဒီလိုတောင်းဆိုမှုတွေ၊ မေးခွန်းတွေကို ဖိုရမ်ကနေ တရားဝင် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် Xiaomi ရဲ့ MIUI Developer Team ကလည်း "ဒီ Split-screen လုပ်ဆောင်ချက်ဟာ အငြင်းပွားဖွယ်ရာတစ်ခုလို ဖြစ်နေပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဆမ်ဆောင်းနဲ့ အခြားသောထုတ်လုပ်သူတွေက ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ကလည်း ဒီလုပ်ဆောင်ချက်ဟာ အရမ်းကြီးအဆင့်မြင့်တဲ့လုပ်ဆောင်ချက်တစ်ခုမဟုတ်ဘူးလို့ အရင်ကတွေးခဲ့ကြပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်က ကြည့်ပြန်တော့လည်း ဒီလုပ်ဆောင်ချက်ကို တောင်းဆိုနေကြတဲ့ မီယူအိုင်အသုံးပြုသူတွေက တဖြည်းဖြည်းများလာတာကို တွေ့နေရတယ်" လို့   ပြောကြားခဲ့ပါတယ်။

မီယူအိုင်နဲ့ပက်သက်ပြီး သုံးစွဲသူတွေရဲ့ တုံ့ပြန်အကြံပြုချက်တွေကို ကြည့်ရင် အသုံးပြုသူ‌အများစုဟာ ရုပ်ရှင်၊ ဗီဒီယိုကြည့်နေတဲ့အချိန်မှာ အခြားသောလုပ်ဆောင်စရာတွေ (ဥပမာ၊ စာတိုဖတ်ရှုခြင်း၊ ပေးပို့ခြင်းတွေ၊ အီးမေးလ်စစ်တာတွေ စသည်ဖြင့်) ကိုပါ တစ်ချိန်တည်း လုပ်ဆောင်လိုကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် မီယူအိုင်မှာ အဲ့လိုလုပ်ဖို့က မဖြစ်နိုင်ခဲ့ပါဘူး။ အဲ့လိုပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် Split-screen လုပ်ဆောင်ချက်ဟာ လိုအပ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း မီယူအိုင် developer တွေဟာ အခုအချိန်မှာ အဲ့ဒီလုပ်ဆောင်ချက်အတွက် အပြင်းအထန်ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် အဲ့ဒီလုပ်ဆောင်ချက်ကို အရင်ကတည်းက ဘာလို့မထုတ်ပေးတာလဲဆိုပြီး မေးစရာရှိလာပါတယ်။ ကောင်းပါပြီ၊ Split-screen လုပ်ဆောင်ချက်ကို အခြားသောထုတ်လုပ်သူတွေထက် နောက်ကျပြီးမှ ထုတ်ပေးရတဲ့အကြောင်းပြချက် နှစ်ချက်ရှိပါတယ်: Third party အက်ပ်တွေဟာ မီယူအိုင်နဲ့ သိပ်ပြီး ကိုက်ညီမှုမရှိတဲ့အပြင် အသုံးပြုရတာလည်း မလွယ်ပါဘူး။ မီယူအိုင်ဖွံ့ဖြိုးသူတွေဟာ မီယူအိုင်ကို ရိုးရှင်းပြီး အသုံးပြုရလွယ်ကူတယ်ဆိုတဲ့အချက်ကို ထိန်းသိမ်းချင်ပါတယ်။ မီယူအိုင်ဟာ အခြားသော Android UI တွေနဲ့ ကွဲပြားခြားနားပါတယ်လို့ သူတို့က ပြောပါတယ်။ စစထွက်တုန်းကတည်းက နေ့စဉ်သုံးအက်ပ်တွေအနေနဲ့ WeChat, Skype, Tencent video, Youku စသည်ဖြင့် အခြားသော တတိယပါတီအက်ပ်တွေကို အနည်းငယ်သာ ထောက်ပံ့ပေးထားခဲ့တာပါ။ နောက်ပိုင်းအပ်ဒိတ်တွေမှာတော့ အစပိုင်းထက်ပိုပြီး ထောက်ပံ့ပေးလာနိုင်ခဲ့ပါတယ်။

ဒါအပြင် MIUI မှာဆို အခြားသောတတိယပါတီအက်ပ်တွေ အများကြီးထည့်သွင်းဖို့မလိုအောင် ပြုပြင်ဖန်တီးပေးထားပြီးသားပါ။ နောက်ပြီး မီယူအိုင်ဖွံ့ဖြိုးသူတွေဟာ Android N ရဲ့ Framework ကို အခြေခံပြီး MIUI ကို အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နေကြပါတယ်။ အခု Split-screen လုပ်ဆောင်ချက်ကိုဆိုရင်လည်း Mi Max 2 မှာ Recent Tasks ခေါ်ပြီး Split Mode ထဲဝင်ပြီး အသုံးပြုနိုင်ပါတယ်။ 

Split-screen လုပ်ဆောင်ချက်ဟာ ဇူလိုင်လမှာ ထွက်လာမယ့်  MIUI 8.2.3 သို့မဟုတ် 8.3.1 အပ်ဒိတ်မှာ ပါဝင်လာဖွယ် ရှိပါတယ်။ နောက်ပြီး Mi Max 2 မှာတင်မဟုတ်ဘဲ အခြားသော  Xiaomi devices တွေမှာပါ အသုံးပြုနိုင်မှာပါ။ ဒါပေမယ့် နောက်ထပ်ပြဿနာတစ်ခုကလည်း ရှိနေပါသေးတယ်။ အဲ့ဒါကတော့ တကယ်လို့ MIUI 8.3.xx အပ်ဒိတ်ကို ဇူလိုင်လကျမှ ရမယ်ဆိုရင် ကျွန်တော်တို့ မျှော်လင့်နေတဲ့ MIUI 9 ရဖို့ဆိုတာ ပိုပြီးနောက်ကျသွားပါလိမ့်မယ်။ ဒါပေမယ့်လည်း Android Nougat မှာပါတဲ့ လုပ်ဆောင်ချက်တွေကိုတော့ Android marshmallow ပေါ်မှာပဲ အသုံးပြုခွင့် ရလာပါလိမ့်မယ်။

Original Thread
👇👇👇👇👇

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2