Android OS ပေါ်တွင် အသုံးပြုနိုင်မည့် လူသိများသော မြန်မာယူနီကုဒ်ကီးဘုတ်များ



Myanmar Unicode Keyboard တွေကိုစုစည်းပေးထားပါတယ်။ ကြိုက်နှစ်သက်ရာ Keyboard ကိုရွေးချယ်၍ စမ်းသပ်အသုံးပြုနိုင်ပါပြီ။ Up To Date ဖြစ်စေရန် Google Play Store လင့်များနှင့်ချိတ်ဆက်ပေးထားပါတယ်။

TTKeyboard – Myanmar Keyboard



https://play.google.com/store/apps/details?id=com.myopenware.ttkeyboard.latin

iOS တွင် နာမည်ကြီးကီးဘုတ်တစ်ခုဖြစ်ပြီး ယခင်က iOS အတွက်သာ ထွက်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် Android အတွက်ပါ ထုတ်လုပ်ပေးခဲ့သည်။ မြန်မာစာသင်ပုန်းကြီးအတိုင်း စာရိုက်နိုင်ပြီး နှစ်ချက်နှိပ်စနစ် ပါဝင်သည့်အတွက် Shift key နှိပ်စရာမလိုဘဲ လျှင်မြန်စွာ ရေးသားနိုင်သည်။ ထို့အပြင် ဇော်ဂျီမှ မြန်မာယူနီကုဒ်စနစ်သို့ ကူးပြောင်းကာစလူများအတွက်လည်း ဇော်ဂျီစာရိုက်သည့်အတိုင်း ရေးသားနိုင်သည့် ယူနီကုဒ်လက်ကွက်ကိုပါ ထည့်ပေးထားသဖြင့် မြန်မာယူနီကုဒ်စတင်အသုံးပြုမည့်သူများအတွက် အသုံးဝင်သောကီးဘုတ်တစ်ခု ဖြစ်သည်။

M3 Keyboard



https://my.pcloud.com/publink/show?code=XZ4vNi7ZxtotROC0RjRbcJRB0pGhyhfSxAz7

စာရိုက်နိုင်ရန် လက်ကွက်နှစ်မျိုး ထည့်ပေးထားသည်။ တစ်မျိုးမှာ မြန်မာသင်ပုန်းကြီးအတိုင်း စာရိုက်နိုင်သည့်လက်ကွက်ဖြစ်ပြီး နောက်တစ်မျိုးမှာ ယူနီကုဒ်စာလုံးသိမ်းဆည်းပုံအစဉ်အတိုင်း စာရိုက်နိုင်သည့်လက်ကွက်ဖြစ်သည်။ နှစ်ချက်နှိပ်စနစ်ပါတင်သည့်အတွက် စာရိုက်ရာတွင် လျှင်မြန်စွာ ရေးသားနိုင်သည်။ ကီးဘုတ်အလှဆင်ရန်အတွက် သင်းမ်များပါဝင်ပြီး ကီးဘုတ်နောက်ခံကို မိမိကြိုက်နှစ်သက်ရာအရောင် သတ်မှတ်အသုံးပြုနိုင်သည်။ ထူးခြားချက်မှာ ယူနီကုဒ်<==>ဇော်ဂျီ ကွန်ဗာတာစနစ် တစ်ပါတည်းပါဝင်သည့်အတွက် သီးသန့်ကွန်ဗာတာ ထပ်မံထည့်သွင်းစရာမလိုတော့ဘဲ စာများကိုကော်ပီကူးလိုက်သည်နှင့် ဇော်ဂျီ <==> ယူနီကုဒ်ပြောင်းလဲဖော်ပြပေးသည့် Windows ပေါ်လာပြီး အဆင်ပြေပြေ ဖတ်ရှုနိုင်ခြင်းသည့်အပြင် စာရိုက်နေစဉ် ဇော်ဂျီစာသားဖြင့်လည်း တစ်ချိန်တည်း ပြောင်းလဲဖော်ပြပေးနိုင်ခြင်းဖြစ်သည်။ Android version 4.0 မှစ၍ အသုံးပြုနိုင်မည်ဖြစ်သော်လည်း Android version 4.4 နှင့်အထက်တွင် အသုံးပြုပါက လုပ်ဆောင်ချက်အကုန်လုံး အသုံးပြုနိုင်မည်ဖြစ်သည်။

Gboard – the Google Keyboard


https://play.google.com/store/apps/details?id=com.google.android.inputmethod.latin

Google keyboard လို့ခေါ်တဲ့ Gboard ကတော့ Google ကုမ္ပဏီကနေ ထုတ်ပေးထားတဲ့ ဘာသာစကားပေါင်းများစွာကို ရေးသားနိုင်တဲ့ ကီးဘုတ်လေးတစ်ခုပါ။ လက်ရှိကီးဘုတ်တွေထဲမှာ တည်ငြိမ်မှုအရှိဆုံး၊ ချို့ယွင်းချက်အနည်းဆုံး ကီးဘုတ်တစ်ခုဆိုလည်း မမှားပါဘူး။ မိမိရိုက်ချင်တဲ့ ဘာသာစကားကို ရိုက်နိုင်ဖို့အတွက် Gboard ကို သွင်းပြီးသွားရင် Settings>> Additional Setting>> Language and inputs>> Virtual keyboards>> Manage keyboard ကနေ သွားပြီး Gboard ကို ဖွင့်ပေးပါ။ ပြီးရင် Gboard ထဲကိုဝင်ပြီး အပေါ်ဆုံးမှာရှိတဲ့ Languages ထဲကို၊ Add keyboard ကို နှိပ်၊ အပေါ်ညာဘက်ထောင့်နားလေးက Search ခလုတ်ကိုနှိပ်ပြီး မိမိရေးသားချင်တဲ့ဘာသာစကားကို ရှာပြီးတော့ Add လိုက်ပါ။ ဒါဆို ရေးလို့ရပါပြီ။ Android 4.4 နဲ့အထက်မှာသုံးမှ မြန်မာဘာသာကို အသုံးပြုရေးသားလို့ရပါမယ်။ နှစ်ချက်နှိပ်စနစ်ပါဝင်ခြင်းမရှိသော်လည်း Gboard settings>> Preferences ထဲဝင်၍ Key press long delay ကို လျှော့ပေးထားလျှင် နှစ်ချက်နှိပ်စနစ်နီးပါး လျှင်မြန်စွာ ရေးသားနိုင်သည်။ Instant translation feature ပါဝင်သည့်အတွက် ဒေတာချိတ်ဆက်ထားပါက မိမိရိုက်နေသည့်စာများကို အခြားဘာသာစကားများသို့ ချက်ချင်းဘာသာပြန်ပေးနိုင်ပါတယ်။ Emoji အစုံလင်ဆုံးကီးဘုတ်တစ်ခုလည်း ဖြစ်ပါတယ်။ သင်းမ်များပါဝင်သည့်အတွက် ကီးဘုတ်နောက်ခံကို စိတ်ကြိုက်အလှဆင်နိုင်ပြီး မိမိနှစ်သက်ရာဓါတ်ပုံကိုလည်း ကီးဘုတ်နောက်ခံအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါအပြင် မြန်မာတိုင်းရင်းသားဘာသာစကားများကိုပါ ရေးသားအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ ဘာသာစကားတွေကတော့ ကချင် (ဂျိန်းဖော)၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း ဘာသာစကားတို့ပဲ ဖြစ်ပါတယ်။ မြန်မာစာရေးသာစရာမှာလည်း သင်ပုန်းကြီးစနစ်အတိုင်း ရေးသားအသုံးပြုနိုင်တဲ့အပြင် အသုံးများတဲ့နှစ်လုံးဆင့်တွေ၊ ကင်းစီးတွေကိုပါ အသင့်ရေးသားနိုင်အောင် ထည့်ပေးထားတဲ့အတွက် အသုံးပြုရတာ အတော်အဆင်ပြေတဲ့ကီးဘုတ်တစ်ခုအဖြစ် လူသိများပါတယ်။

Bagan – Myanmar Keyboard


https://play.google.com/store/apps/details?id=com.bit.androsmart.kbinapp

ယူနီကုဒ်စနစ်ရော ဇော်ဂျီဖောင့်အတွက်ပါ အသုံးပြုနိုင်သည်။ Android version အားလုံးတွင် အသုံးပြုနိုင်သည်။ M3 Keyboard ကဲ့သို့ ယူနီကုဒ် <==> ဇော်ဂျီ ကွန်ဗာတာပါဝင်ပြီး နှစ်ချက်နှိပ်စနစ် ပါဝင်သည်။ နောက်ဆုံးဗားရှင်းတွင် ယူနီကုဒ်စနစ်အတွက် သင်ပုန်းကြီးစနစ်အတိုင်း ရေးသားနိုင်သည့်အပြင် ဇော်ဂျီလက်ကွက်အတိုင်း ရေးသားနိုင်သည့်ပုံစံကိုပါ ထည့်သွင်းပေးထားသောကြောင့် ယူနီကုဒ်စနစ်သို့ ပြောင်းလဲအသုံးပြုကာစလူများအတွက် အခက်အခဲမရှိ ရေးသားနိုင်သည်။

Frozen Keyboard


https://play.google.com/store/apps/details?id=ninja.thiha.frozenkeyboard2&hl=en

Unicode ရော Zawgyi ရောလက်ကွက်နှစ်မျိုးလုံးပါဝင်တဲ့ Keyboard အမျိုးအစားဖြစ်ပါတယ်။Andriod version 4.0 နှင့်အထက်ဖုန်းတွေမှာအသုံးပြုလို့ရပါတယ်။Unicode အဖြစ်ရိုက်မည်ဆိုပါက Zawgyi-Uni or Myanmar3 layout အတိုင်းစာရိုက်နိုင်မည်ဖြစ်ပါသည်။

Bo Bo Keyboard_2.1


https://my.pcloud.com/publink/show?code=XZlNPUZkf6hRzsTjEX9yY4q2Ia7w45dassX

ယူနီကုဒ်နဲ့ရိုက်ပြီးဇော်ဂျီနဲ့ပို့ချင်ပို့လို့ရသလိုဇော်ဂျီနဲ့ရိုက်ပြီးယူနီကုဒ်နဲ့ပို့ချင်လည်းပို့လို့ရတဲ့ Keyboard ဖြစ်ပါတယ်။update version မှာအခက်အခဲတစ်ချို့ရှိနေလို့ version ၂.၁ ကိုတင်ပေးထားပါတယ်။Andriod version အားလုံးမှာအသုံးပြုနိုင်ပါတယ်။

Google Handwriting Input


https://play.google.com/store/apps/details?id=com.google.android.apps.handwriting.ime

Unicode တစ်မျိုးတည်းကိုသာရေးနိုင်တဲ့ keyboard ဖြစ်ပါတယ်။ဖုန်းပေါ်မှာတင်လက်ဖြင့်စာလုံးများကိုရေးသားနိုင်ပါတယ်။Andriod version 4.0.3 နှင့်အထက်ဖုန်းတွေမှာအသုံးပြုလို့ရပါတယ်။

Credit: UTS Myanmar (Unicode Technical Support Myanmar)

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2