MIUI ရဲ့ Remote Assistant ကို အသုံးပြုခြင်း



သူ့နာမည်ကိုက Remote assistant လို့ ဆိုထားတဲ့အတွက်ကြောင့် သင့်မိသားစုထဲမှာပဲဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေထဲမှာဖြစ်ဖြစ် MIUI နဲ့ပက်သက်ပြီး အကူအညီလိုအပ်လာခဲ့ရင် သင်က အဝေးကနေ လှမ်းပြီး ကူညီပေးနိုင်မယ့် China Rom မှာ ပါတဲ့ အက်ပ်လေးတစ်ခုပါ။ ကျွန်တော်တို့ မိတ်ဆွေတွေထဲမှာ ဖုန်းကို ပုံမှန်လေး Facebook အသုံးပြုရုံ၊ စာဖတ်ရုံ၊ ဖုန်းဆက်ရုံလေးပဲ အသုံးပြုတတ်တဲ့သူတွေ ရှိတတ်ကြပါတယ်။ သူတို့ဟာ ဖုန်းနဲ့ပက်သက်ပြီး ကလိတာ ဘာညာတွေကို မသိကြပါဘူး။ တစ်ခါတစ်လေ သူတို့ဖုန်းမှာ ကြုံလာရတဲ့ ပြဿနာတစ်ခုခုကို သူတို့ကိုယ်တိုင် မဖြေရှင်းနိုင် ဖြစ်တတ်ကြပါတယ်။ အဲ့လိုအချိန်မျိုးမှာ ကျွန်တော်တို့ဟာ အဝေးကနေပဲ လှမ်းပြီး‌ သူတို့ဖုန်းမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ပါပြီ။ အဲ့လိုလုပ်ပေးနိုင်ဖို့အတွက်လည်း အခြားအက်ပ်တွေကို သပ်သပ်ထပ်ပြီး ဒေါင်းလုဒ်လုပ်စရာ မလိုပါဘူး။

ကဲ ..... ကြည့်လိုက်ကြရအောင်ပါ။

အက်ပ်အိုင်ကွန်ကို နှိပ်လိုက်ရင် အောက်မှာပြထားတဲ့ပုံထဲကလို သင်က အကူအညီလိုချင်တာလား၊ သင်က သူများကို ကူညီပေးမှာလားဆိုပြီး မေးတာကို တွေ့ရပါလိမ့်မယ်။ သင် ဘာကိုပဲနှိပ်လိုက်နှိပ်လိုက်၊ တစ်ခုခုကို နှိပ်လိုက်တာနဲ့ သင့်ဖုန်းနံပါတ်ထည့်ပေးဖို့ တောင်းပါလိမ့်မယ်။ တစ်ခုသတိပြုရမှာက ဒီအက်ပ်ကို အသုံးပြုသူနှစ်ဦးစလုံးဟာ MIUI အသုံးပြုနေတာဖြစ်ရပါမယ်။ မဟုတ်လို့ရှိရင် ဘာမှရှေ့ဆက်လို့ မရပါဘူး။




အခြားသူတစ်ဦးအား အကူအညီတောင်းခြင်း (Seek Help)

တကယ်လို့ သင်ဟာ အကူအညီလိုအပ်တဲ့သူဆိုရင် အရင်ဆုံး သင့်ဖုန်းနံပါတ်ဖြည့်ပါ။ တစ်ဖက်က သင့်ကိုကူညီပေးမယ့်သူကိုလည်း Remote assistant app ဖွင့်ပြီး သင့်အချငယက်အလက်တွေကို ဖြည့်ခိုင်းပါ၊ ပြီးရင် OK နှိပ်ခိုင်းလိုက်ပါ။ ဒါဆိုရင် သင့်ကို ကူညီပေးမယ့်သူတွေလည်း သင့်ဖုန်းကို အဝေးကနေ လှမ်းပြီး ထိန်းချုပ်နိုင်ခွင့်၊ အသုံးပြုနိုင်ခွင့် ရသွားပြီး သင့်ဖုန်းပေါ်က ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ပါလိမ့်မယ်။


အခြားသူတစ်ဦးအား အကူအညီပေးခြင်း (Offer Help)

တကယ်လို့ သင်ဟာ သူများကို အကူအညီပေးရမယ့်သူဆိုရင် အပေါ်ကပုံစံတွေအတိုင်း လိုက်ပါလုပ်ဆောင်ရုံနဲ့ သင်လည်း သူများစက်ကို အသုံးပြုခွင့်ရပြီး ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။



Original Thread
👇👇👇👇👇

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2