အပြင်က App တွေ ထပ်သွင်းစရာမလိုတော့တဲ့ MIUI 8 မှာပါဝင်ပြီးသားလုပ်ဆောင်ချက်များ

1. Currency Converter (ငွေလဲလှယ်နှုန်းတွက်ချက်ခြင်း)


MIUI 8 မှာ ပါဝင်လာတဲ့ MIUI Calculator ဗားရှင်းအသစ်မှာဆိုရင် နိုင်ငံတကာငွေလဲလှယ်နှုန်း‌တွေကို တွက်ချက်ပေးနိုင်တဲ့ လုပ်ဆောင်ချက်ပါဝင်ပါတယ်။ တစ်ကြိမ်တည်းမှာ နိုင်ငံသုံးခုရဲ့ ငွေလဲလှယ်မှုနှုန်းထားတွေကို တစ်ပြိုင်တည်း တွက်နိုင်၊ ကြည့်နိုင်ပါတယ်။ ဒါကြောင့် ငွေလဲလှယ်မှုနှုန်းထားတွေ သိရဖို့အတွက် အပြင်က အက်ပ်သီးသန့် သပ်သပ်ထပ်ထည့်စရာ မလိုတော့ပါဘူး။

2. Image Editor (ဓါတ်ပုံများကို အသေးစားပြုပြင်ခြင်း)


MIUI 8 မှာဆိုရင် Gallery ထဲမှာရှိတဲ့ ဓါတ်ပုံတွေကို အသေးစားပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက် နောက်ထပ်လုပ်ဆောင်ချက်အသစ်လေး‌တွေ ပါလာပါတယ်။ ဒါကြောင့် အသေးစားဓါတ်ပုံပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ဖို့ (ဥပမာ - Effect တွေထည့်တာ၊ ဓါတ်ပုံပေါ်မှာစာရေးတာ၊ ဓာတ်ပုံပေါ်မှာ ရုပ်ပြောင်လေးတွေ ထည့်တာ၊ ခဲတံလေးနဲ့ လျှောက်ခြစ်တာလေးတွေအတွက်) အပြင်က အက်ပ်သီးသန့် ထပ်သွင်းစရာ မလိုတော့ပါဘူး။

3. Video Editor (ဗီဒီယိုတွေကို အသေးစားတည်းဖြတ်ခြင်း)


MIUI 8 မှာ ဗီဒီယိုတွေကို အသေးစားပြင်ဆင်တည်းဖြတ်မှုတွေ လုပ်ဖို့ အပြင်‌ကနေ ‌အက်ပ်သီးသန့်ထပ်ထည့်စရာ မလိုတော့တာကို သတိထားမိပါသလား။ ဗီဒီယိုထဲကို Effect လေးတွေ ထည့်တာ၊ မိမိစိတ်ကြိုက် နောက်ခံသီချင်းလေးတွေ ထည့်တာ၊ ကိုယ်လိုချင်တဲ့အပိုင်းလေးပဲ ဖြတ်ထုတ်တာတွေကို MIUI 8 မှာ တစ်ပါတည်းပါဝင်လာတဲ့ Video editor ကိုသုံးပြီး လုပ်ဆောင်လို့ရနေပါပြီ။

4. Wallpaper (နောက်ခံပုံများ)


ဖုန်းရဲ့ Home screen နဲ့ Lock screen မှာထားတဲ့ နောက်ခံပုံလေးတွေကို မိမိစိတ်ကြိုက် ချိန်ညှိချင်ပါသလား။ MIUI 8 မှာပါဝင်တဲ့ Wallpaper Carousel ဆိုတဲ့အက်ပ်လေးက Home and Lock screen အတွက် မိမိစိတ်ကြိုက်နောက်ခံပုံလေးတွေကို နေ့စဉ်အလိုအလျောက် ပြောင်းလဲပြသပေးနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး မိမိစိတ်ကြိုက်နောက်ခံပုံလေးတွေကိုလည်း Theme> Wallpaper ထဲကနေ စိတ်ကြိုက်ရှာဖွေပြီး ဒေါင်းလုဒ်ရယူ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် နောက်ခံပုံလေးတွေအတွက် အပြင်ရင်းမြစ်တွေကနေ လိုက်လံရှာဖွေစရာ မလိုတော့ပါဘူး။

5. Cleaner


MIUI 8 မှာပါဝင်လာတဲ့ Security app ရဲ့ အဓိကလုပ်ဆောင်ချက်တွေထဲက တစ်ခုကတော့ Cleaner app ပဲ ဖြစ်ပါတယ်။ MIUI 8 မှာ ပါဝင်လာတဲ့ Cleaner app ဟာဆိုရင် Cache (အမှိုက်) တွေကိုပဲ ရှင်းပေးနိုင်တာ မဟုတ်ပါဘူး။ သူ့မှာပါတဲ့ Deep clean ဆိုတဲ့လုပ်ဆောင်ချက်လေးက ဖုန်းရဲ့သိုလှောင်မှုပမာဏ ပိုများလာစေဖို့ နှစ်ခုသုံးခုဖြစ်နေတဲ့ ပုံစံတူဓါတ်ပုံတွေ၊ အရွယ်အစားကြီးလွန်းတဲ့ ဖိုင်တွေနဲ့ သိပ်အသုံးမပြုတဲ့အက်ပ်တွေကိုပါ ထောက်လှမ်းရှာဖွေပေးပြီး ဖျက်လိုက ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူဟာ MIUI 8 အသုံးပြုနေသူတစ်ယောက်ဆိုရင်  အဲ့လိုလုပ်ဆောင်ချက်တွေ လုပ်ဖို့အတွက်  ဘာလို့များ  အခြား Third party apps တွေ ထပ်ရှာနေရဦးမှာလဲဗျာ။

6. Wireless File Transfer (Mobile to PC) (ဖုန်းထဲကဖိုင်တွေကို ကွန်ပျူတာဆီ ကြိုးမဲ့လွှဲပြောင်း‌ခြင်း)


MIUI မှာ ဖုန်းကနေ ကွန်ပျူတာဆီကို FTP ကနေတစ်ဆင့် ဖိုင်တွေလွှဲပြောက်းပေးနိုက်တယ်ဆိုတာ သိပြီးသားဖြစ်ပါလိမ့်မယ်။ ပြောရမယ်ဆိုရင် ဒီလုပ်ဆောင်ချက်ဟာ MIUI 5 ကတည်းက ပါလာခဲ့ပြီးသားလုပ်ဆောင်ချက်ဖြစ်ပြီး ခုချိန်ထိလည်း အသုံးဝင်နေဆဲပါပဲ။ MIUI သုံးနေရင်တော့ ဖုန်းကဖိုင်တွေကို ကွန်ပျူတာဆီ ကြိုးမဲ့ပို့‌ဖို့အတွက် အခြား Third party apps တွေ မလိုတော့ဘူးပေါ့။

7. File Transfer (Mobile to Mobile) (ဖုန်းအချင်းချင်း ဖိုင်များ ကြိုးမဲ့လွှဲပြောင်းခြင်း)


MIUI 8 မှာ ဖုန်းတစ်လုံးကနေ နောက်ဖုန်းတစ်လုံးဆီကို ဖိုင်တွေ ကူးပေးဖို့အတွက် Mi Drop လို့ခေါ်တဲ့လုပ်ဆောင်ချက် ပါဝင်ပါတယ်။ Mi Drop ရှိတဲ့ ဖုန်းအချင်းချင်း ဘယ်လိုဖိုင်မျိုးကိုမဆို လွှဲပြောင်းလက်ခံနိုင်ပါတယ်။ အဲ့လို Mi Drop အသုံးပြုဖို့အတွက်လည်း အင်တာနက်ချိတ်ဆက်မှု မလိုအပ်ပါဘူး။ ဖုန်းရဲ့ Hotspot ကိုပဲသုံးပြီး ကြိုးမဲ့လွှဲပြောင်းပေးတာပါ။ ဒါကြောင့် Mi Drop ရှိတဲပ ဖုန်းအချင်းချင်းဆိုရင် Zapya, Xender လို အက်ပ်တွေ မလိုတော့ဘူးပေါ့နော်။

8. Backup tool (အရံသိမ်းဆည်းခြင်း)


Rom အချိန်းအပြောင်း လုပ်ချင်တဲ့အချိန်မှာ ဖုန်းထဲမှာရှိတဲ့ Data တွေ၊ အက်ပ်တွေ၊ မီဒီယာဖိုင်တွေကို Backup လုပ်ဖို့အတွက် MIUI မှာ အသင့်ပါပြီးသားပါ။ တကယ်လို့ ဒေတာတွေကို အခြားဖုန်းအသစ်တစ်ခုထဲကို ပို့ချင်တယ် ဆိုရင်လည်း Mi Mover လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။ အခြားအပြင်ကအက်ပ်တွေ လိုက်ရှာပြီး သုံးစရာမလိုပါဘူး။ 

9. Virus scanner


MIUI V5 မှာကတည်းက Security app ထဲမှာ Virus scanner လုပ်ဆောင်ချက်က ပါဝင်ပြီးသား ဖြစ်ပါတယ်။ အချို့ကတော့ MIUI မှာပါတဲ့ Virus scanner ဟာ အသုံးအဝင်ဆုံး အက်ပ်တစ်ခုတော့ မဟုတ်ပါဘူးလို့ ပြောကြပေမယ့် Rom မှာပါလာတဲ့ Native app ကသာ အမြဲတမ်း အကောင်းဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Native app ဆိုတာ သူမှီခိုရတဲ့ Rom နဲ့ အကိုက်ညီဆုံးဖြစ်အောင် ရေးထားတာဖြစ်လို့ Rom အကြောင်းကို နားလည်မှုအရှိဆုံးအက်ပ်ပါပဲ။

10. Data Usage Monitoring (မိုဘိုင်းဒေတာအသုံးပြုမှုကို စောင့်ကြည့်နိုင်ခြင်း)


စာဖတ်သူဟာ ဒေတာကို ပက်ကေ့ခ်ျနဲ့ဝယ်သုံးနေရတဲ့သူတစ်ယာက်ဖြစ်ပြီးတော့ ဒေတာအသုံးပြုမှုကို စောင့်ကြည့်ထိန်းချုပ်ချင်ပါသလား။ MIUI 8 မှာ အဲ့ဒီလုပ်ဆောင်ချက်ကို Security app ထဲမှာ ထည့်ပေးထားပြီးသားပါ။ Data Usage Stat လို့ခေါ်ပါတယ်။

11. Auto Power Off & On (ဖုန်းကို အလိုအလျောက် ပိတ်/ဖွင့်ရန်  အချိန်သတ်မှတ်ပေးနိုင်ခြင်း)


ဖုန်းကို ကိုယ်သတ်မှတ်ထားတဲ့ အချိန်မှာပိတ်ပြီး သတ်မှတ်ထားတဲ့အချိန်မှာ အလိုအလျောက် ပြန်ပွင့်လာစေချင်ပါလား။ MIUI 8 မှာ အဲ့ဒီလုပ်ဆောင်ချက် ပါပြီးသားပါ။ Security App> Battery> Battery Saver ကိုဝင်ပြီး သတ်မှတ်ပေးနိုင်ပါတယ်။ တကယ်တော့ ဒီလုပ်ဆောင်ချက်က အရင်မီယူအိုင်ဗားရှင်းတွေမှာကတည်းက ပါလာခဲ့ပြီးသား လုပ်ဆောင်ချက်တစ်ခုပါ။ 

12. Timed Messaging (မက်ဆေ့ခ်ျကို အချိန်တစ်ခုသတ်မှတ်ပြီး ပေးပို့နိုင်ခြင်း)


MIUI မှာပါလာတဲ့ Messaging app မှာ မက်ဆေ့ခ်ျတွေကို ကိုယ်လိုခကိုယ်လိုချငအချိန်တစ်ခုသတ်မှတ်ထားပြီသတ်မှတ်ချိန်ရောက်မှ ပို့ပေးအောင် လုပ်လို့ရတဲ့ လုပ်ဆောက်ချက်ပါလာတာကို သတိထားမိပါသလား။  ဒီလိုလုပ်ဆောင်ချက်က ကျွန်တော့်လို မေ့တတ်တဲ့သူမျိုးအတွက် အရမ်းအသုံးဝင်တဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး စာဖတ်သူတို့အတွက်လည်း အသုံးဝင်စေနိုင်မှာပါ။

13. Blocklist (ကိုယ့်ကို နှောက်ယှက်နေတဲ့ ဖုန်းနံပါတ်တွေကို ပိတ်ဆို့ထားနိုင်ခြင်း)


တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အနှောက်အယှက်ပေးနေတယ်၊ သူ့ဆီက ဖုန်းတွေ မက်ဆေ့ခ်ျတွေကို ပိတ်ထားချင်တယ်ဆိုပါစို့။ သူ့နံပါတ်ကို Blocklist ထဲထည့်ထားလိုက်ရုံပါပဲ။ သူ့ဆီက ဘယ်လိုခေါ်ဆိုမှုမှ၊ ဘာမက်ဆေ့ခ်ျမှ သင်တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။ ဒီလုပ်ဆောင်ချက်လေးကလည်း Security app ထဲမှာပဲ ရှိပါတယ်။

14. Cloud Storage


MIUI မှာ Mi Cloud လို့ခေါ်တဲ့ ကိုယ်ပိုင် Cloud storage တစ်ခု ရှိပါတယ်။ Mi Cloud ဟာ ကျွန်တော်တို့ရဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်ကိုသာ သိမ်းဆည်းပေးနိုင်တာ မဟုတ်ဘဲ ဖုန်းထဲမှာမှတ်ထားတဲ့ ဖုန်းနံပါတ်တွေ၊ Blocklist တွေ၊ မက်ဆေ့ခ်ျတွေ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေ၊ Notes ထဲမှာ မှတ်ထားတဲ့မှတ်စုတွေ၊ ကိုယ်အသုံးပြုခဲ့ဖူးတဲ့ ဝိုင်ဖိုင်တွေကိုပါ သိမ်းဆည်းပေးနိုင်ပါတယ်။ ဒါဟာ MIUI ROM တွေရဲ့ အကောင်းဆုံးလုပ်ဆောင်ချက်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

15. Scanner


Scanner app ဟာဆိုရင် ကြည့်တော့သာ ဘာမှမဟုတ်သလိုပါပဲ။ ဒါပေမယ့် MIUI ရဲ့နေရာတော်တော်များများမှာ သူပါတာကို တွေ့ကြရမှာပါ။ ကင်မရာထဲမှာရော၊ MIUI 8 Search bar မှာရော၊ ဘရောက်ဇာထဲမှာရော Scanner app ရဲ့လုပ်ဆောင်ချက်တွေ ပါဝင်နေပါတယ်။ QR code နဲ့ Barcodes တွေကိုလည်း Scan ဖတ်နိုင်ပါ‌သေးတယ်။

အနှစ်ချုပ်ပြောရမယ်ဆိုရင် MIUI 8 မှာ ကျွန်တော်တို့ နေ့စဉ်အသုံးများတဲ့ လုပ်ဆောင်ချက်တော်တော်များများကို အပြင်ကဆော့ဖ်ဝဲတွေ ထပ်ပြီးသွင်းစရာမလိုအောင် ပြည့်ပြည့်စုံစုံ ပါဝင်ပြီးသားပါ။ ကျွန်တော်ကတော့ MIUI ကိုအကြိုက်ဆုံးပါပဲဗျာ။

Original Thread
👇👇👇👇👇

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2