MIUI 8 Android 6.0 နဲ့ 7.0 တင်ထားတဲ့ China rom များအတွက် Google apps များ အလွယ်ဆုံးထည့်သွင်းနည်း



မင်္ဂလာပါ ...
MIUI China Rom အတွက် ဂူဂဲလ်ဆော့ဝဲတွေ သွင်းဖို့ အလွယ်ကူဆုံးနည်းလမ်းကို ပြောပြပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့  ဖိုရမ်ထဲမှာ China rom အသုံးပြုသူတော်တော်များများဟာ  ဂူဂဲဆော့ဝဲတွေနဲ့ပက်သက်ပြီး အခက်ကြုံနေကြတာကို တွေ့နေရလို့ပါ။

ဂူဂဲဆော့ဝဲတွေသွင်းဖို့ဆိုရင် ပထမဆုံး ဒေါင်းလုဒ်လုပ်ဖို့ လိုပါလိမ့်မယ်😁😁😁

Gapps များ ဒေါင်းလုဒ်ရယူရန်
👇👇👇👇👇

ဒါက အပေါ်ကလင့်ခ်ကဟာကို ဒေါင်းပြီး ဖြည်ထုတ်လို့မရခဲ့ရင် ဒီအောက်ကလင့်ခ်ကဟာကို ဒေါင်းပြီး ဖြည်ထုတ်ဖို့ပါ။
👇👇👇👇👇

ထည့်သွင်းရန်အဆင့်များ-
၁။ အပေါ်မှာ ဒေါင်းလုဒ်လုပ်ထားတဲ့ Gapps zip ဖိုင်ကို ဖြည်ထုတ်လိုက်ပါ။
၂. ဖြည်လို့ရလာတဲ့ဖိုင်တွေကို Copy ကူးပြီး Internal storage> MIUI Folder ထဲကို ဝင်ပါ။

၃. backup နာမည်နဲ့ဖိုဒါထဲကို ဝင်ပါ။ (မရှိရင် ကိုယ့်ဘာသာကိုယ် အသစ်လုပ်လို့လည်း ရပါတယ်။)

၄. AllBackup နာမည်နဲ့ဖိုဒါထဲကို ထပ်ဝင်ပါ။ (မရှိရင် ကိုယ့်ဘာသာကိုယ် အသစ်လုပ်လို့လည်း ရပါတယ်။)

၅. စောစောက ကူးလာတဲ့ဖိုင်တွေကို ကူးထည့်ပါ။ (Paste ကိုနှိပ်ပါ)

၆. ပြီးရင် Settings> Additional settings ထဲဝင်ပါ။

၇. Backup & Reset ထဲဝင်ပါ။

၈. Local backup ကို ရွေးပေးပါ။

၉. အဲ့ဒီအချိန်မှာ စောစောကကူးထည့်ခဲ့တဲ့ backup ဖိုင်ကို တွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။

၁၀. Restore ကိုနှိပ်လိုက်ပါ။ ပြီးတဲ့အထိ စောင့်ပါ။

၁၁. ပြီးသွားရင် စက်ကို Restart လုပ်လိုက်ပါ။ ပြန်တက်လာရင် Play store ကိုဖွင့်လိုက်ပါ။ သူ အချက်အလက်တွေစစ်တဲ့အချိန် Checking info ကို ခဏစောင့်ပေးပါ။
၁၂. ပြီးရင် သင့် ဂူဂဲလ်အကောင့်ဖြည့်ပေးပါ။
၁၃. ပြီးပါပြီ....China rom မှာ ဂူဂဲလ်ဆော့ဝဲကို အောင်အောင်မြင်မြင် ထည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။

အဆင်ပြေကြပါစေ။

MIUI 8 Android 6.0 တင်ထားတဲ့ Redmi 4X နဲ့ MIUI 8 Android 7.0 တင်ထားတဲ့ Mi5 မှာ စမ်းသပ်အောင်မြင်ပြီးသား ဖြစ်ပါတယ်ခင်‌ဗျ။ 

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2