MIUI တွင် Built-in ပါဝင်လာသော Mi Screen Recorder ကို အသုံးပြုခြင်း



MIUI ကို အသုံးပြုနေကြတဲ့ သုံးစွဲသူတွေရဲ့ တောင်းဆိုမှုအများဆုံးလုပ်ဆောင်ချက်တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Screen Recorder (မျက်နှာပြင်မှတ်တမ်းတင်ခြင်း) လုပ်ဆောင်ချက်ဟာဆိုရင် နောက်ဆုံးမှာတော့ MIUI 8 မှာ ပါဝင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ပလေးစတိုးမှာ အလွယ်တကူရရှိနိုင်တဲ့ မျက်နှာပြင်မှတ်တမ်းတင်ဆော့ဝဲတွေဟာ ၎င်းတို့ရဲ့စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးပြုနိုင်ဖို့အတွက် အထူးအသုံးပြုသူခွင့်ပြုချက် (Root access) လိုတတ်ပါတယ်။ အဲ့ဒီလိုတတိယပါတီအက်ပ်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် MIUI 8 မှာပါဝင်လာတဲ့ မျက်နှာပြင်မှတ်တမ်းတင်အက်ပ်ဟာ အထူးအသုံးပြုသူခွင့်ပြုချက်ရှိနေဖို့ လုံးဝမလိုပါဘူး။ လက်ရှိအချိန်မှာတော့ စမ်းသပ်အဆင့်မှာပဲ ရှိနေသေးတာဖြစ်လို့ MIUI စမ်းသပ်ဗားရှင်းတွေမှာပဲ သုံးလို့ရနိုင်ဦးမှာ ဖြစ်ပြီး နောက်ထပ် အဆင့်မြှင့်တင်မှုတွေ ပြီးသွားရင်တော့ တည်ငြိမ်ဗားရှင်းတွေမှာပါ အသုံးပြုနိုင်တော့မှာပဲ ဖြစ်ပါတယ်။ 

ဖုန်းမျက်နှာပြင်ကို မှတ်တမ်းတင်နေတဲ့အချိန်မှာ မှတ်တမ်းတင်ခလုတ် (Record button) ကို မိမိအဆင်ပြေတဲ့နေရာသို့ ရွှေ့ပြောင်းထားနိုင်မှာဖြစ်ပြီး ၎င်းခလုတ်လေးဟာလည်း သင့်ရဲ့ အသုံးပြုနေမှုကို အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး။  ၎င်းခလုတ်လေးဟာ သင်မှတ်တမ်းရယူနေတဲ့အချိန်မှာ မှိန်နေမှာဖြစ်ပြီး ပြန်လည်ကြည့်ရှုတဲ့အချိန်မှာတော့  ၎င်းခလုတ်လေးကို လုံးဝတွေ့ရမှာမဟုတ်ပါဘူး။

မျက်နှာပြင်မှတ်တမ်းတင်တဲ့လုပ်ဆောင်ချက်ကို အသုံးပြုဖို့ နည်းလမ်းနှစ်ခု ထည့်ပေးထားပါတယ်။ 

ပထမနည်းလမ်းက လိုအပ်တဲ့အချိန် လျှင်မြန်စွာအသုံးပြုနိုင်အောင်လို့ အက်ပ်သင်္ကေတ (App icon) လေးကို အိမ်မျက်နှာပြင် (Home scrren) ပေါ်မှာရှိတဲ့ စနစ်အက်ပ်ဖိုင်တွဲ (System app folder) သို့ တူးလ်ဖိုင်တွဲ (Tools folder) ထဲကနေ နှိပ်ပြီး အသုံးပြုနိုင်ပါတယ်။

နောက်ထပ်နည်းလမ်းကတော့ ဆက်တင်များ> ထပ်ဆောင်ဆက်တင်များ> မျက်နှာပြင်အားမှတ်တမ်းတင် (Settings > Additional Settings > Screen Recorder) ထဲကိုဝင်ပြီး အသုံးပြုတာ ဖြစ်ပါတယ်။ မှတ်တမ်းတင်ခြင်းမလုပ်ခင်မှာလည်း သင့်စိတ်ကြိုက် ပြုပြင်တာတွေလုပ်လို့ရပါသေးတယ်။

သင့်စိတ်ကြိုက်ပြင်ဆင်နိုင်တာတွေကတော့ - 

- ရီဆိုလူရှင်း (resolution)၊ 
- ဗီဒီယိုအရည်အသွေး (visual clarity)၊ 
- ဖရိန်နှုန်း (frame rates)၊ 
- ထိနှိပ်မှုလက်ဟန်များ (visualization of touches)၊ 
- လမ်းညွှန်ခလုတ်များ မြင်အောင်ပြသခြင်း  (displaytion button touches) နှင့် 
- သင့်အသုံးပြုမယ့်ပုံစံပေါ်မူတည်ပြီး  ဖုန်းကို ဒေါင်လိုက် သို့ အလျားလိုက် အနေအထားနဲ့ မှတ်တမ်းတင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ သုံးစွဲသူရဲ့ အသုံးပြုမှုအနေအထားပေါ်မူတည်ပြီး အလိုအလျောက် မျက်နှာပြင်လှည့်လည်ခြင်းလုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ပလေးစတိုးပေါ်မှာရှိတဲ့ မျက်နှာပြင်မှတ်တမ်းတင်အက်ပ်တွေကို အသုံးပြုဖူးပါတယ်။ ဒါပေမယ့် အထူးအသုံးပြုသူခွင့်ပြုချက်ရှိထားဖို့ လိုအပ်တာရော၊ အခြားသောခွင့်ပြုချက်တွေကိုပါ ပေးနေရသေးတာကြောင့် သုံးရတာ စိတ်ကသိကအောက်ဖြစ်လို့ ပုံသေအက်ပ်တစ်ခုထားပြီး အသုံးမပြုခဲ့ပါဘူး။ ဒါကြောင့် အခုလို စနစ်ထဲမှာ တစ်ပါတည်းထည့်ပေးလိုက်တာဟာ အရမ်းအဆင်ပြေသွားခဲ့ပါတယ်။ သင်တို့ရော.... အဲ့လိုမျိုး စနစ်ထဲမှာ တစ်ပါတည်းပါလာတာမျိုးကို မကြိုက်ကြဘူးလားဗျ။ 

MIUI ချစ်သူများ MIUI rom ရဲ့ လုပ်ဆောင်ချက်လေးတွေကို သိရှိပြီး အကျိုးရှိရှိ အသုံးပြုနိုင်ကြပါစေ။

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2