MIUI ရဲ့ Calendar app ကို အသုံးပြုခြင်း



မင်္ဂလာပါ... Mi Fans များ ခင်ဗျား။

ဒီတစ်ခါမှာတော့ MIUI Rom မှာ ပါဝင်တဲ့ မိမိအတွက် အကောင်းဆုံးသော Events and birthday reminders တစ်ခုဖြစ်တဲ့ Calendar (ပြက္ခဒိန်) app လေးအကြောင်း ပြောပြပေးပါ့မယ်။

Calendar​ app အကြောင်းဆိုတာထက် Update မှာ ပါလာတဲ့ လုပ်ဆောင်ချက်အသစ်အကြောင်း‌ ပြောပြပေးမှာဆိုရင် ပိုမှန်ပါလိမ့်မယ်။

ဒီတစ်ခေါက် Update တော့ Calender app ထဲမှာ စံချိန်မှတ်တဲ့လုပ်ဆောင်ချက် (Countdown feature) ကို ထည့်သွင်းပေးခဲ့ပါတယ်။ ဥပမာဆိုပါစို့..... ကျွန်တော်တို့ လုပ်စရာရှိတဲ့အလုပ်တစ်ခုဟာ တစ်ပတ်လောက်လိုသေးတယ်ဆိုရင် အဲ့ဒီအလုပ်အတွက် သတ်မှတ်ထားတဲ့ရက်မတိုင်ခင် တစ်ရက်နှစ်ရက်အလိုလောက်ကို စံချိန်သတ်မှတ်ပေးထားလို့ ရတဲ့ လုပ်ဆောင်ချက်မျိုးပါ။ 


Contact ထဲမှာမှတ်ထားတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ မွေးနေ့တွေကို Calendar ဆီကို ဘယ်လိုပို့ပေးရမလဲ။
👇👇👇👇👇👇👇👇👇👇👇

Calendar app ထဲဝင်ပြီး ဖြစ်စဉ်တစ်ခု ဖန်တီးဖို့အတွက် ညာဘက်အောက်ခြေနားမှာရှိတဲ့ အပေါင်းခလုတ်လေးကို နှိပ်လိုက်ပါ။ ဖြစ်စဉ်နာမည်ပေးပြီး ရက်စွဲတစ်ခုခု သတ်မှတ်ပေးလိုက်ပါ။ ဒါမှမဟုတ်လည်း  'Import birthday from contacts' ကို နှိပ်လိုက်ပါ။ ပြီးရင် မွေးနေ့အတွက် အသိပေးစေချင်တဲ့သူရဲ့နာမည်ကို ရွေးပေးလိုက်ပါ။ ပြီးပါပြီ။



ဒါကြောင့် Calendar app ကိုသုံးပြီး ကျွန်တော်တို့ နေ့စဉ်လုပ်ငန်းဆောင်ရွက်တဲ့နေရာတွေမှာ အရေးကြီးတဲ့လုပ်ဆောင်စရာတွေကို အသိပေးစေ၊ အမှတ်ရစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်ရံ မိတ်ဆွေသူငယ်ချင်းတွေရဲ့ မွေးနေ့တွေ၊ အမှတ်ရစရာဖြစ်ရပ်ကလေးတွေကို ကျွန်တော်တို့ မေ့ချင်မေ့နေနိုင်ပါတယ်။ ဒါကြောင့် ဒီလုပ်ဆောင်ချက်လေးက ကိုယ့်ကို ဒါလေးတွေလုပ်ဖို့၊ သွားဖို့ရှိပါသေးလားဆိုပြီး သတိရစေပါတယ်။

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2