သင်းမ်ပြုလုပ်ရာတွင် Xml ဖိုင်ထဲမှာရှိသော အရောင်နှင့်ပက်သက်သော String များကို ရှာဖွေနည်း



မင်္ဂလာပါ .... Mi Fans များ ခင်ဗျား။

သင်းမ်တွေပြင်တဲ့နေရာမှာ ကျွန်တော်တို့ဟာ theme_values.xml ရယ်၊ png format နဲ့ ပုံတွေရယ်အပြင် .9.png format နဲ့ပါ ပြင်ကြရတာကို သိတဲ့သူတွေ သိကြမှာပါ။ ဒီ Guide လေးက သင်းမ်တွေပြင်တဲ့နေရာမှာ xml file ထဲမှာ အရောင်နဲ့ပက်သက်တဲ့ String value တွေကို ရှာဖို့ အနည်းငယ် အထောက်အကူပြုပေးနိုင်ပါလိမ့်မယ်။

လိုအပ်တာတွေကတော့:

1.Notepad++ ( on Google )
2. Apkeditor   ( on Google )

ဒီသင်ခန်းစာမှာတော့ နမူနာအနေနဲ့ file explorer module ကို ပြင်ဖို့အတွက် အစမ်းပြထားပါတယ်။

ကျွန်တော် File explorer ထဲမှာပါတဲ့ Search text ဆိုတဲ့ စာသားကို ပြောင်းပြပါ့မယ်။


Apk editor ကို ဖွင့်ပါ။

Full Edit ကို ရွေးပြီး နှိပ်ပါ။

Search ဆိုတဲ့ String ကို ရှာပါ။

theme_values.xml ကို ဖွင့်ပြီး အောက်မှာပြထားတဲ့စာသားကို  ရေးထည့်ကြည့်ပါ။ (မိမိရေးချင်တဲ့စာသားကို ရေးထည့်လို့လည်း ရပါတယ်။)

နောက်ဆုံးအဆင့်: သင်းမ်ကို Apply လုပ်ကြည့်လိုက်ပါ။ အောက်ကပုံလေးထဲမှာ ပြထားတဲ့အတိုင်း File explorer ထဲက Search ဆိုတဲ့စာသားနေရာမှာ သင်အစားထိုးလိုက်တဲ့စာသားကို ပြောင်းလဲပြသပေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဘယ်လို string/color/drawable ကိုပဲ ဖြစ်ဖြစ် ဒီသင်ခန်းစာထဲကအတိုင်း  မိမိအလိုရှိသလို ဉာဏ်ကွန့်မြူးချင်သလို ပြောင်းလဲပြုပြင်လို့ ရပါတယ်။

Original Thread
👇👇👇👇👇

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2