ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)



မင်္ဂလာပါခင်‌ဗျာ။

အခုတင်ပေးမှာက နှစ်မျိုးမြင် Hybrid font လေးတစ်ခုဖြစ်တဲ့ ZawDecode font လေးပါ။ ဗားရှင်းကတော့ ၂.၀ ဖြစ်ပါတယ်။ ဇော်ဒီကုဒ်ဖောင့်ဟာ ပြည်ထောင်စုဖောင့်ရဲ့ ဒီဇိုင်းကို အခြေခံပြီး ရေးထားတာဖြစ်တဲ့အတွက် ဖောင့်က အနည်းငယ်ပါးပါတယ်။ အားသာချက်အနေနဲ့ကတော့ ယူနီကုဒ်နဲ့ရေးထားတဲ့စာတွေကို ၉၉ ရာခိုင်နှုန်း၊ ဇော်ဂျီနဲ့ရေးထားတဲ့စာတွေကို ၈၅ ရာခိုင်နှုန်းလောက်အထိ မှန်မှန်ကန်ကန် ဖော်ပြပေးနိုင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ဇော်ဒီကုဒ်ဖောင့်ကို အသုံးပြုတဲ့အချိန်မှာ စာရိုက်တဲ့နေရာမှာတော့ ယူနီကုဒ်လက်ကွက်ကိုပဲ အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်‌ အောက်မှာ ttf ဖိုင်အနေနဲ့ရော၊ Mtz ဖိုင်အနေနဲ့ပါ နှစ်မျိုးစလုံးနဲ့ တင်ပေးထားပါတယ်။ အသုံးပြုချင်ရင် ဒေါင်းလုဒ်ရယူပြီး အသုံးပြုနိုင်ပါပြီ။ မူရင်းဖောင့်ရေးသားသူကတော့ ကိုဆန်းထွန်းပါ။

ဇော်ဒီကုဒ်ဖောင့်အား ဒေါင်းလုဒ်ရယူရန်

.ttf ဖိုင်ဖြင့်
👇👇👇👇👇

.mtz ဖိုင်ဖြင့်
👇👇👇👇👇





Comments

  1. zfontနဲ့ zawdecode ttf ကိုသွင်းထားပါတယ်. လက်ကွက်က ဇော်ဂျီလက်ကွက်ဖြစ်နေတုန်းပဲ Bagan,Gboard,Frozen အားလုံး. ပါတ်ဆင့်ရိုက်တဲ့ဟာလေးလဲ တစ်ခုမှမပါဘူး.....

    ReplyDelete
  2. Android version 10 MIUI12အတွက် zfontကိုသုံးလို့ရအောင်လုပ်ပေးပါအုံး
    Defaultကိုပဲပြန်ပြန်ပြောင်းနေလို့ပါ

    ReplyDelete

Post a Comment

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2