MIUI 10 Global Beta ROM ကို အသုံးပြုနိုင်မယ့်စက်များနှင့် ထွက်ရှိမည့်အချိန်စာရင်း


အချိန်အတော်ကြာ စောင့်ခဲ့ရပြီးတဲ့နောက်မှာတော့ မကြာခင်မှာပဲ MIUI 10 ဟာ အသုံးပြုသူတွေလက်ထဲကို ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားနေပြီလား။ MIUI 10 ထွက်ရှိမယ့်ရက်စွဲနဲ့ ဘယ်စက်တွေမှာ အသုံးပြုလို့ရမယ်ဆိုတာကို သိချင်နေကြပြီလား။

MIUI 10 Global Beta ROM ကို စမ်းသပ်အသုံးပြုသူတွေဆီကို ဇွန်လလယ်ကစပြီး ဖြေးဖြေချင်းစီ ထုတ်ပေးသွားမှာဖြစ်ပြီး အသုံးပြုခွင့်ရမယ့် စက်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

Mi MIX 2, Mi 6, Mi 5s Plus, Mi 5s, Mi 5, Mi 4, Mi 3, Mi Note 2, Mi Max 2, Mi Max, Redmi Note 5 India, Redmi Note 5 Pro, Redmi Note 5A, Redmi Note 5A Prime, Redmi Note 4 MTK, Redmi Note 4X, Redmi Note 3 Qualcomm, Redmi 5, Redmi 5A, Redmi 4, Redmi 4A, Redmi 3S, Redmi Y2, Redmi Y1 Lite, Redmi Y1.

အသုံးပြုလို့ရမယ့် Device စာရင်းနဲ့ ထွက်ရှိလာမယ့်ရက်စွဲက‌တော့ အနည်းငယ်အပြောင်းအလဲရှိနိုင်တဲ့အတွက်ကြောင့် အချိန်နဲ့တစ်ပြေးညီ ကျွန်တော်တို့ဘက်က Update လုပ်ပေးသွားပါ့မယ်။

မှတ်ချက်
၁။ ROM မတင်ခင်မှာ အရေးကြီးတဲ့ဒေတာတွေကို backup လုပ်ထားပါ။
၂။ Global ROM စမ်းသပ်အသုံးပြုသူတွေ (Beta Team Members) နဲ့ Moderator တွေအနေနဲ့ MIUI 10 Global Beta ROM ကို အသုံးပြုခွင့်ရမယ့်သူတွေစာရင်းထဲမှာ ပါဝင်ပြီးသားဖြစ်ပါတယ်။
၃။ ROM ဟာ ချို့ယွင်းချက်နဲ့အမှားအယွင်းတွေအားလုံး ကင်းစင်သေးတာမဟုတ်တဲ့အတွက်ကြောင့် အသုံးပြုနေစဉ် ချို့ယွင်းချက်တစ်စုံတစ်ရာ ကြုံတွေ့ပါက ဖိုရမ်ထဲက Bug တွေကို Report လုပ်လို့ရတဲ့ Subforum ထဲမှာ သတင်းပို့တင်ပြပါ။

Comments

  1. mi 5xကတင္မရဘူးလားခင္ဗ်

    ReplyDelete

Post a Comment

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2