MIUI 10 Public Global Beta ROM ထွက်ရှိမယ့်ခန့်မှန်းအချိန်စာရင်း ထွက်ရှိလာ

MIUI 10 အပ်ဒိတ်ကို Mi Fan တွေအားလုံး စောင့်မျှော်နေကြတာကို သိပြီးသားပါ။ ကျွန်တော်တို့ဘက်ကလည်း MIUI 10 ကို  Public Beta ROM အနေနဲ့ ထွက်ပေးဖို့ရက်က နီးကပ်လာနေပြီဆိုတာကို ဝမ်းမြောက်ဝမ်းသာနဲ့ပဲ ပြောပါရစေ။

Mi Fan တော်တော်များများကလည်း သက်ဆိုင်ရာစက်တွေအတွက် ထွက်ရှိမယ့်ရက်အတိအကျကို မေးနေကြတာတွေ့ရပါတယ်။ ကျွန်တော်တို့ဘက်ကလည်း MIUI ကို Develop လုပ်နေတဲ့အဖွဲ့သားတွေနဲ့ ဆက်သွယ်‌ပြောဆိုပြီးတဲ့အခါမှာတော့ MIUI 10 အတွက် Public Beta ROM ထွက်ရှိနိုင်မယ့်ရက်ကို  အောက်မှာပြထားတဲ့အတိုင်း အကြမ်းဖျဉ်းပြောပြပေးနိုင်သွားပါတယ်။ ဒါပေမယ့် တစ်ခုသတိပြုရမှာက အဲ့ဒီရက်တွေဟာ အနီးစပ်ဆုံးခန့်မှန်းတွက်ချက်ထားခြင်းသာဖြစ်တယ်ဆိုတာကိုပါ။ နောက်ဆုံးအတည်ပြုမယ့်ရက်ကိုတော့ Develop လုပ်နေတဲ့အခြေအနေပေါ်မူတည်ပြီးတော့ ချိန်ညှိသွားရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း သိတာနဲ့ ချက်ချင်းအပ်ဒိတ်လုပ်ပြီး တင်သွားပေးမှာပဲဖြစ်ပ့တယ်။

MIUI 10 Global Public Beta ROM Supported Devices:

(၁) ပထမအသုတ်မှာတော့ အောက်ပါစက်တွေ ပါဝင်မှာဖြစ်ပြီး ဇူလိုင်လအစောပိုင်း (ပထမအပတ်ထဲ)လောက်မှာ MIUI 10 Global Beta ROM အပ်ဒိတ်ကို ရရှိမှာဖြစ်ပါတယ်။

Mi 6, Mi MIX 2, Mi MIX 2S, Redmi S2, Redmi Note 5 Pro/Redmi Note 5, Mi 5, Mi Note 2, Mi MIX

(၂) ဒုတိယအသုတ်မှာတော့ အောက်ပါစက်တွေ ပါဝင်မှာဖြစ်ပြီး ဇူလိုင်လနောက်ပိုင်း (တတိယအပတ်နဲ့ စတုတ္ထအပတ်ထဲ)လောက်မှာ MIUI 10 Global Beta ROM အပ်ဒိတ်ကို ရရှိမှာဖြစ်ပါတယ်။

Redmi Note 4X/Redmi Note 4 Qualcomm, Mi 5s, Mi 5s Plus, Mi Max, Mi Max Prime, Mi Max 2, Redmi 4X, Redmi Note 5A, Redmi Note 5A Prime, Redmi 5, Redmi 4A, Redmi 5A, Redmi 5 Plus

(၃) တတိယအသုတ်မှာတော့ အောက်ပါစက်တွေ ပါဝင်မှာဖြစ်ပြီး ဩဂုတ်လအစောပိုင်း (ပထမအပတ်ထဲ)လောက်မှာ MIUI 10 Global Beta ROM အပ်ဒိတ်ကို ရရှိမှာဖြစ်ပါတယ်။

Mi 3/Mi 4, Redmi Note 3 Qualcomm, Redmi 3S/3X

ခန့်မှန်းရက်အပြောင်းအလဲရှိတာနဲ့ ရက်အတိအကျထွက်လာခဲ့လို့ရှိရင်လည်း အချိန်နဲ့တ‌စ်ပြေးညီ တင်ပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးပါဦးလို့ ပြောပါရစေ။


Original Thread Link


MYANMAR MI GROUP (UNICODE)

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2